မိုးပျံရထားစီမံကိန်းဧရိယာမှာရှိတဲ့ကျူးတွေ ဖယ်မယ်
Sdílet
Vložit
  • čas přidán 31. 05. 2019
  • ဇွန် - ၁၊ ၂၀၁၉
    လှိုင်သာယာ-ပါရမီ ရန်ကုန်မိုးပျံလျှပ်စစ်ရထားစီမံကိန်းအတွက် စီမံကိန်းဧရိယာမှာရှိနေတဲ့ ကျူးကျော်နေပြည်သူတွေက ဥပဒေအရဖယ်ရှားပေးရမှာဖြစ်ပါတယ်။
    အဲဒီ့စီမံကိန်းအတွက် ပြည်သူလူထုကို အသိပေးရှင်းလင်းမှု ပထမဆုံးအကြိမ်အဖြစ် လှိုင်သာယာမှာဒီနေ့ပြုလုပ်ခဲ့ပါတယ်။
    စီမံကိန်းစတင်မယ်ဆိုရင် ကျူးကျော်တွေဖယ်ရှားဖို့အတွက်ကို စနစ်တကျညှိနှိုင်းဆောင်ရွက်သွားမယ်လို့ လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကပြောပါတယ်။
    အဲဒီ့ကျူးကျော်တွေကိုပြန်လည်နေရာချထားပေးဖို့ကိုတော့သေချာစိစစ်ပြီးတိုင်းအစိုးရရဲ့လမ်းညွှန်မှုနဲ့ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
    ကျူးကျော်တစ်ဦးဖြစ်သူ ဦးလှဝင်းကတော့ စီမံကိန်းအတွက် ပြောင်းရွှေ့ရမှာနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
    စီမံကိန်းဧရိယာနဲ့မလွတ်တဲ့နေရာတွေကပြည်သူတွေအတွက်လည်းအစိုးရကလျော်ကြေးပေးဆောင်မယ်လို့သိရပါတယ်။
    မိုးပျံရထားစီမံကိန်းအတွက်လက်ရှိမှာကနဦးလေ့လာမှုတွေကိုဆောင်ရွက်နေတာဖြစ်ပြီး၂၀၂၂ခုနှစ်မှစီမံကိန်းကိုစတင်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၇ခုနှစ်ကျရင်တော့ ပြီးစီးဖို့လျာထားတယ်လို့သိရပါတယ်။
    စီမံကိန်းကိုအကောင်အထည်ဖော်မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ချေးငွေနဲ့ဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ဒဿမ၅ ဘီလီယံလောက်ကုန်ကျမယ်လို့သိရပါတယ်။
    အဲဒီ့စီမံကိန်းမှာ အကျုံးဝင်မယ့်မြို့နယ်တွေကတော့ လှိုင်သာယာ၊ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်းနဲ့ တောင်ဥက္ကလာမြို့နယ်တွေဖြစ်ပြီးလူထုတွေ့ဆုံရှင်းလင်းပွဲတွေကိုအဲဒီ့မြို့နယ်တွေမှာဆက်ပြီးပြုလုပ်သွားမှာဖြစ်ပါတယ်။
    ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
    Subscribe to our channel at bit.ly/2CVSP6d
    Check out our website: www.7daydaily.com/
    Connect with us at our social media handles:
    Facebook: / 7dayonlinetv
    Twitter: / 7day_tv
Komentáře • 13
  • @kozaygyi9330
    @kozaygyi9330 Před 5 lety
    👍👍😘😘💯💯😍😍🇲🇲🇲🇲
  • @jackjack6861
    @jackjack6861 Před 5 lety +2
    ဟုတ်ပါတယ်
  • @ThutawaveMobileApp
    @ThutawaveMobileApp Před 5 lety
    အားပေးသွားပါတယ်
  • @thakhalane6566
    @thakhalane6566 Před 5 lety
    good👍
  • @lovethu7901
    @lovethu7901 Před 5 lety
    ထောက်ခံပါတယ်
  • @aungzayya2335
    @aungzayya2335 Před 5 lety
  • @user-lh3qe5wj7l
    @user-lh3qe5wj7l Před 5 lety +2
    မိုးပျံရထားကိုဂျပန်နဲ့လုပ်မယ်ဆိုတော့မြန်မာပြည်သူတွေထောက်ခံအားပေးကြမှာပါ
    • @ThutawaveMobileApp
      @ThutawaveMobileApp Před 5 lety
      ထောက်ခံပေးကြပါ
    • @AungAung-un7jk
      @AungAung-un7jk Před 5 lety
      @@ThutawaveMobileApp ​ထောင်​ခံတယ်​မြန်​မာနိုင်​ငံတိုးတက်​​ရေး
  • @thakhalane6566
    @thakhalane6566 Před 5 lety
    ဂျပန်မှာပိုက်ဆံချေးပြီး ဂျပန်company ကဘဲဒီproject လုပ်မှာလား
  • @silentsingle1500
    @silentsingle1500 Před 5 lety
    ဖုန်နည်းပညာများလwifi hackနည်းများ အင်တာနက်freeသုံးနည်း များ အခြားဆော့ဝဲများကိုsilentsingle youtube channel တွင်ကြည်ရူနိုင်ပါတယ်
  • @user-xh1eu4uu2j
    @user-xh1eu4uu2j Před 5 lety +1
    ဂျပန်လုပ်တာထောက်ခံသူတို့ဆောက်လုပ်ထာတဲ့လမ်းတံတာအရမ်းခိုင်တယ်တရုတ်စုပ်လုပ်ရင်တောသုံးနှစ်ဆိုရင်ပျက်ပီးမြောင်မြတံတာကိုပဲကြည့်