နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ပဋ္ဌနာတော်ဖြင့်ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ (၁၁)ရက်နေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “သူတစ်ပါးသည်ကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း လွှတ်တော်မူပါ”
    And forgive us our debts, as we also have forgiven our debtors..
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ (၁၁) ရက်မြောက်နေ့
    ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း၊ ၅၁း၁-၇၇-၉
    “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။-” (၁ ယောဟန်၊ ၁း၉)
    သူတစ်ပါးကိုချည်နှောင်ခြင်းမှလည်းကောင်း၊ ကျွန်ုပ်တို့၏ပြစ်မှာခြင်းများ၏ ဒုစရိုက်အပြစ်ကြွေးမှ လွတ်မြောက် စေတော်မူပါဟု ဆုတောင်းခြင်းဖြစ်သည်။ ကျွန်ုပ်ကိုပြစ်မှားသော သူများရဲ့အပြစ်ကိုလွှတ်လိုက်ပါပြီ၊ အကယ်၍ မလွတ်နိုင်သေးပဲကျန်နေပါက၊ ဖော်ပြလျှက်ခွန်အားပေးပြီး လွှတ်နိုင်ရန်မစပါ။ ပြစ်မှားတယ်လို့ထင်ထားတဲ့ ကိုယ်ကထင်ထားတဲ့ လူတွေကို ချည်နှောင်ထားတာတွေ အားလုံး လွှတ်ပေးလိုက်ပါပြီး။ ကားတိုင်ပေါ်မှာ သူတစ်ပါးအပြစ်ကိုလွှတ်ဖို့ တောင်းလျှောက်ခဲ့တဲ့ခရစ်တော်ဘုရား ကျွန်ုပ်နှလုံးသားထဲမှာကိန်းဝပ်လျှက် အပြစ်လွှတ်ခြင်း ကောင်းကြီး နှင့်ပြည့်ဝနေစေတော်မူပါ။
    အကျွန်ုပ်ကိုပြစ်မှားသောသူများ၊ မိသားစု၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူမျိုးစု၊ တိုင်းပြည်ကို ပြစ်မှားသော သူများ၏ အပြစ်ကိုလည်း ခွင့်လွှတ်ပါတယ်။ အပြစ်တရား၊ အမုန်းတရား၊ သံသယ၊ အငြိုးအတေး၊ ချည်နှောင်မှုများအားလုံးမှ ကျွန်ုပ်နှင့်တစ်ကွ မိသားစု၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူမျိုးစု၊ ပြည်သူပြည်သားအားလုံး လွှတ်မြောက်စေတော်မူပါဟု ဆက်လက် ဆုတောင်းပါ။ ခရစ်တော်၏ခွင့်လွှတ်ခြင်းခွန်အားများ ပြည့်ဝလာကာ၊ လူတိုင်းကိုခွင့်လွတ်လျှက် မိမိရန်သူများအတွက်ပါ ဆက်လက် ဆုတောင်းလာ နိုင်လိမ့်မည်။
    သူတစ်ပါး၏ အပြစ်ကိုလွတ်ခြင်းသည် မိမိအပြစ်ကိုလွတ်စေသည့် အကြောင်းပြချက်တစ်ခု မဟုတ်ပါ၊ ခွင့်လွတ်ခြင်းသည် ကိုယ်တော်၏ ကျေးဇူးတော် သက်သက်ကြောင့်သာ ဖြစ်ပါသည်။ မျှမျှတတ၊ ရိုးရိုးသားသား အပြစ်လွှတ်ရန် ဆုတောင်းသည့် အခါတွင် သူတစ်ပါးကို ခွင့်လွှတ်ခြင်း နှင့်အစပြုရပါမည်။ ကျွန်ုပ်တို့ကို ပြစ်မှားသောသူများကို ကျေးဇူးတော် အားဖြင့် အပြစ်လွတ်လာနိုင်သောအခါ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ခြင်းအတွက် ဆုတောင်းခြင်းကိုမှန်မှန်ကန်ကန် စိတ်ချလက်ချတောင်းခံလာနိုင်ပေမည်။
    ဆက်လက်၍ မိမိပြု မိပြစ်မှားခဲ့သော အပြစ်များ အတွက်လည်း နောင်တစိတ်နှင့် ဝန်ချတောင်းပန်ကာ အပြစ်လွတ်ရန် တောင်းလျှောက်ပါ။ ကျွန်ုပ်မှားခဲ့ပါတယ်၊ ဘာလျှောက်လွဲချက်မှမတင်တော့ပါ၊ ကျေနပ်လောက် အောင်လည်း မပေးဆပ်နိုင်တော့ပါ၊ ကိုယ်တော့်ထံမှ ခွင့်လွှတ်ခြင်းမှလွဲ၍ဘာမှမတတ်နိုင်ပါဟုဝန်ခံလျှက် တောင်းခံပါ။ ဘုရားသခင်သည် အပြစ်များကိုလွတ်ရုံမက၊ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာဆက်လက် လုပ်ဆောင်သွားပါ့ လိမ့်မယ်။(၁ယော ၁း၉)
    သန့်ရှင်းသောဝိညာဉ်တော်သည် မိမိမဖော်ပြသေးသော၊ ဝန်မချနိုင်သေးသောအပြစ်များကို ဆက်လက် စစ်ကြောဖော်ထုတ် လာနိုင်ပေသည်။ တစ်ခါတစ်ရံနာကျင်စွာခံစားရမည်။ သို့သော်လည်းထိုနာကျင်ခြင်းနောက်၌ အပြစ်တရားလက်မှလွတ်ပြီ၊ ဘယ်တော့မှ ဒုစရိုက်အပြစ်သည်ငါ့ကိုမနိုင်တော့ဘူး ဆိုသည့် အာမခံချက်နှင့် လွတ်မြောက်ခြင်းနှင့်ယှဉ်သည့် အတိုင်းမသိ ဝမ်းမြောက်ခြင်းကို ခံစားလာရပေမည်။
    ဆင်ခြင်ရန် - ခွင့်လွတ်ခြင်းသည် နာကျင်သော်လည်း ဘုရားသခင်အလိုရှိသော အရာဖြစ်သည်။
    ဆုတောင်းရန် - မေတ္တာတော်ရှင်သခင်ဘုရား ကျွန်ုပ်တို့၏ပြုမိပြစ်မှားမိသော အပြစ်များကို ဝန်ချတောင်းပန်ပါ၏။ ဖြေရှင်းဖြေလွတ်ပေးသနားတော်မူပါ။

Komentáře •