Asphalt 9//Android//Racing 💥🏎️

Sdílet
Vložit
  • čas přidán 8. 09. 2024
  • Asphalt 9//Android//Racing💥🏎️
    Size - 2.37GB
    - Asphalt 9 ဆိုတဲ့ ဒီဂိမ်းက မိုဘိုင်းဂိမ်းတွေထဲမှာ အမိုက်စားကားဂိမ်းတစ်ခုအဖြစ်နဲ့ အရမ်းကိုရေပန်းစားတဲ့ ဂိမ်းတစ်ခုပါ။ နာမည်ကြီး Company တစ်ခုဖြစ်တဲ့ Gameloft ကနေ ဖန်တီးပေးထားတာမလို့ မိုဘိုင်းဂိမ်းကစားသူ အတော်များများဟာလည်း သိနှင့်ပြီးသား ဖြစ်ကြမှာပါ။
    Gameloft ကနေ ထုတ်တဲ့ Asphalt ဂိမ်းတွေဟာဆိုရင် ဒီ Asphalt 9 တစ်ခုတည်းတင်မဟုတ်ဘဲ အရှေ့မှာလည်း Asphalt 6 , 7 , 8 ဆိုပြီးတော့ပါ ခေတ်အလိုက် ထွက်ရှိခဲ့တာပါ။ ဂိမ်းပုံစံက Arcade Racing ပုံစံနဲ့ ကစားရမှာဖြစ်ပြီးတော့ ကားပြိုင်တဲ့နေရာမှာ Boost Up တွေဖြစ်တဲ့ Nitro သုံးတာတွေ ၊ ကားလှည့်တာတွေထိ လုပ်ဆောင်လို့ရပါတယ်။ Nitro သုံးတဲ့နေရာမှာ Speed ကုန်ဆုံးသွားတဲ့ Energy ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ အပြာတန်း ၊ ခရမ်းတန်းလေးတွေနားမှာ Nitro Boost တစ်ခါ ထပ်သုံးရင် Extra အနေနဲ့ Bonus Speed တွေနဲ့ပါ အမြန်မောင်းလို့ရပါတယ်။ အဲ့ဒီ Nitro ဗူးတွေကိုတော့ လမ်းတစ်လျှောက်မှာ ယူသွားလို့ရပြီး Big Nitro , Double Nitro ဆိုပြီးလည်း Nitro Energy အမျိုးမျိုးကို ရယူနိုင်မှာပါ။ ဒါ့အပြင် ကား Flip တဲ့‌အပိုင်းမှာပါ Extra Nitro တွေ ထပ်ပေးသေးတာကြောင့် ကားမောင်းတဲ့ ပြိုင်ပွဲတစ်လျှောက်လုံးမှာ Nitro ကိုဘဲ အဓိက ဦးစားပေးအနေနဲ့ ကစားပေးသွားရမှာပါ။
    ပါဝင်တဲ့ ကားအမျိုးစားတွေကတော့ နာမည်ကြီး Brands တွေ များစွာပါဝင်ပြီး အကုန်လုံးနီးပါးကို တရားဝင်လိုင်ဆင်နဲ့ဘဲ ထည့်‌သွင်းပေးထားတာပါ။ ကားအကောင်းစားတွေက စပြီး Low Quality တွေအထိ ကားတိုင်းကို Graphic ဒီဇိုင်းကစ အသေးစိတ် ဖန်တီးပေးထားတာပါ။ ကိုယ့်ရဲ့ ကားကို စိတ်ကြိုက် ဒီဇိုင်းဆင်လို့ရပြီး အရောင်ခြယ်တာတွေ ၊ ကားအဆင့်မြှင့်တင်တာတွေထိ မျိုးစုံ လုပ်ဆောင်နိုင်ပါတယ်။ ကစားနိုင်တဲ့ Mode တွေက Career Mode ကို အဓိကထား ကစားပေးသွားရမှာဖြစ်ပြီးတော့ Mission အလိုက် Car ရဲ့ လိုအပ်တဲ့ Power Limit တွေကိုပါ တစ်ဆင့်ခြင်း မြှင့်တင်ပေးသွားရမှာပါ။ Multiplayer Mode တွေပါ ထည့်‌သွင်းပြသပေးထားပြီး နောက်ထပ် Event Mode တွေကိုပါ အစုံတွေ့မြင်ရမှာပါ။ ပြိုင်ရမယ့် Map အမျိုးစားတွေလည်း များစွာပါဝင်တာကြောင့် Graphic ခပ်မိုက်မိုက်နဲ့ ကားအလန်းစား ကစားချင်တဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။
    Mod Game ပေါင်းများစွာကို ဒေါင်းလုဒ်ဆွဲရန်လင့် -
    www.mediafire....
    Asphalt 9 Download Link -
    www.modgamesmm...
    #mgmm #androidgames #gameplay #gamer #asphalt9

Komentáře •