စိုက်မွေးပြဿနာ အဖြေရဖို အစိမ်းရောင်လမ်းပေါ်က မေးခွန်းမေးနည်း

Sdílet
Vložit
  • čas přidán 5. 02. 2024
  • စိုက်ပျိုးရေးမေးခွန်းတွေကို ဖြေတော့မယ်ဆို Online ကနေဖြေရတာက အတော်ဖြေရခက်ပါတယ်။
    အစိမ်းရောင်လမ်း ရယူရန် - linktr.ee/GreenWayApp
    🍃 ဦးကြီးဒေါ်ကြီးတို့သိတဲ့အတိုင်း အပင်ရွက်လေးဝါနေတာဟာ အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်သလို စုပ်စားပိုးစုပ်ခံထားရတာနဲ့ နေရောင်ခြည်ရရှိမှု မလုံလောက်တာကြောင့်လည်းဖြစ်နိုင်တဲ့အပြင် မြေအစိုဓာတ် လုံလောက်စွာမရတာဆိုတဲ့ အကြောင်းတွေအများကြီးကြောင့် ဖြစ်နိုင်ပါတယ်။
    ဒါတွေကို ဦးကြီးက ပြည့်ပြည့်စုံစုံပြောပြမထားရင် အစိမ်းရောင်လမ်းPage Adminဘက်က အဖြေမှားဖြေမိသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ် 🥹
    အဲ့လိုမဟုတ်ဘူး အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ မေးခွန်းမေးမြန်းလိုက်မယ်ဆိုရင်တော့ .....
    ✅ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ System ကနေ ဆရာတွေဖြေဆိုဖို့လိုအပ်တဲ့ မိုးလေဝအခြေအနေ၊ မြေဩဇာကျွေးထားမှုနှုန်းထား၊ အပင်သက်တမ်း၊ သုံးစွဲထားဖူးတဲ့ဆေးစတဲ့ အချက်အလက်တွေကို သေချာစွာမေးမြန်းထားတာမို့ ..
    ဆရာတွေ ဖြေဆိုတဲ့ နေရာမှာ ပိုလွယ်ကူသွားပြီး မေးခွန်းမေးသူဦးကြီးတို့အတွက်လည်း တိကျတဲ့ သေချာဆုံးအဖြေကို ရရှိသွားနိုင်ပါတယ်။
    ဒါ့အပြင် မိတ်ဆွေရဲ့ မေးခွန်းကို ဆော့ဝဲသုံးစွဲသူ တောင်သူပေါင်း ၃၂၀၀၀၀ ကျော်က မြင်နိုင်မှာဖြစ်ပြီး သူတို့ဖြေပေးနိုင်တဲ့ မေးခွန်းဆိုရင် ဝင်ရောက်ကူညီကာ အကြံဉာဏ်တွေ ပေးသွားနိုင်တဲ့အတွက် 🤗
    စိတ်တူ..ကိုယ်တူတဲ့ စိုက်ပျိုးရေးမိတ်ဆွေအသစ်တွေကိုပါ ရရှိနိုင်မှာပဲဖြစ်ပါတယ်။
    ✅ ဒုတိယအားသာချက်တစ်ခုက အစိမ်းရောင်လမ်းရဲ့ ပညာရှင်တွေပါ ...
    အစိမ်းရောင်လမ်းမှာက ဆရာ ဦးမောင်မောင်ထွေး၊ ဆရာ ဒို့ဦးလေး (ဦးသာပို)နဲ့ ဆရာဖုန်းမဏ်တိုးတို့လိုမျိုး ဝါရင့်ဆရာကြီးတွေက သူတို့ရဲ့ အားလပ်ချိန်တွေမှာ အမေးအဖြေကဏ္ဍကိုပဲ ဝင်ကြည့်နေတတ်ပြီး အမြဲတမ်းကူညီနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားရှာဖွေ ..ဖြေပေးနေကြပါတယ်။
    ဆိုတော့ ဦးကြီး၊ ဒေါ်ကြီးတို့က ဆော့ဝဲထဲ ဘယ်လိုမေးရမှန်း မသိရင်လည်း စိတ်မပူပါနဲ့တော့နော်..😉
    အစိမ်းရောင်လမ်း ရယူရန် - linktr.ee/GreenWayApp

Komentáře • 6

  • @ukyawthein4857
    @ukyawthein4857 Před 6 měsíci

    စိုက်ပျိုးရေးဆေးမှာတွဲစပ်မသုံးသင့်သောဆေးအုပ်စု့များကိုသိချင်ပါတယ်

    • @GreenWayapp
      @GreenWayapp  Před 6 měsíci

      ရောစပ်မဖျန်းသင့်သော ဓာတုပိုးသတ်ဆေးများ greenwaymyanmar.com/posts/don't_mix_spray_chemical_pesticides

    • @GreenWayapp
      @GreenWayapp  Před 6 měsíci

      ပိုးသတ်ဆေးများအားရောစပ်ရာတွင် သင့်/မသင့် စမ်းသပ်နည်း greenwaymyanmar.com/posts/compatibility_test_when_mixing_pesticides

    • @AungYe-be3gs
      @AungYe-be3gs Před 6 měsíci

      စာဘယ်လိုရိုက်လိုက်တာလဲဗျ? စာရိုက်တာလည်း မမြင်လိုက်ရလို့ပါ

  • @AungYe-be3gs
    @AungYe-be3gs Před 6 měsíci

    စာဘယ်လိုရိုက်လိုက်တာလဲ? စာရိုက်တာလဲ မမြင်လိုက်လို့ပါ။

    • @GreenWayapp
      @GreenWayapp  Před 6 měsíci

      G-board ကိုသုံးတာပါဗျ။ G-board က Google ကနေထုတ်တဲ့ ကီးဘုတ်အမျိုးအစားပါ။ အဲဒီမှာ စာရိုက်စရာမလိုဘဲ စကားပြောရုံနဲ့ စာရိုက်တဲ့ လုပ်ဆောင်ချက်ပါပါတယ်ဗျ။