Spinach Leaves Salad ဟင်းနုနွယ်ရွက်သုပ်

Sdílet
Vložit
  • čas přidán 4. 04. 2023
  • @Pay Pay food channel
    Thanks for watching!
    Don't forget to push ' Like & Subscribe'!
    Leave a comment below!
    Hey, guys!
    I would like to share you how to make spinach salad.
    I will do this salad in Myanmar style.
    It's so delicious.
    Let's go!
    For this salad, we need the ingredients as follow:
    Spinach
    onion
    lime
    roasted peanut 1tbsp
    roasted sesame seeds 1tbsp
    roasted chilli powder
    vegetables powder
    shrimp powder 1tbsp
    fish sauce 1tsp
    salt
    oil
    instruction
    Remove the hard parts of stems and their roots and soak them in the water that a pinch of salt is added.
    Wash the spinach leaves thoroughly.
    When the water is boiling, spinach leaves are added.
    If you get desired condition, spinach leaves are taken and washed in cold water.
    Cut boiled spinach leaves as you like.
    Slice onion and some are fried and some are put in water.
    Pound roasted peanut.
    Sliced spinach leaves are put in a bowl.
    Add shrimp powder, roasted sesame seeds, pounded peanut, salt, vegetable powder,fried onion and cooked oil 3tbsps.
    Squeeze lime.
    Knead them thoroughly.
    After you have tasted it , it's ready.
    ခုရက်ပိုင်း အရမ်းပူတော့ ဘာမှ ဟုတ်တိပတ်တိမစားချင်အောင်ပဲ။ အပြောင်းအလဲလေးဖြစ်အောင် အရွက်လေးတွေသုပ်စားမလို့စဥ်းစားလိုက်‌တော့ မသုပ်စားဖြစ်တာကြာပြီဖြစ်တဲ့ ဟင်းနုနွယ်သုပ်စားဖို့ သတိရသွားတယ်။
    ဒီအသုပ်လေး သုပ်ဖို့အတွက်
    ဟင်းနုနွယ်နှစ်စည်း
    ကြက်သွန်နီ ၄လုံး
    သံပုရာသီးတစ်ခြမ်း
    ပုဇွန်‌ခြောက်မှုန့် ထမင်းစားဇွန်းတစ်ဇွန်း
    မြေပဲလှော်ထောင်းထမင်းစားဇွန်းတစ်ဇွန်း
    နှမ်းလှော်ထမင်းစားဇွန်းတစ်ဇွန်း
    ငံပြာရည် လက်ဖက်ဇွန်းတစ်ဇွန်း
    အချိုမှုန့်ဒါမှမဟုတ် ဟင်းရွက်မှုန့်အနည်းငယ်
    ဆားအနည်းငယ်
    ကြက်သွန်နီကြော်
    ကြက်သွန်နီဆီချက် ထမင်းစားဇွန်းသုံးဇွန်း
    ဟင်းနုနွယ်သုပ်နည်း
    ဟင်းနုနွယ်အရွက်နဲ့အရိုးနုလေးတွေ သင်ထားပြီး ဆားအနည်းငယ်ထည့်ထားတဲ့ရေထဲစိမ်ထားမယ်။ ဟင်းနုနွယ်က သဲပါတတ်တဲ့အတွက် ရေစင်အောင်ဆေးဖို့လိုပါတယ်။
    ရေနဲ့အထပ်ထပ်ဆေးမယ်။ပြီးရင် ရေပွက်ပွက်ဆူတဲ့အထဲ ထည့်ပြုတ်ပါမယ်။ပြုတ်ရမယ့်အနေအထားက မိမိစိတ်ကြိုက်ပေါ်မူတည်ပြီးချိန်ပါ။ပြုတ်ပြီးရင် ရေအေးနဲ့ထပ်ဆေးပြီးရေစင်အောင်ညှစ်ထားမယ်။ ပြီးရင် မိမိစိတ်ကြိုက်အရွယ်လေးတွေ လှီးထားပြီး သုပ်မယ့်ပန်းကန်ထဲထည့်ထားမယ်။
    ကြက်သွန်နီ၃ုလုံးကိုပါးပါးလှီးပြီး ကြော်ပါမယ်။နီရောင်သန်းလာရင် ဆယ်ထားမယ်။ ကြက်သွန်နီကြော်ထားတဲ့ဆီကို အသုပ်ထဲထည့်ဖို့အတွက် ပန်းကန်ထဲထည့်ထားမယ်။ အရောင်ကြိုက်ရင် ဆနွင်းအနည်းငယ်ဆီချက်ထဲထည့်ပေးပါ။ ကျွန်မကတော့ ရိုးရိုးကြက်သွန်ကြော်ဆီပဲသုံးပါမယ်။
    ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီးစိမ်းနံ့သက်သာအောင် ရေစိမ်ပြီးဆေးထားမယ်။ သံပုရာသီးတစ်ခြမ်းခြမ်းထားမယ်။
    ဟင်းနုနွယ်ထည့်ထားတဲ့ပန်းကန်ထဲကိုကြက်သွန်စိမ်း၊ကြက်သွန်ကြော်၊ပုဇွန်ခြောက်မှုန့်၊ငံပြာရည်၊မြေပဲထောင်း၊နှမ်းလှော်၊ငံပြာရည်၊ကြက်သွန်နီဆီချက်၊အချိုမှုန့်၊ဆားအနည်းငယ်ထည့်မယ်။
    သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ထည့်ပြီးနယ်ပါမယ်။ အရသာမြည်းကြည့်ပြီး လိုနေသေးရင် စိတ်ကြိုက်ပြင်ယူပါမယ်။ ဒါဆို ဟင်းနုနွယ်သုပ်လေးတစ်ခွက်ရပါပြီ။

    ဒီသုပ်နည်းvideo လေးကို ကြည့်ပေးကြတဲ့မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကြည့်ရှုပြီး ဝေဖန်အကြံပေးလို့ရပါတယ်ရှင်။
    နောက်တင်မယ့်ချက်နည်းတွေ လွတ်မသွားရအောင် ' Like & Subscribe' လုပ်ထားဖို့လည်းမမေ့ကြနဲ့နော်။
    နောက်အပတ်မှာ ပြန်တွေ့ကြမယ်😘
    #spinach
    #spinach salad
    #spinach leaves salad
    ဟင်းနုနွယ်ရွက်သုပ်

Komentáře •