သရက်သီး ပူတင်း လုပ်နည်း (Mango pudding)
Vložit
- čas přidán 21. 05. 2020
- သရက်သီးကျောက်ကျော ထိုးတာထက် လုပ်ရတာ ပိုလွယ်ကူပြီး ပိုစားကောင်းပါတယ်။
အချိုပွဲ အသစ်အဆန်းလေးဖြစ်ပြီး လုပ်ရတာလည်း လွယ်ပါတယ်။
သရက်သီးတွေပေါတဲ့အချိန်မှာ အကုန်အကျသက်သာတဲ့ သရက်သီးပူတင်းလုပ်နည်းလေးပါ။
ဆရာ Eric Yang ရဲ့ စနိုးပူတင်းလုပ်နည်းလေးကို မှီငြမ်းထားပါတယ်ခင်ဗျာ။ ဆရာ့ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။
သရက်သီးက အမျှင်တွေပါတော့ ပူတင်းက စနိုးပူတင်းလို့ အရမ်းမပျော့ဘဲ အနည်းငယ် မာအိအိလေးဖြစ်နေပါလိမ့်မယ်။
ပါဝင်တဲ့ပစ္စည်းတွေကို အောက်တွင် ဖော်ပြပေးထားပါတယ်။
ဒီပေ့ချ်လေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ ကျွန်တော် K2 ရဲ့ ဟင်းချက်တဲ့ ဗီဒီယိုလေးများကို အမြဲကြည့်ရှှုဖို့ ယူကျု့မှာ Subscribe လုပ်ပေးပါဦးခင်ဗျာ။ ဗီဒီယိုလေးတွေထပ်ပြီးတင်သွားဖို့ အားတွေက ကျွန်တော့် အချစ်ဆုံး K1 နဲ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးကို အမြဲအားပေးကြည့်ရှုပေးတဲ့ မိတ်ဆွေ တွေပါ။
လာရောက်ကြည့်ရှုသူ မိတ်ဆွေ တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
Cook for K1_ CZcams Channel
/ cookfork1
Cook for K1 _Facebook page
/ cookfork1
#cookfork1 #CookforK1 #သရက်သီးပူတင်း #mangopudding
ပါဝင်တဲပစ္စည်းတွေကတော့
ပြောင်းကော်မှုန့် - ၆၀ ဂရမ်
သရက်သီးအနှစ် - ၃၀၀ မီလီလီတာ
အုန်းနို့ - ၃၀၀ မီလီလီတာ
သကြား - ခွက်ရဲ့ ၄ပုံ၁ပုံ (သို့) ၆၀ ဂရမ်
အုန်းသီးခြစ် အနည်းငယ်
Ingredients
Corn starch - 60 g
Mango puree - 300ml
Coconut cream - 300ml
Sugar - 1/4 cup or 60g
Shredded coconut
Zaw Gyi
ဒီပေ့ခ်ျလေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
/ cookfork1
/ cookfork1
ပြောင်းကော်မှုန့် - ၆၀ ဂ၇မ်
Ingredients
Corn starch - 60 g
Mango puree - 300ml
Coconut cream - 300ml
Sugar - 1/4 cup or 60g
Shredded coconut - Jak na to + styl
ကျေးဇူးပါ အားပေးနေပါတယ်😍😻🤗🐈🎉
သရက်သီးတွေမတုံးခင်
ဒီနေ့တော့ အောင်မြင်စွာလုပ်စားဖြစ်ပါတယ် 🎉
တော်တော် စားကောင်းတယ်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
ဟုတ်ကဲ့။ လုပ်စားကြည့်ပါခင်ဗျ 😊
ေက်းဇူးပါ
Your method is good for health.......
I like your recipes.... 😍😍😍
Thank you 😻😻😻
Thanks you
Thank you
ကျေးဇူးပါ
ကျေးဇူးပါခင်ဗျာ
ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ
I like it. Cool performance.
Thank you.
I rlly love your channel, I can learn with your videos and make food for my mom🥰. Rooting for you and hope you make more traditional cuisines and many other cuisines too 😊
Thank you par 😻. I'll try my best. 🙏
ကျေးဇူးတင်ပါတယ် ခ
ကျေးဇူးတင်ပါတယ်ခင်ဗျာ ၊🙏
ကြိုက်တယ်👌👏
ကျေးဇူးပါခင်ဗျာ
Yummy Yummy !!!!
❣️❣️❣️🌷🌷🌷😻
Thanks🤤🤤🤤
Hope you enjoy
လုပ်နည်းက လွယ်တယ်.... thanks brother 😁
You're welcome par.
Wow, Mango !
New ingredients and good idea ! Very nice, mangoes this the most tropical tasting fruits I have ever eaten So I really don't know making pudding the way u do..The colour is yellowish but already taste so good after all and unique smell !
You really should great work !
Thx indeed,
Blessing to u and UR family's😘
It's really delicious. I hope I can send it to you. Thank you for your comment... 😘😘😘. Have a sweet dream.
@@Cookfork1 Same here too and have a nice weekend my Dear ! 😴😴😴
က်ေးဇူး
ကျေးဇူးပါခင်ဗျာ 😻
ကျေးဇူးပါရှင့်
အားပေးမြဲပါ👏👏👏😋
ကျေးဇူးအမြဲတမ်းတင်ပါတယ်ခင်ဗျာ 🙏🙏🙏
စားချင်နေတာကြိုက်တယ်
ပို့ပေးလို့ရရင် ပို့ပေးပါတယ်ဗျ 😻
❤️❤️❤️ လုပ်ကြည့်မယ်😊😊
ဟုတ် ❤️❤️❤️
ကျေးဇူးတင်ပါတယ်။ သရက်သီးကို အနှစ်လုပ်ပြီး ကြာရှည်ထားခံအောင် ဘယ်လိုလုပ်ရမလဲရှင့်။
ကြိုပြီး အအေးခံ ပြီးရင် frozenထဲ ထည့်ပြီးထားမှ အထားခံပါမယ်။ သကြားဓာတ်က များတော့ ဒီတိုင်းဆို အထားမခံပါဘူးခင်ဗျာ
Cook for K1 ကျေးဇူးပါ အနှစ်လုပ်ထားပြီးပြီ ကြိုပြီးအအေးခံထားလိုက်ပါမယ်
ကျေးဇူးပါ အားပေးနေပါတယ်❤😻🤗🐈
သရက်သီးမှည့်ပေါ်ချိန်မှ လုပ်စားပါဦးမယ်🍋🍋
ဘေးကင်းကျန်းမာအဆင်ပြေပါစေ
ဟုတ်။ သုပ်စားကြည့်ပါခင်ဗျ 🪻ကျေးဇူးတင်ပါတယ်အစ်မ 🌷ကျန်းမာပျော်ရွှင်ပါစေ 🙏🌷
@@Cookfork1 အယ် သုပ်စားတဲ့ဟာမဟုတ်ဘူးလေ☺
သရက်သီး ပူတင်းလုပ်စားမှာ
thz❤️❤️
😻😻😻
အကိုရေ သရက်သီးအစား တခြားအသီးနဲ့ရော ရသလားခင်ဗျာ။ဥပမာ ဒူးရင်းသီး ကီဝီသီး ရွှေဖရုံသီးတို့လိုပေါ့။ကျေးဇူးတင်ပါတယ်
ရပါတယ်။ ရွှေဖရုံသီးက မွှေးနံ့မရှိတော့ သိပ်တော့ မလိုက်ဘူးခင်ဗျ။
လုပ်စားကြည့်တာအရမ်းကောင်း
တယ်
ဟုတ်ကဲ့ 😊
စားချင်လာပြီနော်
စားပါဗျ...
corn flour ရှိတယ်ရှင့် corn starch နဲ့ တူလားရှင့်
Corn flour က အဝါရောင်အမှုန့်ဆို မတူပါဘူး ။ နိုင်ငံမတူရင် အခေါ်အဝေါ်က ကွဲလို့ပါ။ အဖြူရောင်မှုန့်ဆိုရင်တော့တူပါတယ်။
Thanks.အကို့ရဲ့နာမည်လေးပြောပြပါလား
K2 လို့ပဲ မှတ်ထားလို့ရပါတယ်ခင်ဗျာ။
အောင်ရဲလင်း
စားကောင်းမယ့်ပုံလေး
ကျွန်တော်ကတော့ အရမ်းကြိုက်ပါတယ် 😻
ပြောင်းကော်မှုန့်အစားဘာသုံးလို့ရသေးလဲ။
ပြောင်းဖူးမှုန့်ရပါတယ်။ သူ့ထည့်ရင် ၂ ဆ ထည့်ပေးရမှာပါ။
ကော်မှုန့်ကကြာကြာကျိုရင်ပြန်ကျဲသွားနိုင်ပါသလား
မကျဲဘူးခင်ဗျ။ သုံးတာက ပြောင်းကော်မှုန့်ပါ
ပြောင်းကော်မှုန့်နဲ့ ပြောင်းဖူးမုန့်က တူတူပဲလား
မတူဘူးခင်ဗျ။ Corn starch က ပြောင်းဖူးရဲ့ ကစီဓာတ်ကို လုပ်တာဆိုတော့ Corn flour (ပြောင်းဖူးမှုန့်) ကိုသုံးမယ်ဆိုရင် Corn starch ထည့်တာထက် ၂ ဆ လောက်ပိုထည့်ပေးရမယ်
ကောက်ညင်းမှုန့်သုံးရလားအကို ပြောင်းကော်မှုန့်မရှိလို့
ကောက်ညှင်းဆိုရင် ထိုးမုန့် နဲ့ တူသွားလိမ့်မယ်ဗဖ
Can I use milk instead of Coconut milk?
Yes. You can.
Thank you 😁
အုန်းနို့နေရာမှာ နွားနို့ ပြောင်းကော်မူန့်အစား ရိုးရိုးကော်မူန့် သုံးလို့ရလားမသိဘူး??
နွားနို့ အစားထိုးလို့ရပေမယ့် ကော်မှုန့်အစားထိုးလို့မရပါဘူးခင်ဗျာ
Kgနဲ့ဆိုရင် ဘယ်လိုထည့်ရလဲရှင့်
0.06 kg for constarch ပါ။
ပြောင်းကော်မှုန့်အစားအခြားကော်မှုန်ရလားရှင့်
Your channel is best for me because I am a beginner for my cooking shork
Thank you 😻
ခုနက မှားဖြေတာဗျ
တောင်းပန်ပါတယ်။ မိုချီဗီဒီယိုတင်တင်ချင်း ကွန်မန့်တက်လာတော့ မိုချီမေးတယ်ထငိလို့ပါ။ ပြောင်းကော်မှုန့်ပဲ သုံးလို့ရပါတာယ် တခြားဟာမရပါဘူးခင်ဗျာ
သရက်သီး ပေါ်ချိန်လေး လုပ်စားကြည့်ပါမယ် ကျေးဇူးပါရှင့်
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊
"အနှစ်ဘူးကမြန်မာနိုင်ငံကထုတ်တယ်ဆိုပေမယ့်qualativeကောင်းပါတယ်" ဆိုတော့ တချို့မြန်မာနိုင်ငံကပစ္စည်းတွေကqualativeမကောင်းဘူးပေါ့😒😒
မြန်မာနိုင်ငံက ထုတ်တဲ့ ပစ္စည်းတွေက ကွာလတီမကောင်းဘူးလို့ ထင်နေတဲ့သူတွေကို ပြောပြတာပါ။ အဓိပ္ပာယ်ကို အဆုံးထိ မကောက်ပါနဲ့ခင်ဗျာ
Cook For K1. ဟုတ္ကဲ့
i have no mango
😔😔😔
သကြားတစ်ခွက်မှာ
ထမင်းစားဇွန်းဘယ်နှဇွန်းပါလဲဗျ......။
ဆီသုတ်တာဘယ်လိုဆီမျိုးလဲ
သိပါရစေ....... ။
သကြားက ထမင်းစားဇွန်း ၅ ဇွန်းလောက်ပဲထည့်ထားပါတယ်။ အချိုကပေါ့ပေါ့လေးပါ။ အချိုကြိုက်ရင် ၈ ဇွန်းလောက်ထည့်ပါ။ ဆီ ဆိုတာ အနံ့မရှိတဲ့ ဟင်းချက်ဆီပါ။ ကျွန်တော်က နေကြာဆီ ကိုပဲ သုံးထားပါတယ်။
@@Cookfork1 စားဖိုမှူး တွေသာ
နားလည် နိုင်တာမျိုး....
ပြည်ပမှာနေထိုင်သူတွေ သာ
သိနိုင်တာမျိုး မဟုတ်ပဲ
အချင်အတွယ် ပါဝင်ပစ္စည်းကအစ
မြန်မာပြည် ....နယ် ကလူတွေပါလုပ်စား
နိုင်အောင် တင်ပေးစေချင်ပါတယ်.....။
အထူးလေးစား...တန်ဖိုးထား လျှက်ပါ.......။
ကျေးဇူးတင်ပါသည် .......။
အတတ်နိုင်ဆုံး အလွယ်တကူ ချိန်တွယ်လို့ရတဲ့ ခွက်တွေ။ ဗူးတွေ နဲ့ ပြောပြပေးသွားပါမယ်ခင်ဗျာ။
@@Cookfork1
ကျေးဇူးတင်ပါတယ်...... 😍.....
သရက်သီးနဲ့ပြောင်းကော်မှုန့်ကျိုတဲ့အခါ၊ပွက်ပြီးစင်တတ်လား!😁
ဆင် သက် သယ် ခင်ဗျ 😼
@@Cookfork1 မစင်အောင် တရားခံရှာမွှေခိုင်းရတော့မှာပေါ့နော်😁
😹
ပြောင်းကော်မှုန့်အစား ဂျုံမှုန့်သုံးလို့ကောရလားဗျ
မရဘူးဗျ