စလုံးအိမ်ရှင်တွေရဲ့ ရက်စက်မှုကြောင့် ဆုံးပါးခဲ့ရတဲ့ ချင်းမလေး Piang Ngaih Don - Murder Monday

Sdílet
Vložit
  • čas přidán 17. 03. 2024
  • မနက်ခင်းတိုင်း မနက်ခင်းတိုင်း အိပ်ရာကနေ နိုးထဖို့တောင်မှ ကြောက်ရွံ့နေရသလို နိုးထလာလိုက်တိုင်းလဲ အရိုက်အနှက် အဆဲအဆိုခံရတဲ့အပြင် ခြိမ်းခြောက်မှုတွေကိုပါ နေ့စဉ်နီးပါး ခံစားနေကြရမယ်ဆိုရင် ဘယ်လိုအင်အားနဲ့ ရှေ့ဆက်ကြမလဲ။ ပိုဆိုးတာက အဲ့ဒီလို ကိုယ့်ကို ရိုက်နှက် ဆဲဆိုပြီး ခြိမ်းခြောက်နေတဲ့သူက ကိုယ့်အလုပ်ရှင် ဖြစ်နေတဲ့အပြင် ကိုယ်က ရေခြားမြေခြား နိုင်ငံခြားမှာ လူမသိသူမသိ အသိမိတ်ဆွေ မရှိ။ ကိုယ်လွတ်ရုန်းပြေးပြီး အကူအညီတောင်းရအောင်လည်း ကိုယ့်မှာ ဘယ်သူ့ကို အားကိုးရမှန်းမသိသလို ကိုယ့်အလုပ်ရှင်ထဲက တစ်ယောက်က ရဲဖြစ်နေလို့ ပိုကြောက်နေရတဲ့အပြင် ကိုယ်ပြောတာကို ဘယ်သူကရော ယုံမှာလဲ ကိုယ့်ဘက်မှာ ဘယ်သူကမှ ရှိနေမှာမဟုတ်ဆိုတဲ့အတွေးတွေနဲ့ အရာရာက ကိုယ့်အတွက် ကြောက်စရာ ကူရာ ကယ်ရာမဲ့။
    ကျွန်တော်အခုပြောပြခဲ့တဲ့ အချက်အလက်တွေ အကုန်လုံးက အသက် ၂၃ နှစ်အရွယ် Piang Ngaih Don ဆိုတဲ့ မြန်မာပြည်က ချင်းမလေး စင်္ကာပူမှာ နေ့စဉ်နဲ့အမျှ ခံစားတွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေလို့ ပြောရမှာ ဖြစ်ပါတယ်။
    Piang Ngaih Don ကို ဇွန်လ ၁၃ ရက် ၁၉၉၂ ခုနှစ်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ်က ဒင်ပီးရွာကလေးမှာ မွေးဖွားခဲ့ပါတယ်။ သူတို့ရွာကလေးမှာ လူဦးရေ ၁၅၀၀ ခန့်ရှိပြီးတော့ ကလေးမြို့ကနေ လေးနာရီလောက် ဆိုင်ကယ်စီးရတယ်လို့ ဆိုပါတယ်။ မွေးချင်းမောင်နှမ ဆယ်ယောက်ရှိတယ်လို့ ဆိုပါတယ်။ Piang အသက် လေးနှစ်အရွယ်လောက်ကို ရောက်တဲ့အချိန်မှာ သူ့ရဲ့မိဘတွေက ရှေ့ဆင့်နောက်ဆင့် တစ်နှစ်စီခြားပြီး ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ Piang ဟာ ကိုးတန်းအထိပဲ ကျောင်းတက်ပြီး ကျောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက် ဒီလိုနဲ့ နေလာရင်းက ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီးတော့ ကိုယ်လေးလက်ဝန် ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကောင်က ခြေရာဖျောက်သွားတဲ့အတွက် Piang တစ်ယောက် တစ်ကိုယ်တော် မိခင်အနေနဲ့ သူ့ဘဝခရီးကို ဆက်လှမ်းခဲ့ရပြန်ပါတယ်။ ၂၀၁၃ ခုနှစ်‌ ဖေဖော်ဝါရီလမှာသူ့သားလေးကို မွေးဖွားခဲ့ပါတယ်။ သူနဲ့ တရွာထဲနေ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူတစ်ဦးရဲ့အဆိုအရ Piang ဟာ စကားနည်း အနေအေးပြီးတော့ သူ့မိသားစုကို ခင်တွယ်တဲ့ မိန်းကလေးတစ်ဦးလို့ ဆိုပါတယ်။
    စကားနည်း အနေအေးပြီးတဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံက ချင်းမလေး Piang အတွက် လောကဒဏ်ရဲ့ ရိုက်ခတ်မှုတွေက တစ်လှိုင်းပြီး တစ်လှိုင်းပါပဲလား။ ဒီအခုပြောပြခဲ့သလောက်က တကယ့်ကို အကင်းပဲ ရှိပါသေးတယ်။
    Piang ဟာ ချင်းပြည်မှာ နေစဉ်ကာလ သူငယ်စဉ်ဘဝမှာတုန်းက တောင်သူ အလုပ်ကို လုပ်ကိုင်တယ်လို့ ယူဆရပြီးတော့ သူအရွယ်ရောက်လာတဲ့အချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းထဲကို အလုပ်သမားအနေနဲ့ ဝင်ရောက်ပြီး အလုပ်ကြမ်း လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း အလုပ်ကြမ်းသမားလစားနဲ့က ဘယ်လိုလုပ်လောက်ငှမှုရှိမှာလဲလေနော်။ အဲ့ဒီလိုနဲ့ နေလာတာမှာ သူ့ရွာထဲကလူတွေက စင်္ကာပူကို သွားပြီးတော့ အိမ်ဖော်အလုပ်လုပ်တယ်ကြားပြီးတော့ အဆင်ပြေတယ်လို့ ကြားသိရတော့ ၂၀၁၅ ထဲမှာ သူလည်း စင်္ကာပူကို အလုပ်သွားလုပ်မယ်ဆိုပြီးတော့ ဒီဆောက်လုပ်ရေးမှာ အလုပ်လုပ်နေတာကနေ ထွက်လိုက်တယ်လို့ ဆိုပါတယ်။
    အဲ့လိုနဲ့ စင်္ကာပူကို သွားပြီး အလုပ်လုပ်ဖို့အတွက် လိုအပ်တာတွေ ပြင်တာဆင်တာတွေ လုပ်ရတာပေါ့လေ။ ပထမဆုံးကတော့ ပတ်စပို့စာအုပ်လုပ်ရတာပေါ့။ အဲ့ဒီမှာ ပထမဆုံး အခက်အခဲကို စကြုံရတာပါပဲ။ Piang ရဲ့ အသက်က ၂၃ နှစ် ပြည့်ဖို့ ၂ လ လိုနေတယ်။ စင်္ကာပူကို အိမ်အကူအနေနဲ့ အလုပ်သွားလုပ်မယ်ဆိုရင် အနည်းဆုံး အသက်က ၂၃ နှစ် ပြည့်မှရမယ်။ အဲ့ဒီမှာ Piang နဲ့ သူ့ကို နိုင်ငံခြားပို့မယ့် အေးဂျင့်က စကားပြောရပြီပေါ့လေ။ Piang က အေးဂျင့်ကနေတဆင့် လဝက က အရာရှိတွေကို လာဘ်ထိုးပြီးတော့ သူ့ရဲ့ မွေးသက္ကရာဇ်ကို ဇွန်လ ၁၃ ရက် ၁၉၉၂ ကနေ ဧပြီလ ၁၃ ရက် ၁၉၉၂ ကို ပြောင်းခိုင်းလိုက်ရတယ်။ အဲ့ဒီတော့ သူ့အသက်က မီသွားပြီပေါ့။ အဲ့ဒီလိုနဲ့ ပတ်စပို့စာအုပ်တွေ စာရွက်စာတမ်းတွေနဲ့ စင်္ကာပူကို ၂၀၁၅ ခုနှစ် မေလထဲမှာ ရောက်လာခဲ့ပါတယ်။
    မေလ ၂၈ ရက်နေ့ ၂၀၁၅ ခုနှစ်မှာတော့ Piang ကို Bishan မှာရှိတဲ့ မိသားစုတစ်ခုကနေပြီးတော့ အိမ်အကူအတွက် စာချုပ်ချုပ် ငှားလိုက်ပါတယ်။ ဒီလို အလုပ်ရပြီလို့ သူ့ကို သူ့အလုပ်အေဂျင်စီက အကြောင်းကြားတဲ့အချိန်မှာ သူ့စိတ်ထဲမှာ ဘယ်လောက်တောင် ပျော်နေခဲ့မလဲ တွေးကြည့်လို့ရနိုင်ပါတယ်။ Piang ရဲ့ ရည်မှန်းချက်က သူ့သားနဲ့ သူ့မိသားစုအတွက် ငွေကြေးတင့်တောင့် တင့်တယ်လေး ထားချင်းတာ။ ပြီးတော့ ကလေးမြို့မှာ သူနဲ့ သူ့သားလေးအတွက် မြေကွက်လေးတစ်ကွက်ဝယ်မယ် အိမ်ကလေးဆောက်မယ် ဆိုပြီး ရည်ရွယ်ထားခဲ့တာ။ အဲ့ဒီအချိန်တုန်းက သူ့စိတ်ထဲမှာ သူ့မျှော်မှန်းချက်တွေအတွက် ခြေတစ်လှမ်း နီးကပ်လာပြီလို့ တွေးပြီး ပျော်နေခဲ့မယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် တကယ့်အဖြစ်မှန်မှာတော့ ဒီမိသားစုဆီကို အိမ်အကူသွားလုပ်ခဲ့တာက သူ့အတွက် သေမင်းဆီကို ခြေလှမ်းလှမ်းသွားခဲ့တာနဲ့ အတူတူပဲ ဆိုတာ အဲ့ဒီအချိန်တုန်းကတော့ Piang လေး မသိခဲ့ပါဘူး။
    Piang အလုပ်သွားလုပ်ခဲ့တဲ့ အိမ်က အိမ်ရှင်တွေ အကုန်လုံးက ဘီလူးသဘက်ထက် ဆိုးဝါးတဲ့ လူတွေလို့ပဲ ကြိုပြီး ပြောချင်ပါတယ်။ သူအလုပ်သွားလုပ်ခဲ့တဲ့အိမ်မှာ လူ ငါးယောက်ရှိပါတယ်။ အသက်သုံးဆယ့်ငါးနှစ်အရွယ်ရှိ Gaiyathiri Murugayan အမည်ရှိ အမျိုးသမီးရယ်၊ သူ့ရဲ့ လင်ယောက်ျားဖြစ်သူ အသက် ၃၇ နှစ်အရွယ်ရှိ ရဲအရာရှိ Kevin Chelvam ရယ်နောက် Gaiyathiri ရဲ့ အမေဖြစ်သူ အသက် ၅၇ နှစ်အရွယ်ရှိ Prema Naraynasamay အပါအဝင် လူကြီးသုံးယောက်ပေါ့။ နောက် Gaiyathiri နဲ့ Kevin မှာက အသက် ၄ နှစ်အရွယ် သမီးလေးရယ် နောက် မွေးကင်းစ သားကလေးတစ်ယောက်ရှိတယ်ပေါ့။ ဒီအိမ်ကို စရောက်တာနဲ့ Piang ဟာ စပြီးတော့ အနိုင်ကျင့်နှိပ်စက်မှုဒဏ်ကို တဖြည်းဖြည်းချင်း ခံစားလာရတာမှာ ကြာလာလေလေ အခြေအနေက ပိုဆိုးလာလေလေ ဖြစ်ခဲ့ပါတယ်။
    #storybears #storybearsmm #myanmar #crime #truecrime #ဖြစ်ရပ်မှန် #မှုခင်း #စင်္ကာပူ

Komentáře • 295

  • @jinjin7938
    @jinjin7938 Před 4 měsíci +89

    စလိုဥပဒေတင်းကျပ်တဲ့နိုင်ငံမှာနေပြီးအကြောက်အလန့်မရှိလုပ်ရဲတယ်နော်၊သူတို့အစိုးရကိုကျေးဇူးတင်စရာဘဲကိုယ့်နိုင်ငံသားမဟုတ်ပေမယ့်လည်းအမှုမှန်ပေါ်အောင်ဖော်ထုတ်ပေးနိုင်တယ်၊တရားခံတွေကိုလည်းပြင်းပြင်းထန်ထန်အပြစ်ပေးတာကျေနပ်စရာဘဲ၊လူ့အသက်တချောင်းကိုတန်ဖိုးထားပေးလို့လေ။

    • @user-ve8go6pp3v
      @user-ve8go6pp3v Před 4 měsíci +2

      အလိုကြုံတွေ့မှာ အရမ်းစိုးရိမ်တယ် ပြည်ပမှာအိမ်ဖော် လုပ်ဖို့ကမလွယ်

    • @DawHlaHlahtwe-ed1ce
      @DawHlaHlahtwe-ed1ce Před 4 měsíci +2

      ​@@user-ve8go6pp3vqမတရားမှုမှကင်းကြပါ​ေ

    • @dawpannsein7900
      @dawpannsein7900 Před 3 měsíci +4

      Aဂျင်တွေကိုပါတရားစွဲရင်
      နောက်ကိုသွားမဲ့လူတွေအတွက်
      ပိုလုံချုပ်ပါမယ်

    • @JKkimnuu
      @JKkimnuu Před 3 měsíci

      အလို အရေးယူ ပေး ဖို့ ကျမ တို့ ZIS ကနေ လူ ကြီး တေ လှုပ်ရှားလို့ သာ piang ngaih don ရဲ့ အမှု က တရားမျှစွာ အရေး ပေး ခြင်း ခံ ရတာပါ

  • @dangkung9022
    @dangkung9022 Před 4 měsíci +27

    ဖြစ်စဥ်ွတွေကိုပြည့်စုံစွာတင်ပြပေးနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျူးလွန်တဲ့ပြစ်မှု‌အတွက် လာဒ်ထိုးမရ နိုင်တဲ့ စင်ကာပူနိုင်ငံ၏ ဥပ‌ဒေကိုလည်းလေးစားဘို့ကောင်းပါတယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +4

      ဟုတ်ပါ့။ အနည်းဆုံးတော့ သူတို့တွေ ပြေးလို့မရ လာဘ်ထိုးလို့မရတော့ ပြစ်ဒဏ်ခံရတာက သတင်းကောင်းပေါ့။

    • @thetthetmar-yp9hh
      @thetthetmar-yp9hh Před 4 měsíci

      မာဒါမန်းဒေးရေတော်လိုက်တာပြောတာတွေ

  • @user-hl7bp5cc8m
    @user-hl7bp5cc8m Před 4 měsíci +14

    ကို့နိုင်ငံမဖွင့်ဖြိုးမတိုးတက်တော့သူများနိုင်ငံမှာအိမ်ဖော်သွားလုပ်ရတာရင်နာစရာပါအုပ်ချုပ်မှုလူတေညံ့ဖျင်းတော့ပြည်သူတေဆင်းရဲကြရတာပေါ့ကို့နိုင်ငံမှာသယံဇာတပေါပြီးမတိုးတက်တာခေါင်းဆောင်ပိုင်းကကို့အိပ့်ထဲကိုထည့်တဲ့သူတေကြောင့်တိုင်းပြည်မွဲပြီးသူများနိုင်သွားလုပ်စားနေရတာအုပ်ချုပ်သူတေသိထားဘို့ပါ....

  • @pente4640
    @pente4640 Před 4 měsíci +18

    စိတ်နာလိုက်က်တာနော်. ငါတော့ တခွန်းဆိုတခွန်းပဲ. သငှေးမျက်နှာပျက်ရင် ငါ သူတို့ထက်ပိုမျက်နှာပျက်ပစ်လိုက်တယ်. . မနားမနေတနေကုန်အလုပ်လုပ်နေတာ လာထိရင်တော့ပွဲကြမ်းသွားမှာပေါ့. ငါ့စိတ်နဲ့တော့မရဘူး. .

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +6

      😅😅 အလုပ်ရှင်နဲ့ အလုပ်သမားကြား နားလည်မှုရယ်၊ နောက် ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်ဘောင်တွေကြားကပဲ လုပ်ရင်ကို အဆင်ပြေမှာပါ။ ပြီးတော့ တစ်ခုခု ပြဿနာတက်တယ်ဆိုရင် ကိုယ့်ဘက်က ဘယ်သူတွေကို ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ သိဖို့လိုအပ်တာပေါ့လေ။

    • @JKkimnuu
      @JKkimnuu Před 3 měsíci

      တစ်ဖက် မှာ ကိုယ် အ လို့ လဲ ပါ ပါတယိ ပွဲစားလဲ ကိုယ့် လူကို စကားကျွမ်းကျင် ပီးမှ လွှတ်ရမှာ ။ စလုံး သူဌေး တေက ကိုယ် မှန် နေရင် ပြန် ခံ‌ပြော ရဲ ဖို့ လိုပါတယ် မသွားခင် လဲ စလုံး law တေ ကို ပွဲစားက သေသေချာချာ ပြော ထား သင့်တယ် ကိုယ် တစ် ခုခု ဖစ် ရင် ဘယ်လို တုန်းပြန်ရမယ် ဆိုတာပါ့

  • @nyogyi6862
    @nyogyi6862 Před 4 měsíci +9

    အမှန်က အလုပ်သမား ဌာန မှာ လုပ်တဲ့ သူတွေ အနေနဲ့ ၆ လ တခါ ၁ နှစ် တခါ လောက် လူကိုယ်တိုင် သွားပီး တော့ ကူညီ စောင့်ရှောက်ဖို့ ဥပဒေ နခုကိုလည်း ပြဌာန်း သင့်ပါတယ် ..

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      အမှုမဖြစ်ခင်မှာကတည်းက အဲ့လို ဥပဒေ ရှိတယ်ထင်ပါတယ်။ အဲ့ဒါကြောင့်လည်း နှစ်ကြိမ်တွေ့ခဲ့ရပေမယ့် ကလေးမလေးက စကားမပေါက်တာရော အိမ်ရှင်ကလည်း ပါနေတာကြောင့်ရော စစ်ဆေးတဲ့သူက ဒဏ်ရာဒဏ်ချက်တွေကို သတိမမူခဲ့ကြတာ။ နောက်ပိုင်းမှာတော့ ပိုတင်းကြပ်လိုက်တဲ့သဘောပါ။

  • @user-vl8xj6lm5i
    @user-vl8xj6lm5i Před 4 měsíci +18

    ကျေးဇူးပါဦးရေ သေသေချာချာလေးပြောပြပေးလို့ ဦး ကြည့်ရတာပြောရင်းနဲ့စိတ်မကောင်းဖြစ်နေတယ်ဆိုတာခံစားမိပါတယ်😢

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +2

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျား။

    • @AyeAye-ru9gb
      @AyeAye-ru9gb Před 3 měsíci

      ကျေးဇူတင်ပါတယ်

  • @RamFangMawi
    @RamFangMawi Před 4 měsíci +18

    အခုဒိီလအစောထဲမှာ ချင်းမလေးတယောက်ထက်သေပါတယ် စလုံးသတင်းကနေတော့ ဘာမှ မဖော်ပြသေးဘူး အမူ့အသေးစိတ်ကို ပေါ့ပေါ့အမူ့တော့မဟုတ်လောက်ဘူး သူဌေးတွေက သူပြန်ခါနီးအပ်ထားတဲ့လစာ မပေးချင်လို့ သတ်ပြီးမှ တိုက်ပေါ်က ပစ်ချလို့လည်း သတင်းထွက် သူ့ကိုယ်သူ ခုန်ချတယ်လို့လည သတင်းထွက်နဲ့ ဘာကအမှတ်ဆိုတာ သတင်းထွက်မလာသေးဘူးရှင့်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +8

      ဟုတ်တယ်ခင်ဗျ။ အဲ့ဒီအမှုကိုလည်း တွေ့တယ်ခင်ဗျ။ သတင်းအစုံအလင်မထွက်သေးတော့ အရင်တုန်းကအမှုကိုပဲ အရင်ပြောထားလိုက်တာပါ။

    • @wunpawngsai5471
      @wunpawngsai5471 Před 4 měsíci +2

      ၂ ယောက် ပါ ၁ပါတ်လောက်ပဲခြားတာပါ။

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +4

      @@wunpawngsai5471 ဘုရား ဘုရား တကယ် သနားဖို့ ကောင်းပါတယ်။ 🥲

    • @wunpawngsai5471
      @wunpawngsai5471 Před 4 měsíci

      ​@@StoryBearsMMဟုတ်တယ် Bro

    • @KPDF_0424.
      @KPDF_0424. Před 4 měsíci +3

      @@StoryBearsMM 🤩
      သတင်းစုံ ရခဲ့ရင် ကျေးဇူးပြု၍တင်ပေးနော် ✌️
      မျော်နေမယ်ရှင့်🤗

  • @jinjin7938
    @jinjin7938 Před 4 měsíci +22

    လူအချင်းချင်းနှိပ်စက်ခြင်းကင်းဝေးကြပါစေ။

  • @suanpii2673
    @suanpii2673 Před 4 měsíci +5

    ​ြိခိမ်းခြောက်နှိပ်စက်ခံရပြီး သေဘေးနဲ့တွေ့တာတောင် ပြန်မပြောရဲ၊ မတိုင်ရဲ တဲ့သူတွေ အကြောင်းလူအများ သိရှိအောင် ဖေါ်ထုတ် တင်ပြပေးလို့ ကျေးဇူး အထူးတင်ပါတယ်😢😢😢

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      ဟုတ်ကဲ့ ဒီအမှုအကြောင်းကို ကြားဖူးမြင်ဖူးနေတာလဲ ကြာပါပြီ။ အသေးစိတ် ပြောထားတာ မမြင်သေးလို့ ပြောဖြစ်ခဲ့တာပါ။ တကယ်လည်း စိတ်မကောင်း ဖြစ်ရတဲ့ အမှုတစ်ခုပါပဲ။

  • @user-iv7rx6cy6t
    @user-iv7rx6cy6t Před 4 měsíci +23

    ကိုယ်တိုင်လည်းခုထိအိမ်ဖော်လုပ်နေတာပါစလုံးမှာ အခုလိုငြိမ်ခံနေစရာကိုမလိုတာပါ အော်သံတခုကြားတာနဲ့ကို ကူညီမယ့်လူတွေတပုံကြီး ပါ အလွန်ရိုးတော့လည်းအသွားပါတယ်😢😢😢

    • @user-to8xi7cc6z
      @user-to8xi7cc6z Před 4 měsíci

      😢😢😢😢😢😢

    • @mamawai2527
      @mamawai2527 Před 4 měsíci

      😮😮😮😮😢😢😢

    • @toetoekhaing7815
      @toetoekhaing7815 Před 4 měsíci +2

      ဒီလောက် အ နေ နုံ နေရင် နိုင်ငံ ခြား ထွက် အလုပ် မလုပ်သင့် စလုံးလို တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံ မှာတောင် ခံ ရအောင် ကိုယ့် ကိုယ် ကို လုပ် သလို ဖြစ် နေပီ

    • @komyo8594
      @komyo8594 Před 4 měsíci

      Pu

    • @user-zm9pk6ki6b
      @user-zm9pk6ki6b Před 4 měsíci +3

      ကြောက်တာထက်သူကစကားမတတ်လို့အားငယ်ပြီးဘယ်သူ့ကိုမှမပြောရဲတာနေမှာပေါ့ ၊ကျမကတော့အိမ်ရှင်မကောင်းလို့အဖွဲ့အစည်းတွေကိုကူညီတောင်းလိုက်တာမို့အခုတော့အလုပ်ရှင်သစ်ဆီမှာအဆင်ပြေပြီ ၊အကြောက်လွန်ရင်ပြည်ပမှာအလုပ်မလုပ်ကြစေချင်ဘူး၊ပြည်ပထွက်ချင်ရင်ကိုယ်အဆင်မပြေရင်ဘယ်အဖွဲ့အစည်းကိုကူညီတောင်းရမလဲလို့အရင်မေးမြန်းစုံစမ်းသင့်ပါတယ်ဆရာလုပ်တာမဟုတ်ပါဘူးကိုယ်တိုင်လည်းအဲလိုသေချာစီစဥ်ပြီးမှလာတာပါ

  • @user-os5hp2zh4l
    @user-os5hp2zh4l Před 4 měsíci +22

    စလုံးက အထင်ကြီးစရာကိုမရှီတာ
    ဟန်ပဲရှီတဲ့နိုင်ငံ

  • @Komin-gk7qr
    @Komin-gk7qr Před 4 měsíci +6

    ကျနော်တို့မြန်မာနိုင်ငံသားတွေအားလုံး သူများနိုင်ငံတွေမှာ မျက်နှာငယ်လေးတွေနဲ့နိုမ့်ချဆက်ဆံခံနေကြရတာကို ရင်နာမိတယ်ဗျာ😢...အစိုးရကောင်းလို့ပါ😢

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      မကောင်းလို့ပါလို့ ပြောချင်တာလားလို့ 😅

    • @user-ve8go6pp3v
      @user-ve8go6pp3v Před 4 měsíci

      အစိုးရ ကကိုယ်ကျိုးဘဲကည့်လို့လေ စစ်အုပ်တစုရဲ့ လုပ်သားမူကြောင့်

  • @user-pd6mv8rx2g
    @user-pd6mv8rx2g Před 4 měsíci +4

    ဖြစ်နိုင်ရင်မြန်မာမိန်းကလေးတွေတခြားနိုင်ငံမှာအိမ်ဖော်မလုပ်သင့်ပါဘူး
    မိသားစုဝင်တွေကလည်းမိသားစုဝင်တယောက်ကိုချမနင်းသင့်ပါဘူး
    မြန်မာနိုင်ငံမှာဘဲစျေးရောင်းစတိုးဆိုင်စျေးဆိုင်စက်ချုပ်လုပ်ငန်းယက်ကန်းရုံပန်းခြံလက်မှုလုပ်ငန်းလုပ်စရာတွေတပုံကြီးပါ

    • @user-bu6to4us6g
      @user-bu6to4us6g Před 3 měsíci

      အဆင်မပြေကြဘူးလေဘယ်သူကရောသွားလုပ်ချင်ကြပါ့မလဲမိဝေးဖဝေးလူမျိုးမတူဘာသာမတူမတူတာပေါင်းများစွာထဲကိုလေ

  • @user-sg4gp9vz2y
    @user-sg4gp9vz2y Před 4 měsíci +5

    နားထောင်ရင်မျက်ရည်တွေကျလာမိတယ် သနားလိုက်တာညီမလေးရေ😢

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      ပြောရင်းနဲ့ တော်တော် စိတ်မကောင်းဖြစ်ရတယ်။

  • @sumlutsaunu9233
    @sumlutsaunu9233 Před měsícem +1

    ကံကံ ၏ အကျိုးပေါ့😊👍
    coming soon မအလ.! Waiting!

  • @maythet5591
    @maythet5591 Před 4 měsíci +5

    လူကြီး3ယောက်လုံးသေဒဏ်နဲ့ထိုက်တန်ပါတယ်

  • @KhinhninSi-gx9gx
    @KhinhninSi-gx9gx Před 4 měsíci +10

    ကျေးဇူးပါ။တရားဥပဒေထွန်းကားတဲ့နိုင်ငံမှာလူဖြစ်ရကျိုးနပ်အောင်စိတ်ထားလေးတွေကိုယ်စီပြုပြင်၍ချမ်းသာမှုအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ။❤

  • @yatiyati9237
    @yatiyati9237 Před 4 měsíci +6

    ညီမလဲခုစလုံးမာပါ😔ရောက်တာကြာပီခုလထဲလဲတိုင်းရင်းသူလေးတစ်ယောက်လုပ်ကြံသတ်ခံရသေးတယ်😔ကောင်မလေးအလောင်းတော့မြန်မာပြည်ပြန်ပို့လိုက်ပီအမှုကတော့စုံစမ်းနေတုန်း😢

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +2

      ဟုတ်ကဲ့ အဲ့ဒီအကြောင်းကို ကွန်မန့်တစ်ခုမှာလည်းတွေ့လိုက်တယ်။ ကြားလည်း ကြားမိလိုက်ပါတယ်။ စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ။ အမှုမှန်ပေါ်ပေါက်ပါစေလို့ပဲ ဆုတောင်းရတာပါပဲ။

    • @user-bu6to4us6g
      @user-bu6to4us6g Před 3 měsíci

      အမူမြန်မြန်ပေါ်ပါစေလူယုတ်မာတွေ

  • @jinifferlorashakenniferlorasha

    မြန်မာလူမိျုးအစစ်ဆိုတယုတ်အစိုးရကဘယ်နိုငါငံရောက်ရောကါသတ်ခိုင်းနေကျလေသတ်တဲ့သူကမွတ်ဆလင်မိျုးတွေလေ တယုတ်ကစပွန်ဆာဘယ်လောက်ကေးထားလည်းမသိတယုန်အတွက်တိုမွတ်တွေကအသက်ပါကေးနေကျလေ ဒိုင်ယာနာလင်ငယ်တို့ခုငမတထရအ့်လုပ်ကြံတဲ့မွတခကောင်လေးရယ်အစ္စရေူးပါလက်စတိုင်းစစ်ကွဲသာကြည့်ပေါ့တယုတ်ကမ္ဘာသိမ်းဖို့သူတို့မွတ်ဆလင်တွေအသက်တွေအများကြီးသေပေးနေတာလေ

  • @dawthidar4664
    @dawthidar4664 Před 4 měsíci +5

    ၀၌ကျွေးရှိရင်ကျေပါစေတော့သနားလ်ုက်တာ😂😂😂တူသောအကျိုးပေးခံရပါစေ

  • @user-me9eo5en8m
    @user-me9eo5en8m Před 4 měsíci +4

    ကိုယ်တိုင်ကြုံဖူးပါ စလုံးမှာ တစ်အားယုတ်မာတဲ့သူဠေးမ ရန်ကုန်ကပြောင်းပြီး စလုံးမှာနေတဲ့သူဠေးမ

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      🥲🥲🥲🥲 ဆိုးလိုက်တာ

    • @JKkimnuu
      @JKkimnuu Před 3 měsíci

      အဲ့ boss ကျမ သိတယ်

  • @cherrymay7539
    @cherrymay7539 Před 4 měsíci +3

    အေဂျင်စီ မြန်မာဘက်ရော စလုံးဘက်ကပါ လုံးဝ အားကိုးလို့မရ ပါ....

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      မြန်မာအလုပ်သမားတွေအတွက် တကယ်မလွယ်တာပါ။

  • @user-wb9qk5ml3z
    @user-wb9qk5ml3z Před 2 měsíci +1

    အေးချမ်းပါစေ rest in peace ညီမရေ 😭😭😭

  • @user-me9eo5en8m
    @user-me9eo5en8m Před 4 měsíci +3

    ကျမ ဆိုမနည်း ပြောဆိုပြီး ပြန်လာခဲ့ရတယ် အခုပြောတဲ့အိမ်ရှင်နဲ့အတူတူပါပဲ့လက်မပါတာတစ်ခုဘဲ့ ကျန်တာအတူတူပါဘဲ့ ကျမကိုပြန်ပို့ရင်ပို့မပိုရင်အပြင်သွားတဲ့အခါ ရဲစခန်းသွားတိုင်မယ်လို့ပြောလိုက်တယ်နိုင်ငံခြားသားမဟုတ်သေးဘူးဗမာသူဠေးသားအိမ်မှာလဲလုပ်ခိုင်းသူ့အိမ်မာလဲလုပ်ခိုင်းမနားရဘူးအပေါက်ကလဲဆိုး မလွယ်ပါဘူးဘဝတွေ နင်ပြောတတ်လို့လားပြောကြည့်တဲ့လေ စခန်းရောက်မှပြောမယ်လို့ပြောလိုက်တယ်ဖုန်းလဲမကိုင်ရနားရက်လဲမရှိအိမ်ကဖုန်းလာလဲခနဘဲ့ပေးပြောတယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      တော်တော်ဆိုးဆိုးပါလား။

  • @user-vp6rr6fg8z
    @user-vp6rr6fg8z Před 4 měsíci +4

    စက်ာပူကိုနားလည်တာကတော့သူ့နိုင်ငံသားတွေလုပ်ရင်အပြစ်ကိုလျှော့ပေါ့ထိန်ချန်ဖော့တွေးပေးပြီးတခြားနိုင်ငံကအလုပ်လာလုပ်သူတွေကိုတော့ရှိရင်းစွဲအပစ်ထက်ပိုမိုကြီးလေးအောင်လုပ်ပြီထောင်ဒဏ်နှစ်အများကြီးမတရားချတာပါပဲ
    သူတို့မှတစ်ပါးတစ်ခြားသူတွေကိုကိုယ်ချင်းမစာတတ်တဲ့အတ္တကြီးသောနိုင်ငံပါပဲ
    သနားလိုက်တာညီမလေးရေ😢😢😢
    ကိုယ်ချင်းစာဝမ်းနည်းရပါတယ်
    သေချာရှင်းပြပေးတဲ့အကို့ကိုကျေးဇူးတင်ပါတယ်နော်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      🥲🥲🥲 စိတ်မကောင်းရုံမှတပါး။

  • @shwethiri4992
    @shwethiri4992 Před 4 měsíci +6

    ရင်ထဲနင့်နေပါတယ်ထပ်တူခံစားရလို့ပါ

  • @babygirl8848
    @babygirl8848 Před 4 měsíci +5

    ကလေးမြို့က ချင်းမလေးပါ😍

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +2

      ဟုတ်ပါရဲ့ စိတ်မကောင်း ဖြစ်ရလွန်းလို့။

  • @user-ny2wn2qx4k
    @user-ny2wn2qx4k Před 4 měsíci +4

    စင်ကာပူ အစိုးရ ကိုကျေးဇူး တင်ပါတယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +2

      ဟုတ်ပါ့။ ဒါတောင် အခုနောက်ပိုင်းအမှုတွေဆို အရင်အမှုတွေလောက် အသံ သိပ်မထွက်တော့ဘူး။ ဒီအစောပိုင်းအမှုတွေကပဲ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့တာ။

    • @JKkimnuu
      @JKkimnuu Před 3 měsíci

      စင်ကာပူ အစိုးရ ကောင်းလွန်းလို့ လဲ မဟုပါဘူးနော် ၊စင်ကာပူမှာ နေထိုင်တဲ့ ကျမ တို့ ZIS အဖွဲ့အစည်းကနေ action ယူ နေ လို့သာ Piang Ngaih Don အမှုက တရား မျှ တ မှု ရ ရှိ လာနိူင်တာပါ ။ တကယ်လို့ ငါတို့မြန်မာ အဖွဲ့ အစည်း တခုခု က သူ့အတွက် ဘာမှ တာ၀န် မယူ ချင် ခဲ့ ကြရင် ဒီလောက် ကြီးလည်း စလုံး အစိုးရက အရေးယူ မှာ မဟု လောက်ဘူး

    • @JKkimnuu
      @JKkimnuu Před 3 měsíci

      အဲ့ဒါက တာ၀န် ယူ ချင်စိတ် မရှိ တဲ့ အဖွဲ့အစည်းနဲ့ ကြုံ ရလို့ ပါ တစ်ချို့ အဖွဲ့အစည်းတေက တရား ဉပဒေ မရင်ဆိုင် ချင် ကြ ဘူး နှစ်နာ သူအတွက် ကိုယ်ကျင့် စာစိတ် စာ နာ စိတ် မရှိ ကြ လို့ ပါ​@@StoryBearsMM

  • @ugyi5947
    @ugyi5947 Před 4 měsíci +9

    မြန်မနိုင်ငံမှာကတော့
    ဥပဒေအထက်မှာ
    စစ်တပ်ရှိနေတယ်လေ
    ဒါကြောင့်
    စစ်ကျွန်ဘဝကလွတ်အောင်ကြိုးစားကြရမယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      အရမ်းမှန်ပါတယ်ခင်ဗျာ။

  • @WaiYan-sj7by
    @WaiYan-sj7by Před 4 měsíci +3

    ကျွန်တော်တို့မြို့လေးက(ကလေးမြို့)​ချင်းပြည်နယ်နဲ့ကပ်လျှက်ထိစပ်နေတာပေါ့။ ချင်းလူမျိုးတွေထဲမှာ တချို့တလေစုန်းပြူးပါပေမယ့်
    တကယ့်အောက်ချင်းငှက်လေးလိုသစ္စာကြီးတဲ့လူမျိုးပါ။ 😊

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +2

      ဟုတ်ကဲ့။ ကျွန်တော့်အသိ ချင်းသူငယ်ချင်းတွေကတော့ အားလုံးက ရိုးသားဖြူစင်ကြတယ်။

    • @user-pd6mv8rx2g
      @user-pd6mv8rx2g Před 4 měsíci

      ချင်းလူမျိုးတွေကသစ်စာရှိကြပါတယ်

  • @N-lh2ny
    @N-lh2ny Před 4 měsíci +2

    အဲ့တုန်းက အရမ်းဝမ်းခဲ့ရတယ်မြန်မာလူမျိုးတွေကျွန်ခံရတဲ့ဘဝကနေအမြန်ဆုံးလွတ်မြောက်စေချင်ပီး

  • @user-kx3yh8jh7x
    @user-kx3yh8jh7x Před 4 měsíci +3

    Story bears ကပြောမှ တိတိကျကျသ်ရတယ်❤ သနားပါတယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      ဒီအကြောင်းကြောင့်‌ ရေးတုန်းကတစ်ခါ recording လုပ်တော့တစ်ခါ နားထောင်နေရင်းနဲ့လည်း အခါခါ စိတ်မကောင်းဖြစ်ရတယ်။
      ကိုယ်တိုင်တောင် မငိုမိအောင် အားတင်းထားရတယ်။

  • @eimifunnyvideochanel219
    @eimifunnyvideochanel219 Před 4 měsíci +4

    ေက်းဇူးပၚအကို

  • @myaaye4386
    @myaaye4386 Před 4 měsíci +2

    ကေါင်းမွန်သေါဘုံဘဝရောက်ပါစေ။

  • @user-ve8go6pp3v
    @user-ve8go6pp3v Před 4 měsíci +2

    ကျွန်မသာဆိုခံနေမှာမဟုတ်ဘူး ထွက်ပြေးမှာ ဘယ်ရောက်ရောက်အနိပ်ဆက်တော့မခံဘူး ပါသပ်ရှိတယ် သနားပါတယ် ဘယိလောက်ထိ ခံနေခဲ့ပြီလဲ

  • @user-ny1hh4gq1c
    @user-ny1hh4gq1c Před 3 měsíci

    ကျေးဇူးတင်တယ်

  • @sparkeysparkey2362
    @sparkeysparkey2362 Před 4 měsíci +2

    Thanks

  • @user-hj8my9ch6q
    @user-hj8my9ch6q Před 4 měsíci +2

    ကျေးဇူးအထူးတင်ပါတယ်ဆရာ

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @shinelay8830
    @shinelay8830 Před 3 měsíci +1

    စလုံးက တစ်ကယ် စည်းကမ်းကြီးသလောက် ကိုယ်ချင်းစာတရားနည်းတယ်

  • @myintmyint2614
    @myintmyint2614 Před 3 měsíci

    မဂ်လာ ညချမ်းလေးပါ ရှင့် ကျေးဇူးအများကြီးတင်ပါတယ် ရှင့်🌹🌹🌹🌹🌹

  • @user-nv9jf6fb2n
    @user-nv9jf6fb2n Před 2 měsíci

    ဦးဘိုနီအမှု့မှန်ဖော်ထုတ်ပြီးတရားခံများကိုအပြစ်ပေးနိုင်တဲ့မြန်မာနိုင်ငံတရားသူကြီးများကိုလေးစားပါတယ် 😅ရှက်ရင်သေလိုက်

  • @MaLay-if3jn
    @MaLay-if3jn Před 2 měsíci

    မြန်မာတိုင်းရင်သား
    မြန်မာပြည်သူတွေရဲ့ ဘ၀က😢နာကျင်မှုတွေနဲ့မိသားစုအမူတွေနဲ့
    စိတ်ထဲမကောင်းလိုက်တာ
    ငိုတောင်ငိုချင်လာတယ်
    တကယ်ပါကော့မစ်ရေးတာ
    ဒါပထမဦးဆုံးပါပဲ
    ရင်ထဲတော်တော်မကောင်းဘူး
    သူရဲ့ဘ၀လေး
    ဘ၀ဆက်‌ဆက်ဒီလို့အဖြစ်ဆိုးမျိုးတွေနဲ့ထပ်မတွေကြုံတွေရပါစေနဲ့
    ဘုရား😢😢😢မျက်ရရည်တွေနဲ့ဆုတောင်းပေးပါတယ် လေးလေးနက်နက်ပါ

  • @user-io1rr6fj1r
    @user-io1rr6fj1r Před 3 měsíci

    ငါတို့မြန်မာတွေ တိုင်းတပါးမှာ မတရားနှိပ်စက်ခံရခြင်း အတိုင်းထက်အလွန်စေခိုင်းခံရခြင်းမှ ကင်းဝေးကြပါစေ🙏🙏🙏
    မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ...
    အလုပ်အကိုင်များလည်း အမြန်ဆုံးပေါများပါစေ...
    ဒါမှ တိုင်းတပါးရောက်နေတဲ့ မြန်မာတွေအားလုံး ကိုယ့်မြေကိုယ့်ရေမှာ ပြန်လာပြီး ကောင်းကောင်းမွန်မွန်နဲ့ အလုပ်လုပ်ကိုင်နိုင်မှာ။

  • @juliajulia3301
    @juliajulia3301 Před 3 měsíci

    agent အချို့ဟာ တရားဝင်လူကုန်ကူးလက်မှတ်ရတဲ့အတိုင်း.ငါ့လက်ကလွတ်​ပြွတ်ဆိုတဲ့ငွေရှိအောက်တန်းစားတမျိုးသာသာ..တဖက်လူရဲ့ဘဝ သူ့ကိုအမှီပြုရဲ့မိသားစု.ဘဝပျက်ပျက်သေချင်သေ သောက်ဂရုမစိုက်..စာအုပ်ကြီးအတိုင်းနှလုံးသားမပါ..ငါဘောင်မကျော်ဘူးဆိုပြီးခပ်တင်းတင်းဘဲ

  • @-esther4357
    @-esther4357 Před 4 měsíci

    Thankyou for covering this case ကို bolar beer . I watch every videos of your channel 😊

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      So nice of you. Thanks a lot. 🙏🙏🙏

    • @-esther4357
      @-esther4357 Před 4 měsíci

      You’re welcome 🙏 and you get more views on criminal videos more than ghosts stories videos 😊

  • @MgTun-pz4ti
    @MgTun-pz4ti Před měsícem

    ညီမလေး ပီယံ နောင်ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိူး ထပ်မကြုံပါစေန့ဲ ကိုယ်ချစ်ရတ့ဲမိသားစုန့ဲအတူ ချမ်းချမ်းသာသာနေနိူင်ပါစေ ပိုလာဘဲလည်း ကျန်းမာချမ်းသာပါစေ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကိူ ဆက်တိုက်တင်ပေးပါ အားပေးနေပါတယ်

  • @Iadyfinger
    @Iadyfinger Před měsícem

    အရမ်းသနားတယ် နားထောင်ရတာ😢

  • @jinifferlorashakenniferlorasha

    သတ်တဲလမိသားစုကတယုတ်မူးယစ်နယ်ရုပ်မွတ်ဆလင်နွားမိျုးတွေလေ

  • @EISoe-xq3to
    @EISoe-xq3to Před 4 měsíci +1

    ကျေးဇူးတင်ပါတယ်
    အမှု့ဖြစ်စဥ်အသေအချာ
    ပြောပြပေးလို့ 😊

  • @yuyunaing5507
    @yuyunaing5507 Před 4 měsíci +1

    သနားစရာကောင်းလိုက်တာ

  • @ThaeTaung
    @ThaeTaung Před 3 měsíci +1

    နိုင်ငံခခြားသွားရံန်ဥိးပတေမလွင်ရုံင်နိုင်ဘူးလာ

  • @nantconstance747
    @nantconstance747 Před 3 měsíci

    God bless you

  • @ukyiaye241
    @ukyiaye241 Před 3 měsíci

    စိတ်မကောင်းလိုက်တာဗျာ၊ ပြောစရာစကားတောင်ရှာမရဘူး၊ ကောင်းရာသုဂတိလားပါစေ။

  • @MoNo-up4ul
    @MoNo-up4ul Před 4 měsíci +1

    သနားစရာကောင်းလိုက်တာဗျာ
    နောင်ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးမကြုံပါစေနဲ့လို့ဆုတောင်းပေးပါတယ်ဗျာ 😫😥

    • @StoryBearsMM

      ဟုတ်ပါ့ အဲ့လိုပဲ ဆုတောင်းမိပါတယ်ခင်ဗျာ။

  • @Bbawi
    @Bbawi Před 4 měsíci

    အနိုင်ရပါစေလို့ဆုတောင်းပေးပါတယ် နက်နာသူကို ရောကြီးအများပြာပေးသင့်တယ်။

  • @shangwi
    @shangwi Před měsícem

    ပွဲစားတွေ အသုံးမကျတာ လဲ ပါတယ်

  • @papuia2372
    @papuia2372 Před 4 měsíci +1

    New subscriber!

  • @saiaung3467
    @saiaung3467 Před 2 měsíci

    စလုံးလို စည်းကမ်းကြီးတဲ့ နိုင်ငံမာတောင်ရှိတာ မြန်မာနိုင်ငံမာ လူသတ်မှုတွေပိုများမာ နှစ်နာသူတွေပိုတောင်များမာ

  • @hgfd5426
    @hgfd5426 Před 4 měsíci +2

    ရုပ်တွေကိုလဲကြည့်ပါလား Lရုပ်တွေနဲ kmklများ အသားတွေတုန်တယ် ဒေါးသထွက်လို

    • @wunpawngsai5471
      @wunpawngsai5471 Před 4 měsíci

      ဟုတ်တယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      🥲🥲🥲 စိတ်လျှော့ပါ။ ဒီလိုကိစ္စတွေက နေရာတိုင်းမှာလည်း ရှိတာပါပဲ။ မြန်မာပြည်မှာလည်း ရှိမှာပါပဲ။ မြန်မာပြည်မှာကျ တစ်ခုခုဆို ပြေးလို့ ပြုလို့ လွယ်တော့ ခုလိုမျိုးထိ မှုခင်းမဖြစ်တာမျိုးလည်း ဖြစ်မှာပေါ့လေ။
      မြန်မာပြည်မှာကျ အိမ်ဖော်တွေက အိမ်ရှင်တွေကို လူလည်ကျတဲ့ အမှုက နည်းနည်း ပိုများတယ်။ အဲ့ဒါတွေကလည်း အိမ်ဖော်မဟုတ်တဲ့ လူလိမ်တွေပါလေ။ တကယ်ကောင်းတဲ့ အိမ်အကူတွေ အိမ်ဖော်တွေ ရှိပါတယ်။

  • @enzertuang
    @enzertuang Před 4 měsíci +1

    အချက်ကျကျ Review React တင်ဆက်ပေးလို့ ကျေးဇူးပါ မျက်လုံးပါ ပြန် ပုတ်ခတ် မိတယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @paulun1968
    @paulun1968 Před 4 měsíci +1

    ဖေါ်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ စိတ်နာတယ်ဗျာ

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      အမှန်တော့ စင်္ကာပူမှာမှ မဟုတ်ပါဘူး တခြားနိုင်ငံတွေမှာလည်း အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့ အဖြစ်အပျက်တွေက ရှိတာပါပဲ။ စိတ်မကောင်းစရာ အဖြစ်ပေါ့။

  • @SuSu-bl1es
    @SuSu-bl1es Před 3 měsíci

    အခုလိုအမှု့ဖြစ်စဉ်အစကနေအဆုံးထိတင်ပေးလို့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။အမိန့်ချတဲ့ပြစ်ဒဏ်က နည်းတယ်လို့ ထင်မိတယ် အိမ်ရှင်ရဲ့ဧည့်သည်အဖွားကြီးကိုပြန်သတ်မိတဲ့ ဇင်မာနွယ် အမိန့်ထက်စာရင်...

  • @user-jk6bl3fc3g
    @user-jk6bl3fc3g Před 4 měsíci +3

    အကိုရေကျွန်တော် brother ကိုပြောပြစေချင်တဲ့မူခင်းတွေရှိလာခဲ့ရင် အကိုပြောပြပေးဖို့အဆင်ပြေမလား😊
    အကိုလုပ်တဲ့ Video Content တွေကနည်းနည်းရှည်တယ်ဆိုပေမယ့် ဖြစ်စဥ်အပြည့်အစုံ စ//ဆုံး ပါလို့ အကိုVideo content တွေပိုကဘောကျလို့ပါ😊
    Please reply Bro🙏
    Thank you.

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      ဟုတ်ကဲ့ ပြောပြပေးလို့ရပါတယ်ခင်ဗျ။ သတင်းအချက်အလက် ရှာဖွေရတာရယ် နောက် မှုခင်းအကြောင်းအရာပေါ်ရယ် မူတည်ပါတယ်ခင်ဗျာ။
      လူမှုရေး လူမျိုးရေးပြဿနာတက်စေမယ့် အကြောင်းအရာမျိုးဖြစ်နေမယ်ဆိုရင်တော့ ပြောဖို့ရာ သိပ်အဆင်‌မပြေလောက်တာတော့ညရှိမယ်ခင်ဗျ။

  • @Bbawi
    @Bbawi Před 4 měsíci

    နောက်ဆိုစလုံး ပွဲတွေက လုံး၀ကို ထိထိ ရောက်ရောက် ပြင်ဆင်ဖို့လိုတယ်

  • @yeyintwai5977
    @yeyintwai5977 Před 2 měsíci

    နားထောင်ပီးစိတ်တောင်တော်တော်မကောင်းဘူး ကမ္ဘာမှာမှမြန်မာနိူင်ငံမှာလူလာဖစ်ရတာကိုက တကယ့်ငရဲဘဲ😔

  • @CiCi-dj9ym
    @CiCi-dj9ym Před měsícem

    ကုလာအများစုကအဲ့အတိုင်းပဲ

  • @ayemyatmaw4298
    @ayemyatmaw4298 Před 4 měsíci +1

    စိတ်မကောင်းလိုက်တာ😢😢😢

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      ဟုတ်တယ် အတူတူပါပဲ။

  • @nilarlinn
    @nilarlinn Před 4 měsíci

    အားပေးလျှက်ပါရှင့်❤ခု မှတိတိကျကျပြည့်ပြည့်စုံစုံသိရတယ်
    ရှင့်။ အဲ့အကြောင်း နားထောင်ဘူးတယ်လေ။ စိတိမကောင်းလိုက်တာ ။
    ပြန်လို့လည်းမရ သူဘယ်လောက်ခံစားရမလညိးမသိ
    မိသားစုတွေအားလုံး ရက်စက်တာ 😢

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      ဟုတ်ပါ့ တော်တော် စိတ်မကောင်းဖြစ်ရတဲ့ အမှု။

  • @user-gp9vg2xp7o
    @user-gp9vg2xp7o Před 3 měsíci

    ယုတ်မာတဲ့ကောင်အသေးသတ်လိုက်

  • @mghar1019
    @mghar1019 Před 3 měsíci

    ရင်နာလိုက်ဒါ

  • @naymoytun2737
    @naymoytun2737 Před 4 měsíci +1

    စ လုံးနိုင်ငံဥပဒေပြဋ္ဌာန်းချက်ကကျောသားရင်သားမခွဲခြား တိကျပြတ်သားတာကိုအထင်ကြီးလေးစားစရာပါ ဒါပေမဲ့ စ နိုင်ငံဆိုတာ ကိုယ်ပိုင်လူမျိုး ကိုယ်ပိုင်ဘာသာစကား ကိုယ်ပိုင်စာပေမရှိကတည်းက လူမျိုးပေါင်းစုံ ဘာငါပေါင်းစုံရောသမမွှေထားတဲ့နိုင်ငံပါ အဲ့ထဲမှာမှ ခုတရားခံမမွတ်ကုလားလူမျိုးသားအမိသာ အယုတ်မာဆုံး မွတ်ဆလင်ကုလားဆိုတာက ကြက် ဘဲ ဝက်အမဲ ကအစရိုးရိုးမသတ်လည်လှီးသတ်တဲ့ယုတ်မာအယူလွှဲနေကြတဲ့ မွတ်ဆိုတာတေဘဲ ကောင်းတဲ့မွတ်တေကိုမဆိုလိုပါ်

  • @parcu5883
    @parcu5883 Před 3 měsíci

    မြန်မာနိုင်ငံသားအားလုံးအခြားနိုင် 5:21 ငံတွေမှာအေးချမ်းပါစေ

  • @user-bp6zl5og5t
    @user-bp6zl5og5t Před 3 měsíci

    အနောနီးမက်တို့အောင်ခန့်ပို တို့ကအရည်အချင်းလဲမရှိ၊ဘာမှလဲမဟုတ်
    သေးခင်ဘဝင်မြင့်ပီးပရိတ်သတ်ကိုအရင်‌ဆုံးစော်ကားတာပဲ၊အဲ့လိုဖွတ်ကျားတွေက ကံကောင်းချိန်ကောက်ရိုးမီးလို ခနတာတောက်လောင်ပီး အချိန်တိုအတွင်းဝေးလွင့်ပျောက်ပျက်သွားပီး
    စိတ်ကောင်းရှိသူဆိုရင်
    တော့ပရိတ်သတ်ကရေရှည်ချစ်ခင် အားပေးချီးမြှောက်ကြတာပဲ၊

  • @KiKi-rx5qb
    @KiKi-rx5qb Před 4 měsíci +1

    ဒီ သတင်းလေး သိတာကြာခဲ့ပါပြီ၊ ဒါမယ့် polar bear က ပြန်တင်ဆက်လို့ ပြန်‌နားထောင်ရင်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်၊ ကိုယ့်နိုင်ငံက အစစနိမ့်ကျနေတော့ ဒီလို အနိုင်ကျင့်ခံရတာတွေ အများကြီးဖြစ်နေမှာပါပဲ၊ ဒါတောင် သူများနိုင်ငံက တရားရေးစိုးမိုးပြီး အမှုမှန်ပေါ်အောင်ကူညီပေးလို့တော်သေး ဆိုရမယ်။ နိုင်ငံနဲ့ချီပြီးတော့ မပြောချင်ပါဘူး၊ ကောင်းသူ မကောင်းသူကတော့ နေရာတိုင်း နိုင်ငံတိုင်း ရှိနေတာမို့။

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      ဟုတ်တယ်။ ကျွန်တော်လည်း လူတိုင်းသိပြီးသားသတင်း မပြောတော့ဘူးဆိုပြီး စဉ်းစားတာ။ ဒါပေမယ့် စီရင်ချက်ထားတာတွေ ရင်ဆိုင်နေဆဲ အမှုတွေအကြောင်နဲ့ တချို့အချက်အလက်လေးတွေကို ပြောထားတာ မတွေ့သေးလို့ ပြောမယ်ဖြစ်သွားတာ။
      ဒီအကြောင်းကို စာတွေ လိုက်ရှာဖတ်နေတုန်းရော ပြောနေတုန်းရောကို တော်တော် စိတ်မကောင်းဖြစ်ရတယ်။

  • @linmary6481
    @linmary6481 Před 4 měsíci

    ဒီသတင်းကြားတိုင်းစိတ်မကောင်းဖြစ်မိတယ် အိမ်အကူဆိုတာမလွယ်ပါဘူး
    အထူးသဖြင့် ချင်းလူမျိုးတွေ ဒီလိုအဖြစ်မျိုးနဲ့ကြုံရတတ်တာ မနေ့တနေ့ကမှ ချင်းမလေးတယောက်လည်း အကြောင်းအရင်းတိတိကျကျမသိရပဲ အိမ်ပေါ်ကခုန်ချတယ်ဆိုပီး ဆုံးသွားတော့ ဒီမှာပဲအလောင်းကို သဂြိုလ်ပေးရတယ် 😢သူ့အဖြစ်ရပ်အမှန်လေးလည်းအမြန်ပေါ်ပါစေ ဆုတောင်းပေးပါတယ် 🙏အားလုံးဘေးကင်းကြပါစေ❤

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      ဟုတ်ပါ့။ သူ့အဖြစ်မှန်လည်း မြန်မြန်ပေါ်ပါစေ။ 😢😢

  • @AyeThida-fc6pl
    @AyeThida-fc6pl Před 3 měsíci

    သူများးနိုင်ငံမပြောနဲ့
    ဒါမျိုးတွေကိုယ့်နိုင်ငံမှာလဲရှိတယ်

  • @MaZarZar-hu1ec
    @MaZarZar-hu1ec Před 3 měsíci

    စင်ကပူ ဉပဒေကိုလေးစားပါတယ်

  • @BiGGY427
    @BiGGY427 Před 4 měsíci +1

    😢😢😢

  • @joesanga7x740
    @joesanga7x740 Před 4 měsíci +1

    Singapore ကို ရွံသွားပီ
    မလေး အင်ဒို တရုပ် လူမျိုးအောက်တန်းစားတွေ ပေါင်းစုနေတဲ့ နိုင်ငံ

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတဲ့ သဘောပါပဲ။ သူ့နိုင်ငံအနေနဲ့ သူက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်တော့ ကောင်းတဲ့အပိုင်းတွေ ရှိပေမယ့် အခုလိုမျိုး အောက်ခြေသိမ်းလုပ်ကြရတဲ့သူတွေ အားနည်းတဲ့သူတွေက အနိုင်ကျင့်ခံရတာပေါ့လေ။

    • @yegyi1867
      @yegyi1867 Před 4 měsíci

      Singapore ဥပဒေ ဖတ်ကြည့်"ပါအုံးခိုင်မာတယ် ဗျ .. သူတို့ပြစ်မှုကို ဥပဒေ အတိုင်း တင်း"ကြပ်"ကိုင်တွယ်တာ middle east က နိုင်ငံတွေလို မဟုတ်ဘူး

  • @uulay637
    @uulay637 Před 4 měsíci

    ❤❤❤

  • @wunpawngsai5471
    @wunpawngsai5471 Před 4 měsíci +1

    ကျမ နဲ့နီးနီးလေးမှာပဲ Bishanမှာ ဖြစ်သွားတာ။ ကျမဒီမှာ နေတာ ၁၂ နှစ်ပြည့်တော့မယ်။ အဲဒီနေ့တော်တော် Hot New ဖြစ်သွားတယ်။

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      တကယ် စိတ်မကောင်းစရာပါပဲ။

    • @wunpawngsai5471
      @wunpawngsai5471 Před 4 měsíci

      ​@@StoryBearsMMဟုတ်တယ်

    • @jinjin7938
      @jinjin7938 Před 4 měsíci +1

      အဓိကအကြောင်းရင်းကတော့မြန်မာပြည်ကလုပ်ခလစာနည်းတော့သူများနိုင်ငံမှာသွားလုပ်ရတာပေါ့လေ၊ကောင်းတဲ့အလုပ်ရှင်ရှိသလိုစာနာစိတ်မရှိတဲ့သူလည်းရှိပြန်တော့ကလေးမလေးက၀ဋ်ကြွေးရှိတော့အဲ့လိုအိမ်မှာခုလိုအဖြစ်ဆိုးကြီးနဲ့ကြုံရတာပေါ့၊သူ့ကိုအနိုင်ကျင့်ထားတဲ့သူတွေကိုမခြောက်ဘူးလားမသိဘူး။

  • @TharGyi-jf7or
    @TharGyi-jf7or Před 3 měsíci

    လုပ်ရက်တယ်၊စိတ်မကောင်းပါဘူး

  • @user-el1tx5jh5u
    @user-el1tx5jh5u Před 4 měsíci +1

    မျာများပြောပေပါ

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      ဟုတ်ကဲ့ပါခင်ဗျာ။

  • @user-lg1cn3rz7p
    @user-lg1cn3rz7p Před 2 měsíci

    Comment က ကောင်တွေ မင်းအမေ စောက်ဖုတ်လား။ ငါ့အမ အဲလို ကြုံခဲ့ရတာ ပိုက်ဆံပေးပီး ပြန်ရွေးခဲ့ရတာ။

  • @thidaaye2489
    @thidaaye2489 Před 4 měsíci

    စက်ာပူကအထင်ကြီးစရာနိုင်ငံမဟုတ်ဘူး.တရုတ်လူမျိုး​တွေအနည်းစုဘဲရှိပြီးမ​လေးကုလား​တွေအများစုပါ.​ကျေးဇူးပါ.🌷🌷🌷🍃🍃🍃

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုပ်ရသလိုပါပဲ။ ဒါပေမယ့် ခုနောက်ပိုင်းကလည်း အခုလိုမျိုး လူမှုရေးရာမှာ ပြဿနာတက်နေတဲ့ လူတွေအများကြီးရှိလာတာ ငြင်းမရတဲ့အချက်ပါပဲ။ စလုံးမှမဟုတ်ပါဘူး ဒီလိုမျိုးလူတွေက မြန်မာနိုင်ငံမှာလည်း ရှိတယ်လို့ ပြောရမယ်ထင်တယ်။

    • @thidaaye2489
      @thidaaye2489 Před 4 měsíci

      @@StoryBearsMM ငါးခုံးမတ​ကောင်​ကြောင်.တ​လှေလုံးပုပ်ရတာမဟုတ်ပါဘူး.အခုသတ်သွားတဲ.အိမ်ရှင်​တွေကလည်းကုလားရုပ်​ပေါက်​နေတယ်.မ​လေရှားကကုလား​တွေကသူတို.နိုင်ငံမှာမရှာစားဘူးပိုက်ဆံကြီးတဲ.စက်ာပူမှာသွားရှာစားပြီး​သောကြာ​နေ.ဆိုစက်ာပူက​နေမ​လေးရှားကိုကုန်းလမ်းက​နေပြန်တယ်တနဂ်​နွေညဘက်ဆိုမ​လေးရှားက​နေစက်ာပူကိုတနလ်ာ​နေ.အလုပ်ပြန်တက်ဖို.အမှီပြန်ကြတယ်.ကျမတို.မြန်မာနိုင်ငံကလူ​တွေထိုင်း​ငွေကမြန်မာ​ငွေထက်ကြီး​တော.အလုပ်သွားလုပ်သလိုမျိုး​ပေါ.သူတို.စကာ်ပူကရတဲ.လခ​တွေမ​လေးရှားမှာရှိတဲ.မိဘ​တွေကိုလွှဲ​ပေးတယ်.ကျမကိုယ်တိုင်သိခဲ.ရတာပါ.၂နိုင်ငံစလုံးအမျိုး​တွေရှိတယ်သူတို.​ပြောပြတာ.​ကျေးဇူးပါ.🤝🏼🤝🏼🤝🏼🍃🍃🍃

    • @mayhnintintun6539
      @mayhnintintun6539 Před 4 měsíci

      Not true all are not Malaysians,there is alot of Singaporean chinese

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      @@mayhnintintun6539Thanks for clarifying. I'll include this information in this video.

  • @user-cl2oy9xq9q
    @user-cl2oy9xq9q Před 4 měsíci

    😢💔💔💔

  • @hninhnin6964
    @hninhnin6964 Před 4 měsíci

    စကားပြောတာအသံကိုပဲလျော့ရင်ပိုကောင်းမယ်ကလေးမြို့ခလေးမြို့မဟုတ်ဘူး

  • @thathaaye3683
    @thathaaye3683 Před 4 měsíci

    🥰🥰👍👍

  • @endthesonham1449
    @endthesonham1449 Před 3 měsíci

    I know I bout her too (polar bear ) Mide me so sad

  • @hserkabaw9439
    @hserkabaw9439 Před 4 měsíci

    😢

  • @user-me9eo5en8m
    @user-me9eo5en8m Před 4 měsíci

    ကျမ ဆိုမနည်း ပြောဆိုပြီး ပြန်လာခဲ့ရတယ် အခုပြောတဲ့အိမ်ရှင်နဲ့အတူတူပါပဲ့လက်မပါတာတစ်ခုဘဲ့ ကျန်တာအတူတူပါဘဲ့ ကျမကိုပြန်ပို့ရင်ပို့မပိုရင်အပြင်သွားတဲ့အခါ ရဲစခန်းသွားတိုင်မယ်လို့ပြောလိုက်တယ်နိုင်ငံခြားသားမဟုတ်သေးဘူးဗမာသူဠေးသားအိမ်မှာလဲလုပ်ခိုင်းသူ့အိမ်မာလဲလုပ်ခိုင်းမနားရဘူးအပေါက်ကလဲဆိုး

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      အမလေး။ တိုင်းတပါးရောက် ကိုယ့်မြန်မာတွေကလည်း ခေါင်းပုံဖြတ်တာမျိုးလည်း တော်တော်ရှိတာပါလား။

  • @zawwin2228
    @zawwin2228 Před 4 měsíci +1

    ဟုတ်ပါတယ် လူတွေက
    ကိုနာမှသိပါတယ်။
    နောင်တရကြပါ။

  • @nweyee5877
    @nweyee5877 Před 4 měsíci

    Because of our country condition we r facing this obstacles.

  • @sabaikyi3498
    @sabaikyi3498 Před 4 měsíci

    SINGAPORE IS SAFE TOSTAY . VERY LAWFUL . ❤

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      it is indeed very lawful. But sadly, such cases are on the rise in recent years.

  • @user-zi3zt9cb1e
    @user-zi3zt9cb1e Před 4 měsíci

    သနားပါတယ်

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      ဟုတ်တယ်။ တော်တော်စိတ်မကောင်းဖြစ်ရတာ။

  • @silentnight9024
    @silentnight9024 Před 3 měsíci

    Dark Asia with Magan မှာလည်းတင်ထားတယ်အဲ့ဒီအကြောင်းက

    • @StoryBearsMM
      @StoryBearsMM  Před 3 měsíci

      ဟုတ်တယ်ခင်ဗျ။

  • @Unaingwin-le5ni
    @Unaingwin-le5ni Před 4 měsíci

    ကျက်သရေတုံးတဲ့ရုပ်တွေနဲ့

  • @thanzawwin5156
    @thanzawwin5156 Před 3 měsíci

    စလုံးမှာလဲ ကုလားတွေ လာကြီးစိုးနေတယ်

  • @hart6127
    @hart6127 Před 4 měsíci +1

    😢😢😢😢😢😢😢😢

  • @user-bu6to4us6g
    @user-bu6to4us6g Před 3 měsíci

    သနားပါတယ်နော်ကျွန်မတို့လဲလုပ်ခဲ့ဘူးလို့ခံစားရတာတွေသိပါတယ်ကျွန်မတို့တုန်းကလည်းရူးမလိုတောင်ခံစားခဲ့ရတယ်အဲ့တုန်းကလည်းဥပဒေကအခုလောက်မကောင်းဘူးလေ No phone No offday နဲ့ပဲလေအပြင်သွားရင်အိမ်ထဲမှာတခါးသော့ခတ်ခဲ့ကြတာအဲ့လိုနေ့မျိုးဆိုအစားအစာတောင်မစားရပါဘူးခွေးနဲ့အတူအစားအစာလုစားရတယ်အရမ်းခက်ခဲတယ်အခုတော့နောက်လာမလားဆိုတော်ပါပြီပဲဖြေတော့တယ်😢😢😢😢😢စိတ်နာမိ