လမ်းမထက်က ဒီမိုကရေစီအာဇာနည်များ

Sdílet
Vložit
  • čas přidán 5. 09. 2024
  • လမ်းမထက်က ဒီမိုကရေစီအာဇာနည်များ (Memorials)
    မြေလတ်အသံ၊ ဇူလိုင် ၁၉၊ ၂၀၂၄။
    ရေးသားသူ - လင်းဇေ
    နွေဦးတော်လှန်ရေးကာလ ၃ နှစ်ကျော်ကြလာတဲ့အခါ တချို့သော ပုံရိပ်တွေက ဝေဝေဝါးဝါးဖြစ်လာပါပြီ။ နေပြည်တော် သပြေကုန်းအဝိုင်း၊ ကားမှတ်တိုင်လေးအောက်မှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတဲ့ အနီရောင်ဝတ်စုံပိုင်ရှင် မမြသွဲ့သွဲ့ခိုင် သေနတ်မှန်ပြီး အရုပ်ကြိုးပြတ် လဲကျသွားတဲ့မြင်ကွင်း။
    မန္တလေးမြို့ လမ်းမပေါ်မှာ ဦးခေါင်းကို သေနတ်မှန်သေဆုံးသွားတဲ့ ဝေယံထွန်းကို တွန်းလှည်းပေါ်တင်ကာ လူအုပ်ကြီးက သယ်ဆောင်လာတဲ့ မြင်ကွင်း၊ ကမာရွတ် အထက ၅ ကျောင်းရှေ့မှာ ဝမ်းဗိုက်ကိုကျည်မှန်ပြီး ဆက်မပြေးနိုင်ဘဲ ကျောင်းအုတ်နံရံကို မှီပြီး အကူအညီတောင်းနေတဲ့ ညီညီအောင်ထက်နိုင်၊ သူ့ကို လူတွေက ဝိုင်းသယ်သွားတဲ့အချိန် လမ်းတလျှောက် သွေးစက်လက်ကျနေတဲ့ မြင်ကွင်း။
    ဒီမြင်ကွင်းတွေဟာ နွေဦးတော်လှန်ရေးအစောပိုင်းကာလတွေမှာ လူထုရင်ကို ထိခိုက်နာကျင်ခဲ့ရတဲ့မြင်ကွင်း၊ လက်သီးဆုတ် တောက်ခေါက် ငိုကြွေးခဲ့ရတဲ့ မြင်ကွင်းတွေပါ။
    ရန်ကုန်မြို့ တာမွေလမ်းမထက်မှာ သေနတ်မှန်လဲကျသေဆုံးသွားတဲ့ ဆေးကျောင်းသားလေး မောင်ခန့်ညားဟိန်း ကို ရဲနှစ်ယောက်က ဒရွတ်တိုက်ဆွဲယူသွားတဲ့ မြင်ကွင်းဟာ တတိုင်းတပြည်လုံး ရင်ထုမနာဖြစ်ခဲ့ရတဲ့ မြင်ကွင်း။ မောင်ခန့်ညားဟိန်းရဲ့ မိခင်နဲ့အတူ တတိုင်းပြည်လုံး ငိုခဲ့ရတဲ့အဖြစ်။
    ရင်ထဲအသည်းထဲစွဲနေခဲ့တဲ့ ဒီဖြစ်ရပ်မြင်ကွင်းတွေဟာ မည်သို့ပင်ဆိုစေ အချိန်ကာလရွေ့လျားလာတဲ့အခါ မေ့ပျောက်ချင်လာကြတယ်၊ မေ့လျော့လာကြတယ်။
    ပွဲတက်ပျော်ပါးကြတဲ့သူတွေ၊ ဘီလည်း မသိဘူး၊ စီလည်း မသိဘူးဆိုတဲ့ လှောင်ရယ်မှုတွေအောက်မှာ ခန့်ညား ဟိန်း၊ မြသွဲ့သွဲ့ခိုင်၊ ညီညီထက်နိုင် စတဲ့ နာမည်တွေဟာ မှေးမိန်စပြုလာပါပြီ။
    သမိုင်းတကွေ့မှာ အသက်တွေရင်းနှီးခဲ့ရတဲ့၊ အဖိုးထိုက်တန်တဲ့ အရာတွေဟာ အချိန်တိုက်စားမှုနဲ့ မေ့ပျောက် သွားရတော့မှာပါ။
    ၁၉ ဇူလိုင် အာဇာနည်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးရဲ့ အမှတ်တရ ဂုဏ်ပြုတဲ့နေ့။ တနည်းအားဖြင့် လွတ်လပ်မှုရဲ့အရသာကို ခံစားနိုင်ဖို့ အသက်တွေပေးခဲ့ကြတဲ့လူတွေကို ဂုဏ်ပြုတဲ့နေ့။
    ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွှတ်ဂုဏ်ပြုရင်း ၎င်းတို့ရဲ့ ဂုဏ်ရည်တွေနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတလျှောက် အလွှာတန်းစားပေါင်းစုံက လူပုဂ္ဂိုလ်တွေရဲ့ စွန့်လွတ်စွန့်စားမှုတွေကို အောက်မေ့အမှတ်ရပြီး မြန်မာပြည်ရဲ့ အနာဂတ်လူငယ်တွေ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေ ဖြစ်စေနိုင်မယ့် နေ့တနေ့လည်း ဖြစ်ပါတယ်။ ၇၇ နှစ်ပြည့်မြောက်တဲ့ ဒီနေ့အထိ ပြည်သူတွေဟာ မမေ့ကြသေးပါ။
    ဒီလို လေးစားသင့် လေးစားထိုက်သူတွေ၊ တန်ဖိုးထားသင့် ထားထိုက်သူတွေကို မမေ့မလျော့ဘဲ တန်ဖိုးထားတာဟာ ကောင်းမွန်တဲ့အစဉ် အလာအခုပါ။
    လွတ်လပ်ရေးအရသာကို ခံစားရတဲ့အခါ လွတ်လပ်ရေး ရယူပေးခဲ့ကြတဲ့သူတွေရဲ့ ကျေးဇူးတရားကို အောက်မေ့ရမယ်။ ဒီမိုကရေစီရဲ့ အရသာကို အပြည့်အဝခံစားရတဲ့အခါ ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးခဲ့ကြတွေရဲ့ ကျေးဇူးတရားကို သိတတ်ရမယ်၊ တန်ဖိုးထားတတ်ကြရမယ်။
    မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြု ထားကြသလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြတဲ့ ဒီမိုကရေစီ အာဇာနည်သူရဲကောင်းတွေကိုလည်း ကမ္ပည်းကျောက်စာရေးထိုး ဂုဏ်ပြုသင့်တယ်။
    ဒါမှလည်း မည်သို့ပင်အချိန်ကာလကြာညောင်းသွားပါစေ၊ မည်သို့ပင် လှောင်ရယ်ကြပါစေ သမိုင်းရဲ့တန်ဖိုးတွေ မပျောက်ဆုံးမှာ၊ အထင်အရှား ထာဝရတည်တံ့နေမှာ၊ ဒါမှ အနာဂတ်လူငယ်တွေ ဒီမိုကရေစီကို တန်ဖိုးထားတတ်မှာ၊ စစ်အာဏာရှင်တွေကို ရွံမုန်းတတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့အာဏာရှင်စနစ် ခေါင်းမထောင်ဝံ့မှာ။
    မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးရဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ကို ဦးညွှတ်အလေးပြုရင်း ဒီမိုကရေစီအရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်း အာဇာနည်တွေရဲ့ ကမ္ဗည်းကျောက်စာတွေလည်း ရေးထိုးနိုင်ကြပါစေလို့ အလေးအနက်ဆန္ဒပြုဆုတောင်းနေမိပါတယ်။
    #မြေလတ်အသံ
    #Memorials #အာဇာနည်နေ့ #အမှတ်တရ #နွေဦးတော်လှန်ရေး #သူရဲကောင်းများ

Komentáře • 28

  • @Jayce_xim
    @Jayce_xim Před měsícem +6

    ဒီလိုကျဆုံးသွားတဲ့သရဲကောင်းတွေးကိုဘယ်သောအခါမျှမမေ့နိုင်ပါဘူးစစ်အာဏာရူးတွေအသေဆိုးနဲ့သေပါစေ

  • @user-dk7cl3mf4x
    @user-dk7cl3mf4x Před měsícem +5

    ကျဆုံး သူရဲကောင်းတွေအတွက်
    သွေးကြွေးမှာ ဆွေးနွေးစရာမရှိ
    အကြမ်းဖက်စစ်အာဏာရူးတွေကိုယ်
    ရရာနည်းနဲ့ တော်လှန်ဆဲ

  • @user-be6ns6fu3n
    @user-be6ns6fu3n Před měsícem +5

    မဂ်လာ နေ့လည်ခင်းလေးပါ မြေလတ်အသံရေမျှဝေတာကျေးဇူးအထူးတင်ရှိပါတယ်ရှင် 👋👋👋💙💙သေွးမအေး ဘူး ဘယ်တော့မှမမေ့ဘူး ထာဝရ သူရဲကောင်းအာဇာနည် အဖြစ် ရင်ထဲမှာ ရှိပါတယ်နော် နိုင်ရာကနေမယ် နှမ်းစေ့လေးဖြစ်နေမယ်နော် 💯အာဇာနည်ဟာ ၉မက ခေတ်အဆက်ဆက်ကျဆုံရဲဘော်အားလုံးခုနွေဦးပွဲမှာ ကျဆုံးသူရဲကောင်းအာဇာနည် အားလုံးကောင်းကင်းဘုံမှာထာဝရလင်းလက်နိုင်ကြပါစေ 🙏🙏🙏⭐⭐⭐🤘🤘🤘💐💐💐တရားတဲ့ သူသာ နိုင်ကြေးဟေ့ 💯💯💯♥♥♥🇨🇳🇨🇳🇨🇳

    • @MyoThu-qw3nb
      @MyoThu-qw3nb Před měsícem

      ဖင်အရှည်ကြီးခံ😅😅😅သေသေသေ

  • @mamawai2527
    @mamawai2527 Před měsícem +3

    တိုင်းပြည်အတွက်အသက်ပေးသွားတဲ့
    သူရဲကောင်းအာဇာနည် တွေနည်းတူ
    နွေဦးတော်လှန်ရေးမှာအသက်ပေးသွားကြတဲ့လူငယ်အကုန်လုံးအတွက်🎉🎉🎉🎉🎉🎉🎉🎉
    ဘယ်သူမွေးမွေးဒို့ကလေးမို့အမြဲသတိရအောက်မေ့လျက်ပါ😢😢😢😢😢😢😢

  • @thethat848
    @thethat848 Před měsícem +1

    ပြောဒါအမှန်တွေပဲ ဒီမိုကရေစီ တန်ဖိုးထားသလားမသိပေမဲ့ ပျော်ပါးနေသူတွေက အပျော်မပျက် ပွဲတက်မပျက်နဲ့ အခုထိ ကလပ်တက် ဘားသွား ပျော်မြူးနေကြသူတွေ တစ်ပုံကြီး ရုပ်ရှင်ရိုက် သီချင်းတွေဆိုနဲ့ ပွဲတွေမပျက်ပေိာ်နေကြသူတွေက သူတို့ကို သူတို့ အဖြူရောင် အနုပညာရှင်တွေပါတဲ့😏😏😏

  • @YanPaing-rn3cn
    @YanPaing-rn3cn Před měsícem +1

    ❤❤❤❤❤😢😢😢😢😢😢😢

  • @user-ko3rj4xm3u
    @user-ko3rj4xm3u Před měsícem

    😢😢😢မေ့လို့မရပါဘူး

  • @aungnaingsoe7389
    @aungnaingsoe7389 Před měsícem

    မြန်မာ့သမိုင်းဝင်. မှတ်တမ်းဝင်. နိုင်ငံ့ရတနာ. .

  • @HanKoLattART
    @HanKoLattART Před měsícem

    ဒီစစ်ကြီးပြီးရင် မြန်မာနိုင်ငံကို ဘယ်သူအုပ်ချုပ်မှာလဲဗျာ တိုင်းရင်းသားတွေကရော နယ်မြေတွေထက်လုကြမှာလားဗျာ 23

  • @aungpaingoofalcon898
    @aungpaingoofalcon898 Před měsícem

    နိုင်ငံရဲ့အမှိုက်လေးတွေသိမ်းပေးတွက် ကျေးဇူးပါ 👍👍

  • @wailay2392
    @wailay2392 Před měsícem +1

    မြသွဲ့သွဲ့ခိုင်ကစလို့...နွေဦးတော်လှန်ရေး..အာဇာနည်များ...လုံးဝမမေ့ပါဘူးနော်..ဝေယံထွန်း..အမွှာညီကို.....ပြောရင်မဆုံးဘူး.....မှတ်တမ်းက.စကားပြောမယ်နော်...အချိန်က.အဆုံးဖျက်ပေးမယ်..

  • @myatkhinhtoon6426
    @myatkhinhtoon6426 Před měsícem

  • @nwaymoeaung9544
    @nwaymoeaung9544 Před měsícem

    😢

  • @MarTin-p5s
    @MarTin-p5s Před měsícem

    တလရ သမားတွေကို...
    အကြမ်းဖက်လို့ ပြောပြောနေတဲ့
    မီဒီယာ မည်ခံ...
    စ-စ်ဖိနပ်ယက် khway သား...
    ကျွန်စိုးဦး ဖတ်မိနိုင်ပါစေ...။

  • @user-bn8vv6kx1q
    @user-bn8vv6kx1q Před měsícem +1

    😢😢😢😢

  • @pyaepyaepopo168
    @pyaepyaepopo168 Před měsícem +1

    ❤❤❤😢

  • @moeaye3470
    @moeaye3470 Před měsícem

    မမေ့ပါဘူး အမြဲတမ်း ဂုဏ်ယူ ပါတယ်

  • @popthu5544
    @popthu5544 Před měsícem

    😢😢😢😢🏅🏅🏅🙏🙏🙏💪💪💪

  • @myintmyint2164
    @myintmyint2164 Před měsícem

    မြန်မာ့လွဆ်လပ်​ရေးအတွက်အသက်စွန့်ခဲ့​သောအာဇာနည်​ထခါင်း​ဆောင်ကြီးများနှင့်မနှိုင်းယှဥ်သင့်ပါ။မိုးနဲ့​မြေလိုကွာပါတယ်။အသက်​ပေးတိုင်းအာဇာနည်ဟုမ​ခေါ်ထိုက်ပါ။ဘာတခုမှမြန်မာပြည်အတွက်မ​ဆောင်ရွက်လိုက်ရဘဲအာဇာနည်ဘွဲ့​ပေးတာ​စျေး​ပေါလှပါတယ်။ဘာကိုကြည့်ပြီးဆုံးဖြတ်တာလဲ။သတင်းတင်ချင်ရင်လည်းမှန်ကန်​သောအ​ခြေအမြစ်ရှိ​သောသတင်းများတင်ပါ။

  • @uhan-tn8ko
    @uhan-tn8ko Před měsícem

    Righy

  • @kogyikyaw4357
    @kogyikyaw4357 Před měsícem

    ဘယ်တော့မှမမေ့ဘူး
    အကြွေးမကြေသေးဘူး

  • @user-ru7li5hu9f
    @user-ru7li5hu9f Před měsícem +3

    ဘယ်တော့မှမမေ့ဘူး

  • @SaiWaiYan-jo8sr
    @SaiWaiYan-jo8sr Před měsícem +1

    ❤😢😢😢😢😢❤

  • @user-ww1xb7jw2q
    @user-ww1xb7jw2q Před měsícem +1

    ကျုပ်တို့ကတော့ဘယ်တော့မှမေ့မှာမဟုပ်ပါဘူး😢😢😢😢

  • @NawPyae579
    @NawPyae579 Před měsícem +1

    💔💔💔💔💔💔🥹🥹😢

  • @user-zm5be5el8y
    @user-zm5be5el8y Před měsícem +2

    ဒီမိုကရေစီဆိုတာသိရဲ့လားမအေလိုးတွေရ