နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ “အခက်အခဲကာလကိုဘုရားသခင်နှင့်ဖြတ်သန်းခြင်း”၊ ဒုတိယနေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “အခက်အခဲကာလကိုဘုရားသခင်နှင့်ဖြတ်သန်းခြင်း”၊ ဒုတိယနေ့
    အဓိကအချက် - “မျော်လင့်ခြင်းဖြင့် ရင်ဆိုင်ပါ”
    ဖတ်ရန်ကျမ်းချက် - ဟေရှာယအနာဂတ္တိကျမ်း ၄၀း၂၇-၃၁
    “ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” (ဟေရှာယ၊ ၄၀း၃၁)
    ဂါလိလဲအိုင်ထဲမှာ လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းထန်စွာရင်ဆိုင်နေရသော တပည့်တော်များသည် တစ်ညလုံးနီးပါး အသက်သေဆုံးနိုင်သည့်ဘေးအန္တရယ်ကိုရင်ဆိုင်ခဲ့ရပြီး လွတ်မြောက်စရာလမ်းစ မမြင်နိုင်ခဲ့ပါ။ အခြေအနေများက ကြာလေကြာလေ ဆိုးလာလေဖြစ်ပြီး လွတ်မြောက်လမ်းကို ပေးနိုင်သောအကြောင်းအရာများ မရှိသည့်အနေအထားဖြစ်လာခဲ့ကြသည်။
    အိုင်ထဲတွင်တိုက်ခတ်သော လေနှင့်သူတို့ တစ်ဖက်ကမ်းကို ရွက်လွင့်လာခဲ့သော်လည်း၊ ထိုအချိန်တွင် လေမသင့်သောကြောင့် အိုင်အလယ်တွင် တဝဲဝဲလည်ဖြစ်နေပြီး လှိုင်းဒဏ်ကိုခံနေရကြသည်။ တိုက်ခတ်နေသောလေကို အားကိုးပြီးရွက်လွင့်ခဲ့သော တပည့်တော်များ အတွက် ထိုလေက ပြန်လည်ဒုက္ခပေးခြင်းကိုခံရသည့်အချိန်ဖြစ်ပါသည်။ ဂါလိလဲအိုင်သည် သာမန်အချိန်တွင် သာယာသော်လည်း တောင်ပတ်လည် ဝိုင်းရံထားသည့် အနေအထားက တစ်ခါတစ်ရံ ပြင်းထန်သော လှိုင်းတံပိုးများကို ဖြစ်စေပြီး လှေများကို နစ်မြုတ်စေပါသည်။
    ကျနော်တို့အသက်တာတွင်လည်း အရှေ့သို့ ဘဝခရီးဆက်နိုင်ရန် ပုံမှန်မှီခိုထားသည့် ပတ်ဝန်းကျင်အခြေအနေများကပင် ကျနော်တို့ကို အန္တရယ်ပေးတတ်ပါသည်။ ပတ်ဝန်းကျင်အခြေအနေများမှာ ကျနော်တို့လွတ်မြောက်စေသည့် မျော်လင့်ခြင်းမရှိသည့် အချိန်များကို တစ်ခါတစ်ရံရင်ဆိုင်ရပါသည်။ သို့သော်လည်း ကျနော်တို့ မျော်လင့်ချက်များ မပျက်သေးသ၍ အန္တရယ်ကို ကြံကြံခံရင်ဆိုင်နိုင်ပါသည်။
    လှိုင်းတံပိုးဒဏ်ခံနေရသော တပည့်တော်တို့အထဲတွင် တစ်ချို့က ဂါလိလဲအိုင်တွင် ကြီးပြင်ကာ အသက်မွေးခဲ့သော တံငါသည်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့၏အတွေ့အကြုံများ၊ အသိပညာများက ထိုဆိုးဝါးသော အခြေအနေထဲမှ လွတ်မြောက်‌စေအောင် မတတ်စွမ်းနိုင်ခဲ့ပါ။ သူတို့ကိုယ်တိုင်မှာလည်း အန္တရယ်ထဲမှ လွတ်မြောက်စေသော မျော်လင့်ခြင်းမရှိကြပါ။ ကျနော်တို့ အသက်တာတွင်လည်း ရင်ဆိုင်နေရသည့် အန္တရယ်များသည် ကိုယ်တိုင်ရှိနေသော ပညာ၊ အတွေ့အကြုံအစွမ်းအစများ ထက်များစွာသာလွန်ကြီးမားနေတတ်ပါသည်။
    သို့သော်လည်း မျော်လင့်ခြင်းမကုန် ဆုံးသေးသ၍ ရှင်သန်ရပ်တည်ကျော်လွားနိုင်ပါသည်။ လွတ်မြောက်သည့် အခြေအနေများက ကျနော်တို့ ပတ်ဝန်းကျင်နှင့် ကျနောတို့ကိုယ်တိုင်မှာ မရှိသော်လည်း လွတ်လမ်းလုံးဝမရှိသည့် အခြေအနေမဟုတ်ပါ။ အဖြေက သခင်ဘုရားလက်ထဲမှာ ရှိနေသည်လို့ သိရှိယုံကြည်ခြင်းဖြင့် အရာရာကို ရင်ဆိုင်နိုင်ပါသည်။
    ပြဿနာများသည် ဘုရားသခင်လက်ထဲတွင်ရှိနေသည်လို့ သိရှိထားခြင်းသည် ပြဿနာကိုရင်ဆိုင်နိုင်သည့် အဖြေဖြစ်ပါသည်။ ကျနော်တို့မမြင်နိုင်မတွေ့နိုင်သော်လည်းလွတ်မြောက်မည့် လမ်းက ကိုယ်တော်ထံမှာ ရှိနေသည်၊ ကိုယ်‌တော်လက်ထဲမှာ အဖြေရှိနေသည်ဟုသိထားသောအခါ စစ်မှန်သောမျော်လင့်ခြင်းဖြင့် ဘေးအန္တရယ်များကို ရင်ဆိုင်နိုင်ပါသည်။
    ဆင်ခြင်ရန် - ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားသခင်ကယ်တင်နိုင်သည့်အပြင်၊ ကယ်တင်မည်ဟု ယုံကြည်မျော်လင့်ခြင်းသည် တွေ့ကြုံနေရသည့် အခက်အခဲများကို ကြံကြံခံရပ်တည်ရင်ဆိုင်နိုင်စေပါသည်။
    ဆုတောင်းရန် - သခင်ဘုရား လွတ်မြောက်သည့် လမ်းစမမြင်နိုင်သည့်အချိန်မှာ ပင်ကိုယ်တော်ကိုမျှော်လင့်ပါ၏။ အလျှင်အမြန်ကယ်တင်၊ ကယ်နုတ်တော်မူပါ။ အာမင်

Komentáře •