လေကြောင်းရန်ကာကွယ်ရေးတပ် အပါဝင် တပ်စခန်း ၈ ခု PDF-MDY သိမ်းပိုက်... ရေး-ထားဝယ်ကားလမ်းတိုက်ပွဲ ...

Sdílet
Vložit
  • čas přidán 6. 09. 2024
  • လေကြောင်းရန်ကာကွယ်ရေးတပ် အပါဝင် တပ်စခန်း ၈ ခု PDF-MDY သိမ်းပိုက်... ရေး-ထားဝယ်ကားလမ်းတိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ
    (၃- ၇- ၂၀၂၄)
    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါဝင် စစ်ကောင်စီ တပ်စခန်း ၈ ခု၊ လက်နက်မျိုးစုံ ၁၀၀ ကျော်၊ စစ်သုံ့ပန်း ၆၀ ကျော် သိမ်းပိုက်မိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF- MDY က သတင်းထုတ်ပြန်ပါတယ်။
    “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”မှာ PDF-MDY က ဟန်ချက်ညီညီ တိုက်ပွဲဝင်နေပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနဲ့ မတ္တရာ စစ်မျက်နှာတွေမှာ စစ်ဆင်ရေးဖေါ်ဆောင်နေပါတယ်။ အခု စစ်ဆင်ရေး ပထမ သီတင်းပတ်ရဲ့ ထူးခြားချက်တွေကို လူထုထံ အသိပေးတာလို့ ဖေါ်ပြပါတယ်။
    သိမ်းမိစခန်းတွေကတော့ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော် တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတို့ဖြစ်ပါတယ်။
    စစ်ပွဲအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံသူ (၆၄)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး တပ်မိသာစုဝင် အမျိုးသမီး ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် စုစုပေါင်းက (၁၁၇)ဦးရှိတယ်လို့ ဆိုပါတယ်။
    မတ္တရာမြို့နယ် စစ်ဆင်ရေးအတွင်း သိမ်းမိလက်နက်ကတော့ ၈၁ မမ၊ ၆၀ မမ၊ RPG
    ပါဝင် လက်နက်မျိုးစုံ ၁၂၅ လက်ဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖါ်ပြထားပါတယ်။ ဒီစစ်ဆင်ရေးမှာ PDF- MDY နဲ့အတူ ဒေသခံအဖွဲ့အစည်းဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ ဖေါ်ပြထားပါတယ်။
    ဒါ့အပြင်...
    - ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)၊ (၈)ရက်မြောက်နေ့မှာ နောင်ချိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းကို ထိုးစစ်ဆင်နေတယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်...
    - ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ်ရှိ ဆောင်းပြောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများကာ တော်လှန်ရေးတပ်တွေက လက်နက်ငယ်အချို့ သိမ်းမိ...
    - ရေး-ထားဝယ် ကားလမ်းပေါ်မှာဖြစ်ပွားတဲ့ ဇွန်လ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါဝင် ၅၀ ခန့်သေဆုံးတယ်လို့ ဒေါန စစ်ကြောင်းက သတင်းထုတန်ပြန်...
    - သံတွဲနဲ့ ငပလီမှာ တိုက်ပွဲပြင်းထန်နေတာတာကို အခွင့်ကောင်းယူပြီး မသမာသူ အုပ်စုတစ်စုက ULA/AA နာမည်ကိုအသုံးပြုကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်တွေထံကနေ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံနေဟု AA သတိပေး...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
    လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )
    =====
    BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
    Burma News Network

Komentáře •