ကမ္ဘာဂြိုဟ်ထပ် ၃၃ ဆကြီးတဲ့ မြန်မာအမည်နဲ့ ကြယ်နဲ့ ဂြိုဟ်

Sdílet
Vložit
  • čas přidán 15. 07. 2023
  • အမည်မပေးရသေးတဲ့ အလင်းနှစ် ၅၀၀ ကျော် အကွာအဝေးက ကြယ်တစ်လုံး၊ အဲဒီကြယ်ကို လှည့်ပတ်နေတဲ့ ဂြိုဟ်တစ်လုံးကို မြန်မာပြည်က ထင်ရှားတဲ့ ​နေရာ​ဒေသအမည်​တွေကို ၂၀၁၉ ခုနှစ်မှာ ပေးခဲ့တယ်လို့သိရပါတယ်။
    ဒါဟာ နိုင်ငံတကာနက္ခတ်တာရာအဖွဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ”NameExoWorlds project”အရ ခုလိုနာမည်သစ်တွေပေးခဲ့တာဖြစ်ပြီး၊ အရှေ့တောင်အာရှနိုင်ငံတွေသာမက တခြားနိုင်ငံတွေကလဲ နေစကြဝဠာရဲ့ ပြင်ပက နာမည်မပေးရသေးတဲ့ ကြယ်တွေနဲ့ ဂြိုဟ်တွေကို ကိုယ့်နိုင်ငံနဲ့ သက်ဆိုင်တဲ့ နာမည်တွေ ပေးခဲ့ကြတယ်လို့သိရပါတယ်။
    နေစကြဝဠာပြင်ပက ဒီကြယ်နဲ့ဂြိုဟ်ကို ဧရာဝတီကြယ်နဲ့ ပုဂံဂြိုဟ်လို့ နာမည်ပေးထားပါတယ်။
    အမေရိကန် အမျိုးသားအာကာသနဲ့လေကြောင်းညွှန်ကြားမှုဦးစီးဌာန(NASA)ရဲ့ အဆိုအရ အခု ဧရာဝတီလို့ အမည်ပေးလိုက်တဲ့ ကြယ်ဟာဆိုရင် မူလက HD 18742 လို့ အမည်ပေးထားတာဖြစ်ပြီး၊ အရွယ်အစားကတော့ လက်ရှိ နေမင်းထက် ၅ ဆလောက်ကြီးတဲ့ ကြယ်တစ်ခုပါ။ သက်တမ်းက နှစ်ပေါင်း ၂.၃ ဘီလျံရှိနေပါပြီ။ သူ့ကိုပတ်နေတဲ့ ဂြိုဟ်ကိုတော့ မူလက HD 18742 B လို့ အမည်ပေးထားတာဖြစ်ပြီး၊ အရွယ်အစားကတော့ ကြာသပတေးဂြိုဟ် (Jupiter) ထပ် ၃.၄ ဆကြီးမားပါတယ်။ ခုတော့ ပုဂံဂြိုဟ်လို့ အမည်ပေးလိုက်တာဖြစ်ပါတယ်။ ဒီ ကြယ်နဲ့ ဂြိုဟ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၅၀၀ ​ကျော်အကွာအဝေးမှာရှိနေကြတာပါ။ ကမ္ဘာ​မြေက လူသူ​ရောက်ရှိခြင်းမရှိ​သေးသလို သာမန်မျက်စိနဲ့ကြည့်လို့မရဘဲ telescope နဲ့ကြည့်ရှုမှသာ ရရှိမှာဖြစ်ပါတယ်။
    ”NameExoWorlds project”အရ ကြယ်နဲ့ဂြိုဟ်တွေကို နာမည်သစ်တွေပေးတဲ့အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၁၂ နိုင်ငံတက်ရောက်ခဲ့ကြတယ်လို့ နိုင်ငံတကာနက္ခတ်တာရာအဖွဲ့ကဆိုပါတယ်။
  • Zábava

Komentáře • 1

  • @borazi4697
    @borazi4697 Před 23 dny

    Content တွေ ကောင်းတယ် bro ရေ ... subscribe ထားလိုက်ပြီနော်