ကဏန်းသားကော်ကြော်

Sdílet
Vložit
  • čas přidán 7. 09. 2024
  • ကဏန်းသားကော်ကြော်
    Stay at Home, Show your Cooking Skill!
    ကဏန်းသားကော်ကြော်ကလေ ဘယ်လိုပြောရပ။ စားလို့ကောင်းချက်ကတော့ အိစံဆို မြည်းပဲမြည်းလိုက်ရတယ်။ အကုန်စားသွားကြလို့လေ။ ကဏန်းသားကော်ကြော်ဆိုတဲ့အတိုင်း ကဏန်းအနံ့မွှေးမွှေးလေးရယ် ကော်ကြော်အတွင်းသားအိအိအပြင်သားက ကြွပ်ကြွပ်လေးနဲ့ စားကောင်းချက်ပဲ။ အဲ့လိုစားကောင်းတဲ့ ကဏန်းသားကော်ကြော်လေးကို ဒီVideo လေးကြည့်ပြီးလိုက်လုပ်ကြည့်နော်။
    ပါဝင်သောပစ္စည်းများ
    ၁။ ကဏန်းသား - ထမင်းစားဇွန်း ၃ ဇွန်းစာ
    ၂။ နုတ်နုတ်စဥ်းထားသော ဂျူးမြိတ် (ခုချိုင်) - လက်တဆုပ်စာ
    ၃။ ကြက်သွန်ဖြူ - ၂ မွှာ
    ၄။ ကော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
    ၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    ၆။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
    ၇။ ရေ - ၁ ခွက် = ၂၄၀ ml = ထမင်းစားဇွန်း ၁၆ ဇွန်း
    ၈။ Goody နေကြာဆီ - ထမင်းစားဇွန်း ၄ ဇွန်း
    ၉။ ငရုတ်ကောင်း - အနည်းငယ်
    (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
    (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Komentáře • 1

  • @myayukhaing1364
    @myayukhaing1364 Před 2 lety

    ပြောင်းကော်မှုန့်လားညီမ