ရိုးလျှင်မိုက်ဆန်းလျှင်ခိုက် ရွှေဥဒေါင်း

Sdílet
Vložit
  • čas přidán 26. 08. 2024
  • ရိုးလျှင်မိုက်ဆန်းလျှင်ခိုက်
    ငွေတာရီမဂ္ဂဇင်း ၁၉၆၁ အောက်တိုဘာလ
    စာရေးသူ - ရွှေဥဒေါင်း
    စာဖတ်သူ - အိမ့်ထက်
    ကြာချိန် - ၄၁ မိနစ်
    စာမြည်း
    ပဲခူးမြို့ အထက် ပဲခူးချောင်းကမ်းတွင် ကျွန်ဖားအမည်ရှိ ရွာကလေးတရွာရှိ၏။ ထိုရွာ၌
    လူပျိုကြီး မောင်ရှုမောင်သည် မိခင်မုဆိုးမကြီးကိုလုပ်ကျွေးပြုစုလျက်ရှိရာအလွန်တရာရိုးသားခြင်း၊
    သူတပါးတို့၏ မှုခင်းကြီးငယ်တို့ကို ပျာပျာသလဲဆောင်ရွက် တတ်ခြင်း၊ စိတ်သဘောကောင်း
    ခြင်း စသော ဂုဏ် အခြင်း အရာတို့ကြောင့်ကလေးသူငယ် လူရွယ် လူလတ်မှစ၍ အဖိုးကြီး
    အမယ်ကြီးများတိုင်အောင် တရွာလုံးက မောင်ရင်မောင်အား ချစ်ခင်မြတ်နိုးကြ၏။ ဒုမင်္ဂလ
    သုမင်္ဂလ ကိစ္စများ၌ မောင်ရင်မောင်သည် သူတပါး၏ကိစ္စကို မိမိ၏ကိစ္စကဲ့သို့ ကိုယ်ဖိ ရင်ဖိ
    နှင့် ဖျတ်လတ်သွက်လက်စွာ ဆောင်ရွက်လေ့ရှိရကား လူတိုင်း၏ပါးစပ်မှ “မောင်ရင်မောင်၊ ကို
    ရင်မောင်” စသည်ဖြင့် တသ ခေါ်ဝေါ်လျက်သူမပါလျှင် ကိစ္စမပြီးနိုင်သလောက် ဖြစ်နေကြ
    လေ၏။ မောင်ရင်မောင်သည် သူတပါး၏ ကိစ္စကို ဆောင်ရွက်ပေးရာ၌ ဝါသနာအလျောက် ပြု
    လုပ်ပေးခြင်းဖြစ်သောကြောင့် အချို့သော သူတို့ကဲ့သို့ “အသားယူခြင်း”လည်းမရှိ၊မိမိအား ကျေး
    ဇူးတင်ထိုက်သည်ဟူ၍လည်း မမှတ်ယူချေ။ ထိုကြောင့်လည်း မောင်ရင်မောင်အားပိုမို၍ တရွာ
    လုံး ကျေးဇူးတင်ကြ၏။ ၎င်းအတွက် ဆိုလျှင်အနွမ်းပါးဆုံးသော အမယ်အိုသည်ပင် မိမိဆန်
    အိုး၌ ရှိသောဆန်ကို တဝက်ခွဲပေးရန် မည်သည့်အခါမဆို အသင့်ရှိမည်ဖြစ်လေသည်။
    [ယခု စာအုပ်များ ကို ကြော်ငြာ မပါဘဲ .mp3 နဲ့ လိုချင်ရင် အဖွဲဝင်ပြီး ရယူနိုင်ပါတယ်။]
    အဖွဲဝင်လိုပါက အခု link မှတစ်ဆင့် (သိုမဟုတ် ) facebook messenger မှတစ်ဆင့် စာပိုထားပေးပါ။
    ✅ link
    m.me/listenersh...
    (သို) viberlink
    invite.viber.c...

Komentáře • 2