ကျန်မာရေးမကောင်းတော့ အသက် ၈၈ နှစ်အရွယ် ခင်ပွန်းကို ပလုံကောက်ရင်း ရှာကျွေးနေသူ အဖွားအို

Sdílet
Vložit
  • čas přidán 6. 09. 2024
  • ဘဝမုန်တိုင်းထဲက ချစ်ဇာတ်လမ်း (သို့) ပလုံကောက်ရင်း အသက် ၈၈ နှစ် ခင်ပွန်းကို ရှာကျွေးနေသူ အဖွားအို
    ---------------------
    အဘိုး ဦးအုန်းမောင် ဟာ အသက် ၈၈ နှစ်အရွယ် ရှိလို့နေပါပြီ။ ကျန်းမာရေးကလည်း လုံးဝမကောင်းမွန်တော့ပါဘူး။ မျက်လုံးက တစ်ဖက်တည်းသာ အမြင်အာရုံကောင်းတော့သလို ဦးနှောက်ထဲ သွေးခဲပြီးတဲ့နောက် အလုပ်,လုပ်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ ဆရာဝန်တွေက ၆ ရက်လောက် အသက်ရှင်နိုင်တော့မယ်ဆိုတဲ့ကြားကနေ အဘိုး ဦးအုန်းမောင်က ကံကြမ္မာရဲ့အလိုတော်နဲ့ အသက်ရှင်ခွင့်ရခဲ့တာဟာ ၂ နှစ်တာနီးပါး ရှိလို့လာခဲ့ပါပြီ။ အဘိုး ဦးအုန်းမောင် ကျန်းမာရေးမကောင်းတော့ကတည်းက မိသားစုရဲ့စာဝတ်နေရေးကို ဇနီးသည်ဖြစ်တဲ့အဖွားအိုကပဲ တာဝန်ယူလိုက်ရပါတယ်။ အဖွားဟာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပေမယ့် အဘိုး ဦးအုန်းမောင်ကို ပလုံကောက်ပြီး ရှာဖွေပြုစုစောင့်ရှောက်လို့နေပါတယ်။ အခုလို ပူပြင်းလှတဲ့နေရောင်အောက်မှာ ပလုံထွက်ကောက်ရတာက အဖွားအတွက်လည်း မလွယ်လှပါဘူး။ အဘိုးနဲ့အဖွားတို့ကို တတ်နိုင်စွမ်းသမျှ စေတနာရှေ့ထားပြီး ကူညီစောင့်ရှောက်ပေးနေသူကတော့ ဒေါ်အေးသောင်း ဖြစ်ပါတယ်။ အဖွားဟာ မနက် ၁၀ နာရီလောက်ကတည်းက ပလုံကောက်ဖို့ ထွက်သွားပြီး ညနေ နေစောင်းမှပဲ အိမ်ကို ပြန်ရောက်လာတတ်လေ့ရှိသူပါ။ အဘိုး ဦးအုန်းမောင်ကလည်း ကျန်းမာရေး မကောင်းတဲ့ကြားကနေ အဖွားအို အိမ်ပြန်မရောက်မချင်း ထိုင်စောင့်နေတတ်လေ့ရှိပါတယ်။ ပူပြင်းတဲ့နေရောင်အောက်မှာ မိသားစုဝမ်းရေးအတွက် ပလုံထွက်ကောက်ရှာသူ ဇနီးသည်အဖွားအိုနဲ့ အဖွားအို အိမ်ပြန်အလာကို အမြဲမျှော်စောင့်နေသူ အသက် ၈၈ နှစ်အရွယ် အဘိုးအို ဦးအုန်းမောင်တို့ရဲ့ဘဝဖြတ်သန်းနေရမှုတွေကို Mercury Variety ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Komentáře •