ပုသိမ်ဟာလဝါ

Sdílet
Vložit
  • čas přidán 30. 10. 2020
  • ပုသိမ်ဟာလဝါ
    သီတင်းကျွတ် ပိတ်ရက်လေးမှာ မြန်မာမုန့်လေးတမျိုးတော့ တင်ပေးနိုင်အောင် လုပ်မယ်ဆိုပြီးတော့ အခု "ပုသိမ်ဟာလဝါ"လေးကို လုပ်ပြပေးလိုက်တာပါနော်။ အခုကာလက အပြင်သွားဖို့လဲခက်ခဲတယ်။ ခရီးသွားဖို့ဆို ပိုတောင်မလွယ်တော့ ဒီ "ပုသိမ်ဟာလဝါ"လေးကို လုပ်စားကြည့်ပါနော်။ ကုန်ကြမ်းတွေကလဲ အရမ်းမများသလို လုပ်နည်းကလဲလွယ်ပါတယ်။ မီးဖိုပေါ်မှာ မွှေရတဲ့ အချိန်လေးပဲ နည်းနည်းကြတာပါနော်။ ကဲပြောနေတာတော့ ကြာပါတယ်။ လိုက်လုပ်စားဖို့ Video လေးကို ကြည့်ကြည့်လိုက်နော်။
    ပါဝင်သောပစ္စည်းများ
    ၁။ မွှေး ကောက်ညှင်းမှုန့် - ၃ ခွက်
    ၂။ သကြား - ၁ ခွက်မောက်မောက်
    ၃။ ညောင်စေးကျအောင် ကျိုထားသော ကြံသကာရည် - ၁ ခွက် (သို့) ကြံသကာ - ၂၀ ကျပ်သား
    ၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    ၅။​အုန်းနို့ - ၄၀၀ ml
    ၆။ နွားနို့ - ၄၀၀ ml
    ၇။ ရေ - ၄၀၀ ml
    ၈။ ဘိန်းစေ့ - ထမင်းစားဇွန်း ၄ ဇွန်း
    ၉။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက်တဝက်
    ၁၀။ ထောပတ် - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက်တဝက်
    (၁ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml)
    (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
    (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Komentáře • 36

  • @thet_H
    @thet_H Před 3 měsíci

    ကျေးဇူးတင်ပါတယ် အမရေ

  • @khinthazinaung9038
    @khinthazinaung9038 Před rokem

    အဆင်ပြေပါတယ်ညီမရေ ကျေးဇူးပါနော်

  • @dawthenthanksthenwin1947

    ကျေးဇူးတင်ပါတယ်

  • @thazinlal7887
    @thazinlal7887 Před 3 lety

    Thanks 👍

  • @htayhtayyi7758
    @htayhtayyi7758 Před 2 lety

    ကျေးဇူးပါ

  • @waiwaizarkyinmaung2887

    All good I like it too much thanks

  • @tda928
    @tda928 Před 3 lety +2

    Nice, Thanks 😊

  • @khinekhine2573
    @khinekhine2573 Před rokem

    ကြိုက်တယ်

  • @numang6819
    @numang6819 Před 3 lety

    Thanks

  • @zenal6560
    @zenal6560 Před měsícem

    အခုလိုတိတိကျကျဗီဒီယိုနဲ့တင်ပြပေးတာအထူးကျေးဇူးပါနောက်မုန့်များများဆက်လက်ပြီးတင်ပြပေးချင်ပါတယ်🙏🙏🙏🥰🥰🥰

  • @shalay4493
    @shalay4493 Před 3 lety +1

    မမရေး ပြော့နေတယ် မမ အဲ့တာဘာဖြစ်လို့လည်းရှင်

  • @RamannyaTV
    @RamannyaTV Před 3 lety

    Thanks.

  • @mmjj8223
    @mmjj8223 Před 7 měsíci

  • @user-om1iv6lu6k
    @user-om1iv6lu6k Před 8 měsíci

    လုပ်ပြီးပါပြီစားလို့မရအောင်မာကြွပ်သွားပါတယ်

  • @williamlay5786
    @williamlay5786 Před rokem

    Ba Wa ma pyack chin yin pathein mhar nay pi pathein har la war sarr pay par

  • @Bbawi
    @Bbawi Před rokem

    အုန်လုံး ကျော် မုန့်လုပ်နည်း တငိပေးပါအုံးလားအမ

  • @Bbawi
    @Bbawi Před rokem

    နာရီ၀တ်မှာချမယ်ဆို ရေပဲ သောက်ရမလားပဲ😂😂😂

  • @user-jc2eo8rz9f
    @user-jc2eo8rz9f Před rokem

    မရေကြံသကာအဖြူနဲ့ရောရလားဟင်အလိုညိညိုလေးထွက်ပါ့မလားဟင်

  • @nsmyint4667
    @nsmyint4667 Před 2 lety

    ဟာလဝါခြောက်ဖြစ်အောင်
    ဘယ်လို လုပ်ရပါမလဲခင်ဗျာ

  • @faridanakhuda654
    @faridanakhuda654 Před 8 měsíci

    Can anyone please write in English all the ingredients. Thanks

  • @LoneLoneDiary
    @LoneLoneDiary Před 3 lety

    ကြံသကာခွက် က 1cup ခွက်လားရှင့် ဆီခွက်1/2cup နဲ့ ခွက်size ချင်းတူနေသလားလို့ပါ

  • @faridanakhuda654
    @faridanakhuda654 Před 3 lety +1

    English subtitles,please

  • @minmin-fu4dq
    @minmin-fu4dq Před 2 lety

    ပဲမုန့လုတ်နည်းလေးတင်ပေးပါ

  • @htetnge2918
    @htetnge2918 Před 3 lety

    အမရေ အိုးကဘာအမျိုးအစားလဲရှင့် အိမ်ကအိုးကကပ်တတ်လို့ပါ အပန်းမကြီးရင်ဖြေပေးပါရှင့်

  • @ayokekalay8834
    @ayokekalay8834 Před 3 lety

    မမရေ ထောပတ်က ဝယ်လို့မရလို​့ မထည့်လဲရလား မဟုတ်လဲ ဘာအစားထိုးထည့်ရလဲ မမ

  • @mayvivo9619
    @mayvivo9619 Před 3 lety

    မင်္ဂလားပါအမရေအမဒဲအိုးဘယ်လောက်နဲဝယ်တယတယ်ရှင်ဘယ်က၀ယ်တာလယ်ရှင်ညီလို
    ပြောပေးပါနော်အမ

  • @zawkhin2410
    @zawkhin2410 Před 2 lety

    ထန်းလျက်ကျိုလို့ရလားဗျ

  • @mmjj8223
    @mmjj8223 Před 7 měsíci

    ဝk

  • @BnkkBnkk-zd5zx
    @BnkkBnkk-zd5zx Před rokem

    ပဲဟာလဝါလုပ်နည်းပြပေးပါလား

  • @Bbawi
    @Bbawi Před rokem

    အမပြောတော့ နာရီ၀တ်တဲ့ ငါတို့က ၂နာရီအတိလုပ်တာတောင် အဆင်မပြေနေဘူး

  • @ehkhuthu2736
    @ehkhuthu2736 Před rokem

    ဘိန်း မရှိလို့ မသုံးရင်ရလား

  • @khinelay688
    @khinelay688 Před 2 lety +2

    ဘိန်းစေ့ကဘာလဲဟင်။ နှမ်းစေ့နဲ့တူလား။ ဘယ်မှာဝယ်လို့ရလဲ😔

  • @thanthan4325
    @thanthan4325 Před rokem

    တာရှည်ခံအောင်ဘာများထည့်ရလဲရှင့်ကျေးဇူးတင်ပါတယ်

  • @JoJoJoJo-uu2ex
    @JoJoJoJo-uu2ex Před rokem

    ဘယ်နှစ်ရက်ထားခံလဲသိပါရစေ