သမိုင်းသစ် ရေးမယ့် မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ

Sdílet
Vložit
  • čas přidán 8. 06. 2024
  • သမိုင်းသစ် ရေးမယ့် မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ (ကမ္ဘာ့သတင်း၊ ကမ္ဘာ့မြင်ကွင်း)
    ဇွန် ၊ ၈
    ရွေးကောက်ပွဲ အနိုင်ရကြောင်း အတည်ပြုပြီး ပထမဆုံး မိန့်ခွန်းမှာ ကလော်ဒီယာ ရှိန်ဘွမ်က စကားတခွန်း ထည့်ပြောခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ အောင်မြင်မှုဟာ အမျိုးသမီး အားလုံးရဲ့ အောင်မြင်မှုလို့ သတ်မှတ်နိုင်တယ် ဆိုတာပါ။ တကယ်လည်း မက္ကဆီကို သမ္မတသစ် ဖြစ်လာတော့မယ့် ရှိန်ဘွမ်ဟာ အမျိုးသမီးတွေကိုယ်စား ထူးကဲတဲ့ သမိုင်းမှတ်တိုင်သစ် တခုကို စိုက်ထူပါလိမ့်မယ်။
    လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် ရပ်တည်လာနိုင်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် ကာလအတွင်း မက္ကဆီကိုဟာ ပထမဆုံး အမျိုးသမီး သမ္မတ တဦးကို လူထုဆန္ဒနဲ့ ရွေးကောက် တင်မြှောက်လိုက်တာလည်း ဖြစ်ပါတယ်။
    #မက္ကဆီကို #ပထမဆုံးအမျိုးသမီးသမ္မတ
    #DeltaNewsAgency #DNA

Komentáře • 1

  • @minminoo33
    @minminoo33 Před 15 dny

    ဘယ်သမ္မတပဲတက်တက်မူးရစ်ဂိုင်းကဆက်ရှိနေမှာပဲ