မြစ်ကြီးနား မှာ ရောက်ဖူးသင့်တဲ့ (၃) နေရာ | 3 Must Visit Places in Myitkyina

Sdílet
Vložit
  • čas přidán 25. 06. 2024
  • မြစ်ကြီးနား က ရောက်ဖူးသင့်တဲ့နေရာလေးတွေကို အရင်က ကျွန်တော် ဗီဒီယိုလေး တင်ပြခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက မပါဝင်ခဲ့တဲ့ နေရာလေး (၃) ခုအကြောင်းကို ဒီ​ ဗီဒီယိုလေးမှာ ထပ်ဖြည့်တင်ဆက်ပေးပါရစေ။ စိတ်ဝင်စားစရာ နေရာလေးတွေဖြစ်ပြီး သွားလာဖို့ လမ်းကြောလည်း သင့်ပါတယ်။
    0:00 မြစ်ကြီးနား မှာ ရောက်ဖူးသင့်တဲ့ (၃) နေရာ | 3 Must Visit Places in Myitkyina
    1:20 (၁) ဂျော်ဘွမ်ဆုတောင်းတောင် | (1) Jaw Bum Prayer Mountain
    ဒီ ဂျော်ဘွမ်ဆုတောင်းတောင် ဟာ ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဆုတောင်းတောင် ဖြစ်ပြီး လမ်းလျှောက်လို့ရော၊ ကားနဲ့ပါ တက်ရောက်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ပေ ၆၀၀ ကျော်မြင့်မားတဲ့ မျှော်စင်တစ်ခု တောင်ထိပ်မှာ ရှိပြီး မြစ်ကြီးနားဝန်းကျင်က အထင်ကရနေရာတွေကို ရှုခင်းကောင်းကောင်းကြည့်ရှုခံစားလို့ရတဲ့နေရာလည်း ဖြစ်ပါတယ်။ ဆိတ်ငြိမ်လှပပြီး ဝတ်ပြုဆုတောင်းလို့ ကောင်းမွန်တဲ့နေရာပါ။
    5:50 (၂) မဇျွီမလာဘဗောဓိဘုရားကြီး | (2) Mizzima Lar Ba Bawdi Buddha Image
    ထိုင်တော်မူကြီး လို့ လူသိများတဲ့ မဇျွီမလာဘဗောဓိဘုရားကြီးဟာ ဉာဏ်တော် ၁၀၈ ပေရှိတဲ့ ကချင်ပြည်နယ်ရဲ့ အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးအတွင်းက လိုဏ်ဖြစ်ပြီး အတွင်းကိုလည်း​ ဝင်ရောက်ဖူးမြင်နိုင်ဖို့ ဆက်လက်တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ဘုရားပုရဝုဏ်ဝန်းကျင်မှာလည်း သစ်သားကို ထွင်းထုထားတဲ့ ရုပ်ပွားတော်တွေကို ထားရှိထားပါသေးတယ်။
    9:17 (၃) ချစ်သူလမ်းကြား | (3) Love Lane
    ဒီ ချစ်သူလမ်းကြား ကတော့ ဓါတ်ပုံရိုက်ချင်စရာကောင်းလောက်အောင် စွဲဆောင်နေတဲ့ ရာဘာတောလေးပါ။ လူငယ်တွေကြား ရေပန်းစားတဲ့လမ်းလေးလို့ သိရပါတယ်။
    မြစ်ကြီးနားက စိတ်ဝင်စားစရာ ဒီနေရာ (၃) နေရာကို ဒီ​​ ဗီဒီယိုလေးက တဆင့် ခေါ်ဆောင်သွားချင်ပါတယ်ခင်ဗျာ...
    အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ
    သီဟလုလင် (Thiha, the Traveller)

Komentáře • 11

  • @KayZin-ze7ot
    @KayZin-ze7ot Před 11 měsíci +1

    ကျေးဇးပါထပ်သွားချင်ပါသေးတယ်

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      မြစ်ကြီးနားမြို့လည်း သူ့အထာနဲ့သူ လည်စရာများနေရောပဲနော်

  • @awngmaran4161
    @awngmaran4161 Před 9 měsíci +2

    ***မျှော်စင်အမြင့်ပေ(၆၀)ကျော်ပဲ ဖြစ်ပါလိမ့်မယ်။ဂျော်ဘွမ်မျှော်စင်အမြင့်၊ပေ(၆၀၀) တော့နဲနဲများသွားပါတယ်။။

    • @ThihaLuLin
      @ThihaLuLin  Před 9 měsíci

      မပြောတတ်ဘူးဗျ
      မှတ်သားမိတဲ့အတိုင်းပါပဲ

  • @ThanTNge
    @ThanTNge Před rokem +1

    ကျေးဇူးတင်ပါတယ် Stay safe!

  • @brojimmy811
    @brojimmy811 Před rokem +1

    Good

  • @sapal9364
    @sapal9364 Před rokem

    Thank you so much ♥️

    • @ThihaLuLin
      @ThihaLuLin  Před rokem

      Thanks for enjoying video par bya 💕

  • @hosaingmeteless301
    @hosaingmeteless301 Před 8 měsíci

    $ပိုတွေ ဂျော်ဘွန်ဆိုတာ ငါတို့ဟိုးငယ်ငယ်က ခနခန ရောက်ဖြစ်တယ် ပျော်စရာလည်းကောင်းတယ်.. ခုတော့ ဟိုလူမဝင်ရဘူး ဒီလူမဝင်ရဘူး ဘာကြေး ညယကြေးနဲ့ $ ပုံမလာတော့ဘူး တကယ်က ခုဆို ကချင်တွေကလွဲ တော်ရုံလူတွေ မသွားဖြစ်ကြတော့ဘူး ဆိုက်ကိုတွေ သိပ်များတယ်