သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်၌ ဘုရားဖူးမျှော်သူများဖြင့် စည်ကားနေသော မြင်ကွင်းများ

Sdílet
Vložit
  • čas přidán 7. 10. 2022
  • သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်၌ ဘုရားဖူးမျှော်သူများဖြင့် စည်ကားနေသော မြင်ကွင်းများ
    ဂန္ဒမာ
    ရန်ကုန်(မဇ္ဈိမ)။ ။
    သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သော ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၌ ဘုရားဖူးမျှော်သူများဖြင့် အထူးစည်ကားနေသည်ကို တွေ့မြင်ရသည်။
    စေတီတော်မြတ်ကြီးသို့ လာနိုင်သည့်လမ်းများဖြစ်သော အာဇာနည်လမ်း၊ ဦးထောင်ဘိုလမ်း၊ ဦးဝိစာရလမ်းမများပေါ်တွင် ကားများပြည့်ကြပ်နေခြင်းကြောင့် ကားပိတ်ဆို့မှု အနည်းငယ်ဖြစ်ပေါ်နေသည်။
    စေတီတော်၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက်ရန် မုဒ်ဝစောင်းတန်းအသီးသီး၌ လူအပြည့်တန်းစီနေပြီး အချို့က ဓာတ်လှေကားဖြင့်တက်ရောက်ကြကာ အချို့မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုခ်များမှ ခြေလျင်တက်ရောက်ကြသည်ကို တွေ့ရသည်။
    မုခ်ဝတစ်ခုစီ၌ ရဲကားတစ်စီးဖြင့် ရဲတပ်သားခြောက်ဦးခန့် စောင့်ကြပ်နေပြီး အချို့စောင်းတန်းများတွင် ရဲများကိုယ်တိုင်ဝင်ရောက်ကာ ဘုရားဖူးလာပြည်သူများတွင်ပါလာသော လက်ကိုင်အိတ်၊ လွယ်အိတ်များကို ဖွင့်ဟစစ်ဆေးခြင်းများ ပြုလုပ်သည်။
    ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ရဟန်း သံဃာ၊ သီလရှင်၊ ယောဂီ ဥပုသ်သည်၊ ဘုရားဖူးပြည်သူအများဖြင့် ပြည့်ကြပ်နေသည်ကို တွေ့ရသည်။
    ရန်ကုန်တော်လှန်ရေးအင်အားစုများမှလည်း ရွှေတိဂုံဘုရားရင်ပြင်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါဘန်နာဖြင့် ယနေ့တွင် လူထုလှုံ့ဆော်မှုပြုလုပ်ခဲ့ကြသည် ။
    ဤလူထုလှုပ်ရှားမှုကို ရွှေတိဂုံဘုရားရင်ပြင်များ ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် စစ်ကောင်စီ၏ အခိုင်းအစေ အင်အားတိုးချဲ့နေသည့်ကြားမှ အရဲစွန့်ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
    ပြည်သူများအလယ်တွင် ကြိုးစားပုံဖော်ခဲ့ရခြင်းမှာ လူထုအားကို မုချ ယုံကြည်၍ဖြစ်ပြီး တစ်နည်းအားဖြင့် ဤလူထုအခြေပြုတော်လှန်နေသည့် “ ဤအရေးတော်ပုံကြီး အောင်မှသာလျှင် “ ကျွန်ုပ်တို့အားလုံး၏ အိမ်မက်များ ၊ တောင်းဆုများ ပြည့်ဝမည်သာဖြစ်ကြောင်း သတိချပ်စေသောကြောင့်ဖြစ်သည်ဟုလည်း ဆိုသည်။
    နံနက် ၈ နာရီဝန်းကျင်တွင် ဘုရားစောင်းတန်းရှိ ဓာတ်လှေကားများအား အတက်ကိုသာစီးနင်းအသုံးပြုစေပြီး အဆင်းအား ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဆိုသည်။
    မုခ်ဦးစောင်းတန်းအသီးသီးတွင် ရောင်းချနေသော နေ့နံပန်းစည်းများသည်လည်း တစ်စည်းလျှင် အနည်းဆုံး ကျပ်၃,၀၀၀ နှင့်အထက် ရောင်းချကြကြောင်း သိရသည်။
    နိဗ္ဗာန်ကုန်ပစ္စည်းများသည်လည်း ယနေ့ကဲ့သို့ ဘုရားဖူးများသောရက်တွင် ရောင်းအားပိုတက်ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ပြောသည်။
    ယနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ သီတင်းကျွတ် မီးထွန်းပူဇော်ပွဲ၊ ဆွမ်းတော်ပွဲများ ဆက်ကပ်လှူဒါန်းပွဲတို့ကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    စာတည်း။ ။ ဖူးသိမ်ကျ
    #ရွှေတိဂုံစေတီတော်​
    #သီတင်းကျွတ်လပြည့်နေ့
    #အဘိဓမ္မာအခါတော်နေ့
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U
    Join this channel to get access to perks: bit.ly/3AYeub2
    Follow us:
    Facebook ( Myanmar Language) bit.ly/3BuWBSJ
    Facebook (English language) bit.ly/3d5g1V2
    Facebook (Mizzima+TV) bit.ly/3eGNjdl
    Twitter bit.ly/3Dbvqh1
    Telegram bit.ly/3RRn2rk
    Tiktok bit.ly/3xngMzE
    Get Mizzima TV App Free : onelink.to/jnuwak/
    Website:
    www.mizzima.com/ www.mizzimaburmese.com/ www.mizzima.tv/
    .........................................
    About Us :
    Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.

Komentáře • 16

  • @demo1009
    @demo1009 Před rokem +5

    ပိုက်ဆံမပါ လက်ဗလာနဲ့ မင်းဆိုးမင်းညစ်‌ဘေးမှလွတ်မြောက်အောင် ဘုရားမှာဆုတောင်းရန်လာရောက်သူများ၏။

  • @warriorking9509
    @warriorking9509 Před rokem +3

    လူတေ ဘုရားတရားကိုင်းရှိုင်းတာကို မနာ လိုတဲ့ ငမိုက်သားတဖွဲတော့ရှိတယ်

  • @antynyunt6373
    @antynyunt6373 Před rokem

    ဘုရားသွားကျောင်းတက်
    ဆုတောင်းဆက်ကပ်.သာဓုသာဓုသာဓုပါ

  • @wowo22game26
    @wowo22game26 Před rokem +2

    အစဥ်မပြေနေပါဘူးလူတွေကုသိုလ်တစ်ပဲငရဲတစ်ပိဿာ

  • @nyinttal6396
    @nyinttal6396 Před rokem

    ခံရသလောက်အမှတ်သည်းခြေမရှိတာလဲ
    တို့မြန်မာတွေဖြစ်ပါတယ်ခဗျာ

    • @user-py8sf1pb5i
      @user-py8sf1pb5i Před rokem

      ဒင်းတို့အိမ်တွေပြာကျ့ နေစရာ စားစရာမရှိ တော​တွေထဲ ထွက်ပြေးနေရ့ရ့င်ရော အဲ့လို ပျော်ပါးနိုင်ဦးမလားဗျာ

  • @chitminthu4723
    @chitminthu4723 Před rokem

    ဘုရားသတိရတာတော့ကောင်းပါတယ်
    ဘုရားမှာခဲ့တာဟိုဘုရားဒီဘုရားလာခဲ့
    ဖူးလှည့်မမှာခဲ့ဘူးနော်...ငါဘုရားဒီလမ်း
    ကနေ..ဒီနေရာကိုသွားပြီ..ဒီလမ်းကနေ
    လိုက်ခဲ့ကျလို့မှာခဲ့တာ..ဒီလောက်တိုင်း
    ပြည်မညိမ်သက်ချိန်မှာဟင်း

    • @user-py8sf1pb5i
      @user-py8sf1pb5i Před rokem

      ဒင်းတို့အိမ်တွေပြာကျ့ နေစရာ စားစရာမရှိ တော​တွေထဲ ထွက်ပြေးနေရ့ရ့င်ရော အဲ့လို ပျော်ပါးနိုင်ဦးမလားဗျာ

  • @Zmrlpytmix
    @Zmrlpytmix Před rokem

    အိမ်က ဘုရားကော ရှိခိုးကြရဲ့လား

    • @user-py8sf1pb5i
      @user-py8sf1pb5i Před rokem

      ဒင်းတို့အိမ်တွေပြာကျ့ နေစရာ စားစရာမရှိ တော​တွေထဲ ထွက်ပြေးနေရ့ရ့င်ရော အဲ့လို ပျော်ပါးနိုင်ဦးမလားဗျာ

  • @nggamingjoker5663
    @nggamingjoker5663 Před rokem +2

    Aww😌😌😌လူတွေလူတွေ

  • @kyawzaya6879
    @kyawzaya6879 Před rokem

    လူ​တွေပါလား

  • @Dias_DS
    @Dias_DS Před rokem +1

    အိမ်ကဘုရားစင်ကဘုရားကိုတောင်မှနက်မှန်အောင်ကန်တော့ကြရဲ့လား

    • @user-py8sf1pb5i
      @user-py8sf1pb5i Před rokem

      ဒင်းတို့အိမ်တွေပြာကျ့ နေစရာ စားစရာမရှိ တော​တွေထဲ ထွက်ပြေးနေရ့ရ့င်ရော အဲ့လို ပျော်ပါးနိုင်ဦးမလားဗျာ

  • @htayaung8152
    @htayaung8152 Před rokem +1

    ဒါကဗုဒ္ဓဘာသာဝင်တွေရဲ့ထူးခြားတဲ့ပွဲတခါပါမအေလိုးချန်နယ်တွေကဗုံးကွဲတယ်ဘာညာဆိုပီးချောက်လှန့်နေကြတယ်