ရေးမြို့နယ် ခေါဇာရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်

Sdílet
Vložit
  • čas přidán 31. 08. 2022
  • ရေးမြို့နယ် ခေါဇာရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်
    ဒီနေ့ မနက်ပိုင်းမှာ မွန်ပြည်နယ် ရေးမြို့နယ် က ခေါဇာရဲစခန်းကို မွန်ပြည်ကာကွယ်ရေး တပ်တောင်ပိုင်း အဖွဲ့က ဆင်ဖြူစစ်ဆင်ရေး အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး က DNA ကို ပြောပါတယ်။
    ခေါဇာရဲစခန်းဟာ ရေးမြို့နယ်တောင်ပိုင်းက မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့အဖွဲ့ကို အကာအကွယ်တွေ ပေးနေတဲ့အတွက် အခုလိုမျိုးတိုက်ခိုက်ခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ ဒေါက်တိုင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို တိုက်ခိုက် သွားမှာဖြစ်တယ်လို့ နိုင်နဂါးက ဆက်ပြောပါတယ်။
    စစ်ကောင်စီတပ်တွေဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးအရှေ့ ပိုင်းချောင်းဖျား ဒေသမှာ လှုပ်ရှား မှုတွေရှိနေပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးတာ စစ်ဆေးတာတွေရှိနေပြီး သူတို့ တိုက်ခိုက်ခံရပါ က ပြည်သူတွေကို ဒုက္ခပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။

Komentáře • 7