မြဝတီ တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်

Sdílet
Vložit
  • čas přidán 16. 08. 2023
  • ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင် တာဝါတိုင်တောင်ကုန်းစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင် လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်ပူးပေါင်းတပ်များကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ထိုင်းဘက်ခြမ်း တာခ့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ် ယူပြီး လုံခြုံရေးအတွက် ပြင်ဆင်တာတွေလည်း ရှိနေအကြာင်း သိရပါတယ်။
    အိမ်နီးချင်း မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာပါ လုံခြုံရေး တင်းကျပ်ထားကြောင်းသိရပါတယ်။
    ဒါ့အပြင် ထိုင်း−မြန်မာ နယ်စပ် ဖွတ်ဖရ မြို့နယ်၊ ထဆောင်ရမ်း မြို့နယ်အတွင်းက တောလမ်း တွေမှာပါ လုံခြုံရေး တိုးချပြီး လမ်းတွေကို ယာယီ ပိတ်ထားဖို့ ထိုင်းဘက်က ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။
    ကရင်ပြည်နယ် မြဝတီမြို့အတွင်း စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင် စခန်းကုန်းကို ပြန်လည် ရယူဖို့ ကြိုးစားနေတာမှာ စစ်ကောင်စီတပ်တွေနဲ့ BGF နယ်ခြားစောင့်တပ်တွေက တဘက်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ပါတဲ့ ပူးပေါင်းတပ်တွေက တဘက် တိုက်ပွဲ ပြင်းထန်နေတာပါ။
    စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နယ်စပ်တဝိုက် စစ်လေယာဉ်တွေ ဝဲပျံနေတာတွေကြောင့် ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းကို ကျော်ပြီး လက်နက်ကျည်တွေ ကျမှာကို ထိုင်းဘက်က စိုးရိမ်တာကြောင့် နယ်စပ်တလျှောက် လုံခြုံရေး စောင့်ကြပ် စစ်ဆေးတာ ကင်းလှည့်တာတွေ ပိုပြီး လုပ်လာနေတာဖြစ်ပါတယ်။
    လက်ခတ်တောင်ဒေသမှာ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၆) က တပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေပါတဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
    လတ်ခတ်တောင် စခန်းကုန်းကိုတော့ ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၂၁ ရက်နေ့က သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။
    နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေ ရှိသလို၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေလို့ ဘာသာရေး အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။
    လက်ခတ်တောင်စခန်းကုန်းကို ၅ ရက်အတွင်း ပြန်လည် သိမ်းယူဖို့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းရင်းမြစ်က ပြောပါတယ်။
    ဒီအတွက် လက်နက်ကြီး ပစ်ခတ်တာတွေက ပြင်းထန်နေပြီး တိုက်ပွဲအနီးနားက ဘာသာရေး အဆောက်အဦးတွေ ပျက်စီးတာတွေ ရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ခေါင်းဆောင်က ပြောပါတယ်။
    #Political News
    #MizzimaTV
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe now and join the Mizzima TV family to get insights into Burma's culture and people. Become a member to our channel
    / @mizzimanewstv
    Facebook | Myanmar Language - bit.ly/3BuWBSJ
    Facebook | English language - bit.ly/3d5g1V2
    Facebook | Mizzima+TV - bit.ly/3eGNjdl
    Twitter - bit.ly/3Dbvqh1
    Telegram - bit.ly/3RRn2rk
    Tiktok - www.tiktok.com/@mizzimadaily?...
    Get Mizzima TV App Free - onelink.to/jnuwak/
    Website - www.mizzimaburmese.com/
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 10

  • @ingyinkyin7974
    @ingyinkyin7974 Před 9 měsíci +3

    ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဘေးရန်ကင်းကွာပါစေ

  • @myochitmin6620
    @myochitmin6620 Před 9 měsíci +3

    ထိုင်းကလဲ အဖြစ်သည်းနေလိုက်တာ...အိမ်နီးချင်းကောင်းမပြီသဘူး😇😇😁

  • @AungAUKng
    @AungAUKng Před 2 měsíci

    ကရင်ကလဲ ဗမာကိုဖြုတ် ဗမာကလဲ ကရင်ကိုဖြုတ် ချကြ အားပေးတယ်

  • @kyawkoko-oh9rq
    @kyawkoko-oh9rq Před 9 měsíci +1

    ထိုင်းက ပိတ်ထားp haha

  • @kyawkoko-oh9rq
    @kyawkoko-oh9rq Před 9 měsíci

    ဘယ်ပြေးမလဲ မချိုသဲ

  • @KyawLynnThit-uz2tq
    @KyawLynnThit-uz2tq Před 9 měsíci

    အုပ်လိုက်ပြန်ကျဲပစ်နစက

  • @hzza3167
    @hzza3167 Před 9 měsíci

    စစ်ဘေးသင့်တွေကိုကူညီတယ်ခွေးတပ်နဲ့ပဒက်ကိုစောင့်နေတာ

  • @sannmg6738
    @sannmg6738 Před 9 měsíci

    ထိုင်းကမြန်မာ့တပ်မတော်ကိုတိုက်ခိုက်တော့မှာပေါ့

  • @user-bh7si3gj5j
    @user-bh7si3gj5j Před 9 měsíci

    စောင့်နေလာလိမ်းမည်ထွက်မပြေးနင့်

  • @user-ql9jn6ii1t
    @user-ql9jn6ii1t Před 9 měsíci +2

    😂😂မင်းတို့ကိုမျိုးဖြုတ်ဖို့စောင့်နေတာကွပြည်ပဘောမခွေးသားတွေရဲ