မြန်မာ့ နိုင်ငံအရေးအတွက် ဂျပန်မှာ ဆန္ဒပြတောင်းဆို

Sdílet
Vložit
  • čas přidán 3. 02. 2021
  • တပ်မတော်က အာဏာလွှဲပြောင်း ရယူမှုနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဆန္ဒထုတ်ဖော်မှုတွေ ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ CNA သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျပန်နိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ တပ်မတော်က အာဏာလွှဲပြောင်း ရယူမှုနဲ့ ပတ်သက်ပြီး ဒီကနေမှာပဲ ထပ်မံ ဆန္ဒတွေ ပြသခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေဟာ ဂျပန်နိုင်ငံအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေး ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုလိုက်ကြတာပဲဖြစ်ပါတယ်။ ဆန္ဒပြသူအများစုဟာ အနီရောင် အကျီင်္တွေကို ဝတ်ဆင် ဆန္ဒပြခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စာရွက်တွေ ဗီနိုင်းတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။
    #Zmedia
  • Zábava

Komentáře •