ပြင်ဦးလွင်က အကွက်ရိုက်ရောင်းတဲ့မြေတွေ ဘယ်လိုဖြစ်လာမှာလဲ

Sdílet
Vložit
  • čas přidán 18. 08. 2020
  • သြဂုတ် - ၁၇၊ ၂၀၂၀
    တောင်ပေါ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မှာ မြေကွက်တွေအကွက်ရိုက်ရောင်းချ၊ အိမ်တွေဆောက်နေတာ တွေ ဟာ လယ်မြေနဲ့ သစ်တောမြေတွေပါ ပါနေတာ ဖြစ်လို့ နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။
    လယ်ယာမြေပေါ်မှာ အကွက်ရိုက်ရောင်းချနေတာတွေကို အချိန်မီတားဆီးဖို့ လိုအပ်ပြီး ဥပဒေနဲ့အညီစီမံဆောင်ရွက်မှုများလုပ်ဆောင်သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်ပြီး မန္တလေးတိုင်းလွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ ဖြစ်သူ ဦးတင်အောင်က အခုလိုပဲပြောပါတယ်။
    လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အိမ်ခြံမြေ Group တွေ Page တွေထဲကနေ လယ်ယာမြေတွေ အကွက်ရိုက်ပြီး စျေးအမျိုးမျိုးရောင်းချနေကြတာ ဖြစ်ပါတယ်။
    ပေ ၄၀ ပေ ၆၀ တစ်ကွက်ကို အနည်း ဆုံး သိန်း၂၀ ကနေ အများဆုံး သိန်း ၃၀၀ အထိရှိနိုင်ပြီး နေရာပေါ်မူတည်ပြီး စျေးကွာသွားတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။
    ဖေ့စ်ဘွတ်ခ်မှာ အများစုကြာ်ငြာရောင်းချနေတာက ပုံစံ - ၇၊ အခြားနည်းသုံးစွဲခွင့်၊ ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ ကျပြီးဖြစ်တယ်လို့ ကြော်ငြာတွေရောင်းချနေကြတာတွေ့ရပါတယ်။
    အဲဒီလိုရောင်းချနေမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းကအခုလိုပဲပြောပါတယ်။
    ဒါ့အပြင် ရွာမြေတိုးချဲ့မြေဝယ်ယူမှုနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကအခုလိုပဲပြောပြပါတယ်။
    မန္တလေးတိုင်းအတွင်းမှာ လယ်ယာမြေဧက ခြောက်သိန်းကျော်ရှိပြီး မြေလွတ်မြေရိုင်းကတော့ ဧကပေါင်း၂သိန်းကျော်ရှိပါတယ်။ လယ်မြေတွေပေါ်မှာ အကွက်ရိုက်တာ အဆောက်အအုံဆောက် တာတွေကြောင့် တားမြစ်တာ၊ အမှုဖွင့်အရေးယူတာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
    အများဆုံးကတော့ မန္တလေးခရိုင်အတွင်းနဲ့ ပြင်ဦးလွင်တို့မှာဖြစ်ပါတယ်။
    ဒါ့အပြင် သစ်တောမြေဧရိယာထဲမှာ ဝင်ရောက်ပြီး အကွက်ရိုက် အိမ်ဆောက်လုပ်မှုတွေရှိလို့ တားမြစ်ရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
    လယ်ယာမြေများကို ဧက လိုက်ဝယ်ယူပြီး အကွက်ရိုက်ရောင်းချ ရောင်းချရောင်းသူက ရောင်းပြီးတဲ့ နောက် အဆင့်ဆင့်လက်လွှဲရောင်းချပြီးမှ ဥပဒေကြောင်းအရ ရင်ဆိုင်နေကြတာလည်းရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့ထံကနေ စုံစမ်းသိရပါတယ်။
    အကွက်ရိုက်ရောင်းတာတွေများလာတာကြောင့် သစ်ပင်တွေခုတ်လှဲတာတွေရှိနေလို့ သဘာဝပတ်ဝန်ကျင်ထိခိုက်မှုများစွာရှိနေတယ်လို့ စိမ်းလန်းပြင်ဦးလွင်အဖွဲ့က အတွင်းရေးမှူး ဦးကိုကိုကြီးက အခုလိုပဲပြောပါတယ်။
    ရုပ်သံသတင်းထောက် - ဖြိုးဖြိုးဇော်
    Subscribe to our channel at bit.ly/2CVSP6d
    Check out our website: www.7daydaily.com/
    Connect with us at our social media handles:
    Facebook: / 7dayonlinetv
    Twitter: / 7day_tv

Komentáře • 10

  • @uhlaingoo9424
    @uhlaingoo9424 Před 4 měsíci +2

    အုပ်ကြီးတွေက အဓိက
    သူတို့မပါရင် လုပ်လို့ကိုမရတာ။

  • @sweswe4378
    @sweswe4378 Před rokem +1

    ရောင်းနေဝယ်နေကြဆဲပါ

  • @user-vh9gu1kv2n
    @user-vh9gu1kv2n Před 3 měsíci +1

    မင်တိုဥပဒေက .
    မင်တိုလူကြီးတွေလုပ်ချင်တိုင်
    လုပ်နေတာ

  • @uthantint2977
    @uthantint2977 Před 9 měsíci

    လွန်မှ ပျော်ပျော်ကြီး ဖျက်ကြပေါ့ဗျာ လုပ်နေကျဘဲဟာ စားကောင်းသောက်ကောင်းလေး

  • @htaysaung
    @htaysaung Před 9 měsíci

    ပြင်ဦးလွင်ကို..အချိန်မှိကယ်ပေးကြပါ..

  • @Yuki-ho7ji
    @Yuki-ho7ji Před 3 lety

    လယ်​ယာ ​မြေကို ၂၀၁၂. ...ဥပ​ဒေ .အရ. ​ရောင်းလို့ရတယ်
    အိမ်​​ဆောက်​ဖို့. ဆိုရင်​ .အခြားနည်းသုံး ပြန်​​လျှောက်​ရတယ်​ လ

    • @choyadana9
      @choyadana9 Před 2 lety

      သစ်တော မြေကို တော့ လယ်စိုက် အိမ်ဆောက် လို့ မရဘူးလေ၊ ဟုတ် တယ် ဟုတ်?

  • @htaysaung
    @htaysaung Před 9 měsíci

    မြန်မာနိုင်ငံရဲ့မြေစျေးအချောင်ဆုံးမြိုပျောပါဆိုရင်..ပြင်ဦးလွင်ကိုပြေးမြင်လိုက်ပါ..40*60..တကွက်ကို..15..သိန်း20တဲ့ဗျာ..တေ့တေ့ဆိုင်ဆိုရင်..အများကြီးဆစ်လို့ရသေးသည်ဟု..ကြားသိရ..

  • @engspwbee
    @engspwbee Před 9 měsíci

    ဝယ်သူကိုမစဥ်းစားကြဘူးလို.မပြောပါနဲ.ရှင်.ရောင်းသူတွေကရိုးသားရမယ်လေ.

  • @uthantint2977
    @uthantint2977 Před 2 lety

    ဒီမအေပေးတွေကိုဘာကြောင့်ဗန်းတင်နေပြန်တာလဲဟ-လွမ်းနေပြန်တာလား