ကမ္ဘာ့ လျှို့ဝှက် အိုအေစစ်လေး တစ်ခု | 𝗪𝗼𝗿𝗹𝗱'𝘀 𝗦𝗲𝗰𝗿𝗲𝘁 𝗢𝗮𝘀𝗶𝘀 | 𝗠𝗮𝗲 𝗦𝗼𝘁 - 𝗘𝗽 𝟬𝟮

Sdílet
Vložit
  • čas přidán 2. 05. 2024
  • အပူရှောင်လို့ရတဲ့ မဲဆောက်မြို့ရဲ့ နတ်ပြည်လေးတစ်ခု အကြောင်း
    ကျွန်တော်တို့ အရှေ့တောင်အာရှမှာ ဒီနှစ်နွေဟာ မခံမရပ်နိုင်အောင်ပူလွန်းတာမို့ အပူရှောင်ဖို့ အရေးဟာ အရှေ့တောင်အာရှသားတို့ မဖြစ်မနေစဉ်းစားကြရတဲ့ အချက်လည်း ဖြစ်ပါတယ်။
    ဒီအချိန်မှာ လျှပ်စစ်မီး မှန်မှန်မရတဲ့ နိုင်ငံတွေရှိသလို မီး ၂၄ နာရီ ရပေမဲ့ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ အတွက် ကြီးမြင့်တဲ့ မီတာခတွေကြောင့် မီးကို စိတ်ရှိသလို အဆင်ပြေပိုလျှံစွာ မသုံးစွဲနိုင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
    ဒီအချက်ကြောင့် သဘာဝအတိုင်း အပူရှောင်ခြင်းကို ရှာဖွေကြရပါတယ်။
    အခု video မှာ ဖော်ပြထားတဲ့ နေရာလေးကတော့ မဲဆောက်မြို့ရဲ့ အိုအေစစ် လေးဖြစ်ပါတယ်။ သူကတော့ ရေလှောင်တဲ့ ဆည်တစ်ခုကနေ ပိုလျှံတဲ့ ရေတွေကို လွှတ်ထုတ်ရာကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ရေတံခွန် စမ်းချောင်းလေး တစ်ခု ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ နေရာ တစ်ခုမဟုတ်ပေမဲ့ လွန်စွာ အေးမြပြီး အပမ်းလည်း အလွန်ပြေပါတယ်။
    သူ့ဆီသွားမယ်ဆိုရင် မဲဆောက်ဒေသခံတွေကို "ဆည်နားက ရေတံခွန်လေး" လို့ ပြောလိုက်ရင် လမ်းညွှန်နိုင်ကြလိမ့်မယ် ထင်ပါတယ်။
    ဘယ်လောက်သာယာကြောင်းကို video လေးထဲမှာ ဆက်လက်ကြည့်ရှုကြပါဦးနော်။
    #thailand
    #thai
    #streetfood
    #maesot
    - - - - -
    Please subscribe our channel -
    / @digitalhub-infotech
    Thank you !
  • Zábava

Komentáře •