လက္ခဏာသိသိချင်း ကုသင့်တဲ့ စိတ်ကျဝေဒနာ - BBC News မြန်မာ

Sdílet
Vložit
  • čas přidán 24. 04. 2022
  • ဘေးဒုက္ခ အခက်အခဲတွေနဲ့ ကြုံရတဲ့ အခါမျိုးမှာ သောကဖိစီး၊ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒီလို စိတ်ဓာတ်ကျတာမျိုးက ဘယ်လောက်အထိ ဆိုးဝါးနိုင်ပါလဲ။ ရိုးရိုးသာမန် စိတ်ဓာတ်ကျနေတာလား၊ Depressive Disorder လို့ခေါ်တဲ့ စိတ်ဓာတ်ကျရောဂါ ခံစားနေရပြီလား ဆိုတာကို ဘယ်လို ခွဲသိနိုင်မလဲ။
    တချို့တွေက ထွက်ပေါက်ရှာမရ ဖြစ်ပြီး ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်တာမျိုး၊ သေကြောင်းကြံတာမျိုးအထိ ဖြစ်တတ်ကြတာမို့ ဒီလို အဆင့်၊ အခြေအနေမျိုး မရောက်အောင် ဘယ်လို သတိထား ရှောင်ကျဉ်သင့်ပါလဲ။ စိတ်ဓာတ်ကျရောဂါအကြောင်း သိထားသင့်တာတွေကို ယူကေနိုင်ငံက စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီး ဒေါက်တာ နွဲ့ဝင်းသိန်းက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
    ဘီဘီစီမြန်မာပိုင်း

Komentáře • 59

  • @ammyat5839
    @ammyat5839 Před 2 lety +18

    ခုချိန်က လူကြီးမပြောနဲ့ လူငယ်တွေပါ လမ်းပျောက်နေကြတာ... စိတ်ဓာတ်ကျဖို့အရမ်းလွယ်တယ်။ဒီလို စိတ်ကျရောဂါ symptoms တွေသိထားတော့ ကိုယ့်ကိုကိုယ်ရော ပတ်ဝန်းကျင်က လူတွေကိုပါ ဂရုစိုက်ပေးလို့ရတာပေါ့။ ခုလို သေသေချာချာ ရှင်းပြပေးတဲ့ ဒေါက်တာကိုရော presenter ကိုပါ ကျေးဇူးတင်ပါတယ်။ 👍👍

  • @user-ti2nb2sk2m
    @user-ti2nb2sk2m Před 10 měsíci +4

    ကျွန်တော်ဆို မိဘတွေကိုလည်းပြောပြတယ် သူငယ်ချင်းတွေကိုလည်းပြောပြတယ် ဒါပေမယ့် ဒီလိုရောဂါက မြန်မာနိုင်ငံနဲ့သိပ်မယဥ်ပါးတော့ သိပ်အရေးမပေးကြဘူး အရင်ဆို ဘော်ဒါတွေနဲ့ပျော်ပျော်ပါးပါး အခုဘော်ဒါတွေကြားထဲမှာတောင် မနေတတ်တော့ဘူး အကုန်လုံးနဲ့စိမ်းလာတယ် အသက်ကနှစ်ဆယ့်တစ်နှစ်ပဲရှိသေးတယ် အချိန်သိပ်မရှိတော့ဘူးလို့ခံစားနေရတယ် တစ်ခါတစ်လေ စိတ်လေးပြန်ကောင်းရင် နိုင်ငံခြားထွက်မယ်တွေး ပြီးတော့ငွေရေးကြေးရေးမတက်နိုင်တော့ပြန်ပြီး စိတ်ဓာတ်ကျ ဘာမှမလုပ်နိင်တော့ပြန်ဘူး ဘယ်သူနဲ့မှစကားမပြောချင်ဘူး ကိုယ့်စိတ်ထဲမှာပဲကိုယ့်ကိုယ်ကိုပြန်ပြောနေတယ် ငါဘာလုပ်ချင်တယ် ငါလုပ်ခဲ့တာတွေမမှားဘူး တစ်ခါတစ်လေ မမှားခဲ့တာတွေအတွက်လည်း မှားတယ်ဆိုပြီးတွေးနေမိတယ် ဖြစ်နိုင်ရင်ရုန်းထွက်ချင်တယ် လွတ်လပ်ချင်တယ် တစ်ယောက်ထဲဖြစ်ဖြစ်နေချင်တော့တယ် ဒါပေမယ့်ဒီခေတ်ထဲမှာ မိသားစုရဲ့အဆင်မပြေမှုကိုထောက်ပေးရမယ့်အရွယ်ကရောက်လာပြီ အခုထိအားတင်းထားရတယ် ဒါပေမယ့်မရေရာဘူး နည်းနည်းလောက်ထပ်အားတင်းထားနိုင်ရင် အကုန်အဆင်ပြေသွားမယ်လို့ထင်တယ် ဒါပေမယ့်အဲ့အချိန်နည်းနည်းလေးကိုတော့တော်တော်အားတင်းနေရအုန်းမယ်

    • @NayMinKo-q8s
      @NayMinKo-q8s Před 4 dny

      ဟုတ်တယ်ငါလဲမင်းလို့ခံစားရတယ်နေရမဲ့မကျန်ဘူးလို့တွေးပြီးဝမ်းနည်းလာတယ်

  • @zirlianamatthew4598
    @zirlianamatthew4598 Před rokem +1

    ❤Thank you

  • @maythutunwater3417
    @maythutunwater3417 Před 2 lety +2

    ေက်းဇူးပါ

  • @CAR-zb7zl
    @CAR-zb7zl Před rokem +12

    ကျွန်တော်စိတ်ဓတ်ကျနာ၅လရှိသွားပြီ၊ိိစိတ်ဖိအားတွေတအားများနေတယ်၊ဘယ်လိုကုရမလဲခဗျာ?မခံစားနိုင်တော့ဘူး၁ခါ၁ခါကို့ကိုကိုသတ်သေချင်စိတ်တွေပေါ်လာတယ်?😱😟😢

    • @johnable3596
      @johnable3596 Před rokem +7

      စိတ်မပူနဲ့ ကျနော်လည်းတူတူပဲ အားမငယ်နဲ့

    • @penguinpenguin8787
      @penguinpenguin8787 Před rokem +4

      တိရစ္ဆာန် လေးတွေ
      အစာကျွေး
      တိရစ္ဆာန် လေးတွေနဲ့ အချိန်ဖြူမ်းးေနလိုက်တယ်
      စိတ်ကျသက်သာတယ်

    • @tinwin9518
      @tinwin9518 Před 11 měsíci +3

      ဆရာဝန်ပြပြီး ကုသမှုခံယူပါ vitamin d b complex probiotic ​တွေ​သောက်ပါ တချိန်တည်းမှာ ဆရာ​တော်​တွေ​ဟောပြတဲ့ သုတ္တန်​တရား​တော်​တွေ နား​ထောင်ပါ ပြန်​ကောင်းနိုင်ပါတယ် ပရိတ်​တော် ပဌာန်း​တော်​တွေရွတ်ပါ ဘုရားမှန်မှန်ရှိခိုးပါ ကျန်းမာပါ​စေ

    • @user-ow5lg8iw7r
      @user-ow5lg8iw7r Před 6 měsíci +2

      ကိုယ်က ချစ်ဖို့၊ယုယဖို့ နှင့် ကိုယ့်ကို ချစ်မဲ့၊ချွဲမဲ့ နှစ်လိုဖွယ်ရာ ခွေး၊ကြောင် တစ်မျိုးမျိုး မွေးကြည့်ပါလား?
      ခင်ဗျာလိုပဲ ကျနော်လည်းခံစားနေရတာပါပဲ၊ အားလုံးနီးပါးတည်ဆောက်ရယူပီး မှ ခု ဘာမှမရှိတော့တဲ့ အခါ.... နေရလည်း အဆင်မပြေ၊ စကားပြောရ၊ နားထောင်ရ လည်းအဆင်မပြေဖြစ်ခဲ့ပါတယ်။
      အပီးသတ်ဖို့ တစ်ကြိမ်လုပ်ဖူးခဲ့တယ်.... ဆေးအရှိန်ကြောင့် လူကမေ့သလိုဖြစ်သွားတာထင်ရဲ့၊ သတိယ လာတော့ ကျနော် သရဲဖြစ်ပီးပေါ့ ဆိုပီး ဟိုကိုင်ဒီကိုင်လုပ်ကြည့်တာ ရတယ်၊ အဲဒါနဲ့ ဆေးလိပ်သောက်ရင်း ကိုယ့်အသားကိုယ် မီးနဲ့ထိုး ကြည့်မိတဲ့ အထိပါပဲ။
      ခုတော့ ငါက ပီးခဲ့ပီး၊ ခုငါက အရင်ငါ အကြောင်းသိနေတဲ့ အသစ် တစ်ယောက်လိုပဲ ခံစားပီးနေတယ်၊ ကိုယ်နဲ့ပတ်သက်ခဲ့တဲ့ သူတွေရဲ့ အကြောင်းလည်းမ​ေတွးဘူး ခုကြုံတွေ့နေရတာတွေကိုလည်း ချစ်တဲ့စိတ်၊ နှစ်လိုဖွယ်ကောင်းတဲ့ အတွေးနဲ့ပဲ မြင်းမိတယ်။
      ခုလိုဖြစ်ဖို့ ၂၀၂၁ ကနေ ပီးခဲ့တဲ့ ၆ လ လောက်အထိပေါ့။
      မနက်ခင်းတွေလည်း.... လှပ ပါတယ်၊ ညနေခင်းတွေ လည်း.... မနက်ခင်းတွေထက်တောင်လှပ ပါတယ် လို့ ခံစားကြည့်လိုက်ပါ.... အဆင်ပြစေချင်တယ်ဗျ

    • @NayMinKo-q8s
      @NayMinKo-q8s Před 3 dny

      ကျွန်တော်လဲအဲလိုဖြစ်နေတာ09686901495ဆက်သွယ်ပြီးတူမတူပြောကြမယ်

  • @phyozawaye7299
    @phyozawaye7299 Před 2 lety +3

    ကျေးဇူးတင်ပါတယ် ဘီဘီစီ

  • @ayemin414
    @ayemin414 Před 2 lety +1

    Good, thanks.

  • @clarenangmai7256
    @clarenangmai7256 Před rokem +2

    Thank you BBC

  • @nilrwinassk2615
    @nilrwinassk2615 Před 2 lety +2

    ​ေကျးဇူးတင်ပါတယ်။မသီဒါနွယ်

  • @nyunttin8284
    @nyunttin8284 Před rokem

    Thanks par Dr

  • @100vermillion
    @100vermillion Před rokem +4

    ကျနော်ဆိုခုအခြေအနေတွေကြောင့် mental disorder အပြင်ကို imune disorder လက္ခဏာတွေပါခံစားနေရတယ်။ မြန်မာနိုင်ငံလက်ရှိအခြေအနေနဲ့ မြို့ပြတွေကလွဲရင် ပြစရာ ဆရာဝန်ကလည်းတော်တော်ရှားပါးပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကုရပါတယ်။ တရားထိုင်ရတယ်။ အစားမပြတ်အောင် မဝင်ဝင်အောင်စားတယ်။ အလုပ်တွေလျှောက်လုပ်တယ်။ အဓိက ကိုယ်ဒီလိုဖြစ်နေတယ်ဆိုတာသိနေဖို့တော့လိုတယ်ဗျ။ ဒါမှပြန်ထိန်းလို့ရမှာ။ ပုံမှန်ဖြစ်အောင်အရမ်းကြိုးစားရပါတယ်။ တော်တော်လည်းပင်ပန်းတယ်။ အရင်က active အရမ်းဖြစ်တဲ့လူ‌ဆိုတော့ ပိုဆိုးတယ်ဗျ။ ကိုယ့်မှာ သေနိုင်တဲ့ရောဂါတခုခုဖြစ်နေပြီလို့လဲအမြဲထင်နေတယ်။ သိပ်မနေရတော့ဘူးလို့လဲအမြဲတွေးမိနေတယ်။ ပတ်ဝန်းကျင်မှာလည်းဒီလိုဖြစ်နေတဲ့လူတွေမြင်နေရပေမယ့် သူတို့ကိုယ်သူတို့မသိကြဘူးဗျ။ မြန်မာတွေကဒီလိုရောဂါမျိုးကိုသိပ်မယဉ်ပါးကြဘူးဗျ။ အဓိကကတော့ နိုင်ငံရေးအခြေအနေတွေအမြန်ပြန်ကောင်းဖို့ပဲမျှော်လင့်ရတာပေါ့။ အဲဒါကလည်းလတ်တလောစိတ်ကျရောဂါတွေရဲ့အဓိကကိစ္စဖြစ်နေပါတယ်။

    • @tinwin9518
      @tinwin9518 Před 11 měsíci +1

      ကိုယ်လိုလူ​တွေအများကြီး စိတ်မညစ်ပါနဲ့ vit d bcomplex multi vit probiotic omega 3 ​သောက်ကြည့်ပါ အ​မေရိကန်က OG Dr Daw Khin Nwe Win ​ဟော​ပြောတာ​တွေ ဖတ်ကြည့်ပါ you tube မှာ thein win လို့ရိုက်လိုက်ရင် ရပါလိမ့်မယ်

  • @awakenmay
    @awakenmay Před 2 lety +4

    အလွန်မှတန်ဖိုးရှိလှသော program တခုပါ ယခုချိန်မှာလူတိုင်းသိသင့်သောရောဂါ​ဖြစ်ပါသည် 👍😊

    • @dawbabytapa4781
      @dawbabytapa4781 Před rokem +1

      ဆေးမသောက်ရင်အိပ်မရပါ ရေရှည်ဆေးသောက်ရင်နောက်ဆက်ဘာတွေဖြစ်နိုင်ပါသလဲ့ရှင့်

    • @awakenmay
      @awakenmay Před rokem +1

      @@dawbabytapa4781 အဓိကကတော့စိတ်ထဲမှာ ဆေးသောက်ကိုသောက်ရမယ်ဆိုပြီး မတွေးသင့်ပါ ဆေးအပြင်းစားများကိုလည်းအလွန်မသုံးစွဲပါနှင့် မဖြစ်မနေသောက်ရမည်ဆိုပါက Melatonin ပါဝင်သောဆေးသုံးပါရှင်
      စိတ်ကျဝေဒနာနှင့် အိပ်ဆေးစွဲရောဂါလုံးဝမတူပါ 😊

  • @UURoblox
    @UURoblox Před 7 měsíci +2

    ညမငယ်ငယ်ကလိင်ပိုင်းဆိုင်ရာကိစ္စတွေဖြစ်ဖူးပါတယ် အပြာရုပ်ပြတွေလဲပြတာပါ အဲ့ရဲ့ ဒဏ်ရာကအခုထိအိမ်မက်ဆိုးလိုပါပဲ

  • @Ayeyarwaddy7647
    @Ayeyarwaddy7647 Před 2 lety +4

    အရမ်းကောင်းပါတယ် ကျေးဇူးပါ ရှင်

  • @MrNyuntshwe
    @MrNyuntshwe Před 2 lety +2

    မသီဒါနွယ်နဲ့ သမားတော်ကြီးတို့ ၂ ဦးလံုးကို ကျေးဇူးအများကြီး တင်ပါတယ်။ အဖိုးတန် တင်ဆက်မှုပါ။

  • @messl6354
    @messl6354 Před rokem +3

    စိတ်အစွဲလွန်တာ အာရုံပြောင်းလို့မရတာ ကိုဘယ်လိုကုရမလဲဗျ ကူညီပေးပါဗျ

  • @ashinthumana969
    @ashinthumana969 Před rokem +7

    အရှင်နန္ဒာစာရ ရေးထားတဲ့ ' ငါတယောက်ထည်းလား" ဆိုတဲ့စာအုပ်တွေ့ဖူးတယ်၊ မြန်မာနိုင်ငငံမှဆို ရနိုင်ပါတယ်၊ အဓိကက သားငယ်စာပေက ထင်တာပဲ.
    လူတွေက ကိုယ်ကြုံနေရတဲ့ အခက်ခဲ, အလိုမကျမှုတွေကြောင့် ပတ်ဝန်းကျင်ကိုရော မိမိကိုယ်ကိုပါ ဒုက္ခရောက်အောင်လုပ်တတ်တယ်။ ဒီလိုဖြစ်နေတာဟာ' ငါတယောက်ထည်းမဟုတ်ဘူး'ဆိုတဲ့ အသိနဲ့ ပြန်လည်ထိန်းမတ်ဖို့ လိုပါတယ်။

  • @sansansoe8563
    @sansansoe8563 Před měsícem

    မင်္ဂလာပါ

  • @messl6354
    @messl6354 Před rokem +2

    ဆွေးနွေးလို့ရနိင်မလား ကူညီပေးပါ ဘယ်လိုကုရမလဲ

  • @maaye1004
    @maaye1004 Před rokem

    Hi

  • @dawbabytapa4781
    @dawbabytapa4781 Před rokem +2

    မဂ်လာ ကျမကဆေးမသောက်ရင်အိပ်လို့မရပါ ဆရာပေးသောဆေးဖြစ်ပါတယ် လေးနှစ်ကျော်ရှိပြီးနောက်ဘာပြသနာဖြစ်နိုင်ပါသလဲ့ရှင့်

    • @paingpaing6433
      @paingpaing6433 Před rokem

      ဆေးနာမည်လေးသိရင်ပြောပြလို့ရမလားဗျာ

  • @MaHanHsuNaing-qz8yu
    @MaHanHsuNaing-qz8yu Před rokem +2

    Symptomsတွေ အားလုံး တူနေပါတယ် ခံစားရတာတော့ ၁လကျော်ပါပြီ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး မွန်းကျပ်ပြီး ပိတ်လှောင်နေတယ် please help me.မန်းလေးမှာ အဲ့လို ဆွေးနွေးပေးမယ့် ဆရာဝန်ရှိရင် လမ်းညွှန်ပေးကြပါဦးရှင့်

    • @mizzimalife8738
      @mizzimalife8738 Před rokem +1

      ဖလှယ်ကြမလား ဗျာအကူညီ ဖြစ်မယ် ထင်တယ်

    • @tinwin9518
      @tinwin9518 Před 11 měsíci +1

      ျွမ်းကျင်​သော စိတ်အထူးကု ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူပါ vitamin d b complex probiotic ​တွေ​သောက်ပါ သုတ္တန်တရား​တွေနာပါ သရဏဂုံ ပုတီးစိပ်ပါ ကျန်းမာပါ​စေ

  • @zirlianamatthew4598
    @zirlianamatthew4598 Před rokem

    ❤🎉Dr Noi Win Ting

  • @KhaingThazinKhaingThazin-xj9jf

    ခုနှစ်နဲ့ချီပြီးဖြစ်နေမိတယ်ဆရာမအရမ်းပင်ပန်းနေပါပြီဘယ်လိုကုသရမလဲဗျ

  • @durgabaniyamgk6366
    @durgabaniyamgk6366 Před 2 lety +2

    ကျေးဇူးတင်ပါတယ်ရှင့်
    ဘဣဘီစီ

  • @meichen8206
    @meichen8206 Před rokem +1

    Like it

  • @user-wl8lv2kj1v
    @user-wl8lv2kj1v Před 4 měsíci

    😔စိတ်ညစ်လွန်းလို​့ ဒါနားထောင်တာ စိတ်မရှည်ဖူး အာရုံစိုက်လို့မရဖူး😞😞😞😞😞

  • @yoteteet3320
    @yoteteet3320 Před 5 měsíci

    အဲ့တာ ကျနော်ပဲဗျာ

  • @alicenwayoo2934
    @alicenwayoo2934 Před měsícem

    ကျမအထင်​တော့စိတ်ကျ​ရောဂါက ကိုယ့်စိတ်က​နေဖြစ်လာတာမို့ကုလို့မရဘူးလို့ထင်တာပဲ

  • @LaeLae-tu1ud
    @LaeLae-tu1ud Před 4 měsíci

    အကုန်တူနေတာဘယ်လိုလုပ်ရမလဲ သမီးအခုမှအသက်17ပဲရှိသေးတာကို😢😢

  • @sansansoe8563
    @sansansoe8563 Před měsícem

    သူများက်ိုမတရားမျိုးစုံလုပ်တတ်ဗိုလ်ကျတတ်တဲ့သူစိတ်ဓါတ်ကျ၊စိတ်ဓါတ်ကြွရောဂါဖြစ်သွားပါတယ်ငယ်ငယ်လေးပါ

  • @ZaLe-Je
    @ZaLe-Je Před rokem

    တျောသှေုတာပေါ့😬😬😬😬

  • @nyogyi6862
    @nyogyi6862 Před 7 měsíci +3

    ကိုယ် လုပ်တာ မှန်တယ် .. လို့ ထင်နေတာ .. ပြောပီးသား စကားတွေကို ထပ်ထပ်ပြောနေတာ .. မိသားစု နဲ့ မဆက်ဆံချင်တော့တာ .. သူများကို ကိုယ်လို ခံစားစေချင်တဲ့ ပညာမျိုး ပေးတာ .. တဖက်လူ ဒုက္ခ ရောက်တာကို သိသိနဲ့ ကျေနပ်နေတာ .. ငါ မရှိရင် မဖြစ်ပါဘူးကွာ ဆိုပီ အမြဲတွေးနေတာ .. မိသားစု အပေါ် စိတ်ကုန်နေပီလို့ ပြောလာတာ သူများ အမှားတွေပဲ မြင်လာ တာ မိသားစုနဲ့ဝေးဝေး နေရတာကို ထွက်ပေါက်တခုလို ပြုမူနေထိုင်တာ မနက်ဖြန် အတွက် လုပ်စရာ ဘာမှ စိတ်မဝင်စားတောတာ .. ဖြစ် ချင် ရာ ဖြစ် ကွာ ဆိုပီ .. ဆုံးဖြတ် လိုက်တာ .. ပြောမယ်ဆို အများကြီး ကျန်သေးတယ် .. သူများ စကား ကို နားလည်ဖို့ နားထောင် နေတာ မဟုတ်ပဲ ပြနပြောဖို့ နား ထောင်နေတာ .. ဖြေရှင်းချက် ထုတ် နေတာ တွေ အများကြီး ကျန် ပါသေးတယ် ..

    • @user-fy6em1vo9e
      @user-fy6em1vo9e Před 9 hodinami +1

      အရမ်းမှန်ပါတယ်

    • @nyogyi6862
      @nyogyi6862 Před 7 hodinami

      @@user-fy6em1vo9e ဟုတ် ကျွန်တော် နားလည်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ခမျာ ✌🏾🤎🙏🏾

  • @user-qz4oh1fb4y
    @user-qz4oh1fb4y Před 5 měsíci

    ရင်ထဲမာပိတ်ကျပ်နေရောဘဲ အရမ်းတေမခံမရပ်နိုင်အောင်ဖြစ်တယ် ဒေါသလဲထွက်တယ် ကြောက်လဲကြောက်လဲတစ်ခုခုကကိုယ်ကိုအရမ်းကြောက်မို့ကောင်းအောင်လုပ်နေသလိုဘဲ အရမ်းတင်းကြပ်တယ်စိတ်တေလဲညစ်တယ်တျောင်တည်းနေချင်တယ်
    တစ်ခုခုကပိတ်ဆို့ထားနေသလိုဘဲ

  • @ARMY-pi5sp
    @ARMY-pi5sp Před měsícem

    ကျွန်မလဲစိတ်ဓာတ်ကျတယ်

  • @hlamyinthlamyint8791
    @hlamyinthlamyint8791 Před rokem

    ကျွန်တောလည်းြဖစ်နေလို

  • @kimkay9739
    @kimkay9739 Před rokem +2

    လွန်ခဲ့တဲ့2နှစ်က ကိုယ့်ကိုအသားနာအောင်ဓားနဲ့လှီးတာတို့ကိုယ့်ကိုထိခိုက်အောင်လုပ်တာတို့အိပ်မပျော်တာတွေ ပီးတော့ကိုယ့်ကိုထိခိုက်အောင်လုပ်‌တာတကြိမ်မကခဲ့ဘူး
    နောက်ပိုင်းတော့တဖြေးဖြေးသက်သာလာခဲ့ပေမဲ့ ဒီနှစ်တွေမှာပိုဆိုးလာခဲ့တယ်ကိုယ့်ကိုထိခိုက်အောင်လုပ်တာတွေအရမ်းများခဲ့တယ် တိုင်တွေအုတ်နံရံတွေကိုလက်သီးနဲ့ထိုးတာတို့ကိုယ့်လက်ကိုယ်အပ်တွေနဲ့ထိုးတာ‌တို့ပီးရင်လက်အကြောတွေကိုဓားနဲ့လှီးဖြတ်တာတို့အခန်းအရမ်းအောင်လာခဲ့တယ် လူတွေနဲ့စကားပြောရမှာလဲအရမ်းကြောက်လာခဲ့တယ် ဒါကိုစိတ်ကျရောဂါလို့သတိမှတ်နိုင်လား ဆရာဝန်တခါမှမပြခဲ့ဖူးပါဘူး အသက်15နှစ်ပဲရှိပါတေးတယ် ကိုယ်တိုင်ဖြစ်တာမလို့ပါ စိတ်တွေတိုဒေါသတွေထွက်လာတာလဲများပါတယ် ဒါကိုပြောပြပေးပါ ကုသဖိုမလိုဘူးမလား?

    • @auonzanae
      @auonzanae Před rokem +1

      စိတ်ကျန်းမာရေး အထူးကုဆရာဝန်ဆီမှာ သွား‌ေရာက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်

    • @tinwin9518
      @tinwin9518 Před 11 měsíci +1

      ိတ်ကျန်းမာ​ရေး အထူးကုနဲ့ပြပါကုသမှုခံယူပါ vit d bcomplex multivitamin omega 3 ​သောက်ပါ သုတ္တန်တရား​တွေနာပါ ကြိုက်နှစ်သက်ရာနဲ့ ပုတီးစိတ်ပါ ပြန်​ကောင်းပါတယ် ကိုယ်​တွေ့ပါ

    • @user-mr4ve3gg1f
      @user-mr4ve3gg1f Před 11 měsíci +1

      ကျနော် စိတ်ကျရောဂါ အကြီးအကျယ်ဖြစ်နေတာ ကြာပြီ။
      ကူညီကြပါဦး။

    • @tinwin9518
      @tinwin9518 Před 11 měsíci +2

      ကျွန်မလည်း ဖြစ်ခဲ့ဖူးပါတယ် အကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ် စိတ်အထူးကုနဲ့ပြပြီးကုသမှုခံယူပါ စိတ်ရှည်ရှည်ထားပြီး​ပေးတဲ့​ဆေးကို ​သေချာ​သောက်ပါ ကျွန်မက ​နေ​ကောင်းပြီဆိုပြီး မပြ​တော့လို့ပြန်ပြန်ဖြစ်တာ သိရပါတယ် အခု​နောက်ဆုံးတ​ခေါက်​တော့ ​ဆေးကိုကိုယ့်သ​ဘောနဲ့ကိုယ်မဖြတ်​တော့ပါ အခု​နေ​ကောင်း​နေပါပြီ ဒါ​ပေမဲ့ ထိန်း​ဆေး​လေးတမျိုးကို ​သောက်ရပါတယ် ပြခါစမှာ​ဆေး​သောက်ရတာများ​ပေမဲ့ ​နေ​ကောင်းလာတာနဲ့​ဆေးတဖြည်းဖြည်း​ရော့လာပါတယ် တပြိုင်နက်ထဲမှာ vitamin d betex omega3 magisium citrate vit k ​တွေ​သောက်ပါတယ် ကိုယ်နှစ်သက်ရာ နှင့် ပုတီးစိတ်ပါ သစ္စာ​ရွှေစည်ဆရာ​တော်ရဲ့တရား​တွေနာပါတယ် စိတ်ကိုတအားလွှတ်ပြီးမညစ်ပါနဲ့ ပြန်​ကောင်းပါတယ် ပြန်​ကောင်းကြပါ​စေ ကိုယ်​တွေ့ပါ

  • @khammokhammo4177
    @khammokhammo4177 Před rokem

    ကျမလဲဆရာဝန်ပြောတာတွေနဲ့အကုန်တူနေတယ်ဘယ်လိုဆက်သွယ်ရမလဲ

  • @mizzimalife8738
    @mizzimalife8738 Před rokem

    Anxiety disorders
    depress disorder

  • @ayesaybel5854
    @ayesaybel5854 Před 4 měsíci +1

    ကိုယ်တိုင်ခံစားနေရပါကုသနည်းကိုဖြေပေးပါလူတွေနဲ့လူမူ့ဆက်ဆံရေးမှာခတ်ခဲနေပါတယ်လူတွေအများကြီးရှိတဲ့နေရာမှာနေရရင်စိတ်ပင်ပန်းလာတယ်ပြီးတော့လူတွေနဲ့စကားပြောတဲ့အခါမျက်လုံးချင်းမဆုံရဲဘူးဗျအဲဒါဘာဖြစ်လို့လဲဗျဖြေပေးပါ