စမိုင်လုပ်နည်း Semai

Sdílet
Vložit
  • čas přidán 14. 06. 2024
  • သူငယ်ချင်းအားလုံး မင်္ဂလာပါ... ဒီနေ့မှာ စမိုင်လုပ်စားမှာဖြစ်ပါတယ်။
    စမိုင်ခြောက်တွေ ကို ရန်ကုန်မှာ ဆိုရင် ကုန်စျေးတန်းစျေးရုံထဲမှာ အချိန်နဲ့ အလွယ်တကူဝယ်လို့ရပါတယ်။ စမိုင်ထဲမှာ ထည့်တဲ့ အစာတွေ အားလုံးကိုပါတခါတည်းဝယ်ယူလို့ရပါတယ်။
    အမွှေးအနံ့သာအနေနဲ့ ဖာလာစေ့ ၄ စေ့ နဲ့ သစ်ဂျပိုးခေါက်လေး ၁ လက်မ အရွယ်လေးလိုပါတယ်။ ထောပတ် သို့မဟုတ် ဂီး ၁ ဇွန်း လောက် အဆင်သင့်ပြင်ထားပေးပါ။ ပြီးရင် သစ်သီးခြောက်အနေနဲ့ စပျစ်သီး‌ခြောက်နဲ့ သီဟိုစေ့ ‌အနည်းငယ်လိုပါတယ်၊
    နွားနို့ ၁ လီတာ၊ သကြား လိုသလောက်၊ နို့စိမ်း ခွက် တဝက် လည်းပြင်ထားပေးပါ၊ တချို့တွေက နွားနို့အစား နို့ဆီနဲ့နို့စိမ်းကိုသားသုံးကြာတာကိုလည်း မှတ်သားဖူးပါတယ်၊
    ပထမဆုံး ဒယ်အိုးထဲမှာ ထောပတ် (သို့) ဂီး ၁ ဇွန်း ထည့်ပေးပါ၊
    ထောပတ်အရည်ပျော် လာရင် စပျစ်သီးခြောက်နဲ့ သီဟိုစေ့တွေကို ထည့်လှော်ပေးပါ။ မီးအားမပျင်းပါစေနဲ့။ စပျစ်သီးခြောက်တွေ ဖောင်းလာပြီး သီဟိုစေ့ အရောင်စပြောင်းရင် ဆယ်ထားပေးပါ။
    ခုနက ဒယ်အိုးထဲမှာပဲ စမိုင်ချောင်း၊ ‌ဖာလာစေ့၊ သစ်ဂျပိုးခေါက် ထည့်ပေးပါ။ စမိုင်တွေကို မီးအေးအေးနဲ့ ကြော်ပေးခြင်းအားဖြင့် နွားနို့နဲ့စိမ်တဲ့အခါ ပွပြဲတာမဖြစ်တော့ပါဘူး။
    အရောင်ရင့်ရင့်သန်းလာရင် နို့စိမ်း၊နွားနို့၊သကြားထည့်ပေးပါ၊
    မိမိစိတ်ကြိုက် လိုတိုးပိုလျော့ ထည့်လို့ရပါတယ်၊ ပိုပြီး ဆိမ့်ဆိမ့်လေးကြိုက်ရင် နို့မှုန့် ၁ ထုပ်ထပ်ပြီးဖောက်ထည့်ပေးလိုက်ပါ။
    နောက်ဆုံးမှာမှ စပျစ်သီးခြောက်နဲ့ သီဟိုစေ့လေး ထည့်ပေးလိုက်ရင် မွှေးအီပီးသောက်ကောင်း‌တဲ့ စမိုင် ရပြီဖြစ်ပါတယ်ခင်ဗျာ၊
    ပါဝင်ပစ္စည်းများ
    စမိုင်ခြောက်
    နွားနို့
    နို့စိမ်း
    ဖာလာစေ့
    သစ်ကြံပိုးခေါက် အနည်းငယ်
    စပျစ်သီးခြောက်
    သီဟိုဠ်စေ့
    သကြား
    ဂီး (ထောပတ်) အနည်းငယ်
    တို့လိုအပ်ပါတယ်
    အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ
    ။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်...
    ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။
    လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
  • Jak na to + styl

Komentáře • 32

  • @hninphyu1226
    @hninphyu1226 Před měsícem +3

    Eid နေ့ အမှီ တင်ပေးလို့ ကျေးဇူးတင်ပါတယ် သားရေ

    • @Cookfork1
      @Cookfork1  Před měsícem +1

      ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️

  • @nawwin8081
    @nawwin8081 Před měsícem

    My favorite but as you said hard to find, any way thank you for sharing. 😊

  • @khinmyintmyint3127
    @khinmyintmyint3127 Před měsícem

    ❤❤‌ကျေးဇူးပါ။❤❤

    • @Cookfork1
      @Cookfork1  Před měsícem

      ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️

  • @kristto-ii2pj8lc6c
    @kristto-ii2pj8lc6c Před 27 dny

    ကျေးဇူးတငိပါတယ်ကိုကြီး😍 ညီလေးလည်း မုန့်လုပ်ရတာဝါသနာပါတယ် မြန်မာမုန့်တွေရောအစားအသောက်ကို အဟာရရှိပြီး ကျန်းမာရေးနဲ့ညီတဲ့အစားအစာလေးတွေလုပ်စားရတာကြိုက်တယ် ❤❤❤အားပေးနေပါတယ်

    • @Cookfork1
      @Cookfork1  Před 27 dny

      အခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🤗

  • @moureenofficial3727
    @moureenofficial3727 Před měsícem

    Thanks 😊

    • @Cookfork1
      @Cookfork1  Před měsícem +1

      Long time no see bya...Thank a lot ❤️

  • @sawmyatnwe9276
    @sawmyatnwe9276 Před měsícem +1

    ​ကျေးဇူးပါ သား​ရေ ..
    ခါတိုင်းစမိုင်​ချောင်းကိုဒီအတိုင်းပဲထည့်မိပါတယ် ​..​လှော်ရမယ်ဆိုတာ သိခွင့်ရလို့​ကျေးဇူးပါ 🧸

    • @Cookfork1
      @Cookfork1  Před měsícem +1

      ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️

  • @dawpaukpauk4304
    @dawpaukpauk4304 Před měsícem

    ကျေးဇူးပါ အားပေးနေပါတယ် 😍😻🤗🐈🎉
    အစ်နေ့တွေမှာ စားခဲ့ရတယ်
    အီလည်လည်လေးနေပေမဲ့ ကြိုက်တယ်
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Před měsícem

      ဟုတ်ကဲ့။ လုပ်စားကြည့်ပါခင်ဗျ 😊ကျန်းမာပျော်ရွှင်ပါစေ 🙏

  • @kayphyo1044
    @kayphyo1044 Před měsícem

    မဂ်လာပါK1+2😊အာ့လိုစားချင်တာ 😊😢ပစ္စည်း အသင့်မရှိတော့အားရက်ရရင်လုပ်စားမယ်😅ခေါ် ပြီး မြည်းစမ်းကြည့်ကြဖို့ 😅😅

    • @Cookfork1
      @Cookfork1  Před měsícem

      ဟုတ်။ ချက်စားကြည့်ပါခင်ဗျ 😊

  • @kyinkyinnyein4759
    @kyinkyinnyein4759 Před měsícem

    လှော်ပြီးသါး၀ယ်လို့ရတယ်

  • @NwayOoWutHmone
    @NwayOoWutHmone Před měsícem

    စမိုင် လုပ်နည်းလေးသိပီ ကျေးဇူးပါ

    • @Cookfork1
      @Cookfork1  Před měsícem

      ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

  • @kyimyint9718
    @kyimyint9718 Před měsícem

    စမိုင်ကအုန်းနိူ့ထည့်ရတယ်ထင်တယ်။

    • @Cookfork1
      @Cookfork1  Před měsícem

      ဟုတ်။ထည့်လည်းရတယ်ခင်ဗျ

    • @kyinkyinnyein4759
      @kyinkyinnyein4759 Před měsícem

      နို့ကအဓိကပါ

  • @redrose4033
    @redrose4033 Před měsícem

    ထိုင်ဝမ်မာစမိုင်ခြောက်ဘယ်မာဝယ်လဲ

    • @Cookfork1
      @Cookfork1  Před měsícem

      မြူစွမ်ကို သုံးလဲရတယ်ဗျ။

  • @Katrina81611
    @Katrina81611 Před měsícem

    စမိုင်စားချင်နေတာအတော်ပဲ

    • @Cookfork1
      @Cookfork1  Před měsícem

      ဟုတ်ကဲ့။ လုပ်စားကြည့်ပါခင်ဗျ 😊

  • @phyulay8906
    @phyulay8906 Před měsícem

    လုပ်စားဖြစ်ပါတယ်အရမ်းစားကောက်းလို့ပါရှင့်နို့များမှစားကောင်းတာနော်

    • @Cookfork1
      @Cookfork1  Před měsícem

      ဟုတ်တယ်ဗျ

  • @kyinkyinnyein4759
    @kyinkyinnyein4759 Před měsícem

    လှော်ပြီးသါး၀ယ်လို့ရတယ်

  • @KDOLPRE-ij2zc
    @KDOLPRE-ij2zc Před měsícem

    အရမ်းကြိုက်တို့ဘက်မှာသစ်ကြားသီးပေါတော့သစ်ကြားသီးလည်းထည့်တယ်ကျေးဇူးပါ😊