မြစ်ကြီးနား မှာ ရောက်ဖူးသင့်တဲ့ (၃) နေရာ | 3 Must Visit Places in Myitkyina
Vložit
- čas přidán 28. 06. 2024
- မြစ်ကြီးနား က ရောက်ဖူးသင့်တဲ့နေရာလေးတွေကို အရင်က ကျွန်တော် ဗီဒီယိုလေး တင်ပြခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက မပါဝင်ခဲ့တဲ့ နေရာလေး (၃) ခုအကြောင်းကို ဒီ ဗီဒီယိုလေးမှာ ထပ်ဖြည့်တင်ဆက်ပေးပါရစေ။ စိတ်ဝင်စားစရာ နေရာလေးတွေဖြစ်ပြီး သွားလာဖို့ လမ်းကြောလည်း သင့်ပါတယ်။
0:00 မြစ်ကြီးနား မှာ ရောက်ဖူးသင့်တဲ့ (၃) နေရာ | 3 Must Visit Places in Myitkyina
1:20 (၁) ဂျော်ဘွမ်ဆုတောင်းတောင် | (1) Jaw Bum Prayer Mountain
ဒီ ဂျော်ဘွမ်ဆုတောင်းတောင် ဟာ ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဆုတောင်းတောင် ဖြစ်ပြီး လမ်းလျှောက်လို့ရော၊ ကားနဲ့ပါ တက်ရောက်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ပေ ၆၀၀ ကျော်မြင့်မားတဲ့ မျှော်စင်တစ်ခု တောင်ထိပ်မှာ ရှိပြီး မြစ်ကြီးနားဝန်းကျင်က အထင်ကရနေရာတွေကို ရှုခင်းကောင်းကောင်းကြည့်ရှုခံစားလို့ရတဲ့နေရာလည်း ဖြစ်ပါတယ်။ ဆိတ်ငြိမ်လှပပြီး ဝတ်ပြုဆုတောင်းလို့ ကောင်းမွန်တဲ့နေရာပါ။
5:50 (၂) မဇျွီမလာဘဗောဓိဘုရားကြီး | (2) Mizzima Lar Ba Bawdi Buddha Image
ထိုင်တော်မူကြီး လို့ လူသိများတဲ့ မဇျွီမလာဘဗောဓိဘုရားကြီးဟာ ဉာဏ်တော် ၁၀၈ ပေရှိတဲ့ ကချင်ပြည်နယ်ရဲ့ အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးအတွင်းက လိုဏ်ဖြစ်ပြီး အတွင်းကိုလည်း ဝင်ရောက်ဖူးမြင်နိုင်ဖို့ ဆက်လက်တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ဘုရားပုရဝုဏ်ဝန်းကျင်မှာလည်း သစ်သားကို ထွင်းထုထားတဲ့ ရုပ်ပွားတော်တွေကို ထားရှိထားပါသေးတယ်။
9:17 (၃) ချစ်သူလမ်းကြား | (3) Love Lane
ဒီ ချစ်သူလမ်းကြား ကတော့ ဓါတ်ပုံရိုက်ချင်စရာကောင်းလောက်အောင် စွဲဆောင်နေတဲ့ ရာဘာတောလေးပါ။ လူငယ်တွေကြား ရေပန်းစားတဲ့လမ်းလေးလို့ သိရပါတယ်။
မြစ်ကြီးနားက စိတ်ဝင်စားစရာ ဒီနေရာ (၃) နေရာကို ဒီ ဗီဒီယိုလေးက တဆင့် ခေါ်ဆောင်သွားချင်ပါတယ်ခင်ဗျာ...
အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ
သီဟလုလင် (Thiha, the Traveller)
ကျေးဇးပါထပ်သွားချင်ပါသေးတယ်
မြစ်ကြီးနားမြို့လည်း သူ့အထာနဲ့သူ လည်စရာများနေရောပဲနော်
ကျေးဇူးတင်ပါတယ် Stay safe!
Thanks. You too. 😊
Good
Thanks 😉
Thank you so much ♥️
Thanks for enjoying video par bya 💕
***မျှော်စင်အမြင့်ပေ(၆၀)ကျော်ပဲ ဖြစ်ပါလိမ့်မယ်။ဂျော်ဘွမ်မျှော်စင်အမြင့်၊ပေ(၆၀၀) တော့နဲနဲများသွားပါတယ်။။
မပြောတတ်ဘူးဗျ
မှတ်သားမိတဲ့အတိုင်းပါပဲ
$ပိုတွေ ဂျော်ဘွန်ဆိုတာ ငါတို့ဟိုးငယ်ငယ်က ခနခန ရောက်ဖြစ်တယ် ပျော်စရာလည်းကောင်းတယ်.. ခုတော့ ဟိုလူမဝင်ရဘူး ဒီလူမဝင်ရဘူး ဘာကြေး ညယကြေးနဲ့ $ ပုံမလာတော့ဘူး တကယ်က ခုဆို ကချင်တွေကလွဲ တော်ရုံလူတွေ မသွားဖြစ်ကြတော့ဘူး ဆိုက်ကိုတွေ သိပ်များတယ်