မသိမရင်းနှီးတဲ့ ခရီးသည်ကို ကျောက်ကပ်လှူပြီး အသက်ကယ်ခဲ့သူ Uber Taxi တက်စီမောင်းသူ - Daily Update

Sdílet
Vložit
  • čas přidán 7. 09. 2024
  • အမေရိကန်နိုင်ငံ နယူးဂျာဆီပြည်နယ်က အသက် ၇၁ နှစ်အရွယ် Bill Sumiel လို့ အမည်ရတဲ့ လူတစ်ယောက်အတွက် တက်ဆီငှားစီးလိုက်မိလိုက်တာဟာ သူ့အသက်ကို ကယ်တင်ပေးမယ့် လူငယ်တစ်ယောက်နဲ့ တွေ့ဆုံဖိုရာအတွက် ဘုရားသခင်က စီစဉ်ပေးလိုက်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။
    Bill ဟာ New Jersey ပြည်နယ် Harlem မြို့မှာ နေထိုင်နေတဲ့ အသက် ၇၁ နှစ်အရွယ် လူတစ်ဦးဖြစ်ပါတယ်။ တကယ်တမ်းတော့ ကျောက်ကပ်အစားထိုး ကုသဖို့ အရမ်းကို လိုအပ်နေခဲ့တဲ့ လူနာတစ်ဦး ဖြစ်ပါတယ်။ သူ့ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးကုသမှုတွေကို အမြဲလိုလို လုပ်ဖို့အတွက် Harlem ကနေ မိနစ် ၃၀ အကွာအဝေးမှာ ရှိတဲ့ Delaware ကို ဆေးကုသမှု လာလာလုပ်နေရတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ Bill ဟာ သူ့ ကျောက်ကပ်အတွက် လိုအပ်တဲ့ ဆေးစစ်ကုသမှုတွေ လုပ်အပြီး အဲ့ဒီ ဆေးခန်းနေရာကနေ သူ့အိမ်ကိုပြန်ဖို့အတွက် Uber ငှားခဲ့ပါတယ်။ သူငှားလိုက်တဲ့ ကားကို မောင်းလာတဲ့သူက သူ့အသက်ကယ်တင်ရှင် ဖြစ်လာမယ့် အသက် ၃၃ နှစ်အရွယ်ရှိ Tim Letts လို့ အမည်ရတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။
    Delaware ကနေ Harlem ကို မိနစ် ၃၀ လောက် မောင်းလာရတဲ့ ခရီးတစ်လျှောက်မှာ နှစ်ယောက်သား စကားစမြည် ပြောရင်း တော်တော် လေပေးဖြောင့်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲ့လို ပြောလာကြတဲ့ စကားတွေအပေါ် မူတည်ပြီး Tim က Bill ဟာ ဘာသာတရားကို တော်တော်ကိုင်းရှိုင်းတဲ့ လူကြီးတစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့မှာ ကျောက်ကပ် အစားထိုး ကုသဖို့အတွက် တော်တော် လိုအပ်နေတာဖြစ်ကြောင်း သိခဲ့ပါတယ်။ တကယ်တော့ Bill တစ်ယောက် ကျောက်ကပ် ရောဂါ အခြေအနေက တော်တော်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေတာ ၃ နှစ်ကျော် ရှိပြီ ဖြစ်ပါတယ်။
    အဲ့လိုနဲ့ လမ်းတစ်ဝက်လောက် အရောက်မှာ Tim က Bill ကို "ခင်ဗျား ကျွန်တော့်ကားပေါ်ရောက်လာအောင် ဘုရားသခင်က စီစဉ်ပေးလိုက်တာဖြစ်ရမယ်" လို့ ပြောခဲ့ပါတယ်။ ပြီးတော့ Bill ကို သူ့ ကျောက်ကပ်တစ်ခြမ်း ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ "ခင်ဗျား ကျွန်တော့်နာမည်နဲ့ ဖုန်းနံပါတ်ကို မှတ်ထားပေးပါ။ ကျွန်တော့်ကျောက်ကပ် တစ်ခြမ်းကို ခင်ဗျားကို ပေးမယ်" ဆိုပြီးပြောတာကို ကြားလိုက်ရတဲ့အချိန်မှာ Bill တစ်ယောက် အံ့အားသင့်တာရော ဝမ်းသာတာရော ပေါင်းပြီးတော့ လက်တွေတုန်နေတဲ့အတွကပ် Tim ရဲ့နာမည်နဲ့ ဖုန်းနံပါတ်ကိုတောင် ချက်ချင်း ကောက်မမှတ်နိုင်ခဲ့ဘူး လို့ ဆိုပါတယ်။
    တကယ်တော့ သူ့ကို အခုလို ကျောက်ကပ်ပေးမယ် လှူမယ်ဆိုပြီး ကမ်းလှမ်းတဲ့ Tim ဆိုတာက Bill နဲ့ အခုမှ သိပြီး မြင်ဖူးကြတာ ဖြစ်ပါတယ်။ Tim က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ပြောခဲ့ပါတယ်။ "လူကောင်းတွေ အနေနဲ့ သူတို့ဘေးမှာ တခြားလူကောင်းတွေ ရှိနေဖို့ရာလိုအပ်ပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ တခြားလူကောင်းတစ်ယောက်ဘေးမှာ နေဖို့ရာအတွက် စိတ်ကူး စိတ်ဆန္ဒမရှိဘူးဆိုရင် ကိုယ့်ကိုယ်ကို လူကောင်းလို့ကို နာမည်တပ်မနေပါနဲ့” ဆိုပြီး ပြောခဲ့ပါတယ်။ ပြီးတော့ သူက “လူနှစ်ယောက် မိတ်ဆွေ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက သူတို့နှစ်ယောက်ရဲ့ နိုင်ငံရေးအမြင်နဲ့ နောက်ခံအခြေအနေ စတာတွေက သတ်မှတ်ပေးလို့ရတဲ့ အခြေအနေတွေ မဟုတ်ပါဘူး” ဆိုပြီး ထပ်ပြောခဲ့ပါတယ်။
    #dailyupdate #dailydelight #storybears #storybearsmm

Komentáře • 25

  • @tintin3901
    @tintin3901 Před 4 měsíci +1

    Thanks

  • @NgunTe-sz1vw
    @NgunTe-sz1vw Před 4 měsíci +1

    ကျေးဇူးပါ၊အမြဲအားပေးပါတယ်

  • @user-rb4yk1tm7k
    @user-rb4yk1tm7k Před 4 měsíci +1

    ❤❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉အားပေးနေပါတယ်BRO...

  • @nyalinyaung4913
    @nyalinyaung4913 Před 4 měsíci +2

    တိုက်ဆိုင်မူ့မဟုတ်
    ဘုရားသခင်အသက်ရှင်တယ်

  • @ShineKhantKyaw-bh7bp
    @ShineKhantKyaw-bh7bp Před 4 měsíci

    အမြဲအားပေးနေပါတယ် အကို 😊

  • @bananabanana9359
    @bananabanana9359 Před 3 měsíci +1

    သာဓု၃လှုဒန်းသူကောမျှဝေသူကောအတွက်ပါ

  • @hninhnin-qb2dw
    @hninhnin-qb2dw Před 4 měsíci

    led zeppelin ရဲ့ stairway to heaven နဲ့ ပက်သက်ဆက်နွယ်တဲ့ အယူအဆ ၊ ကံကြမ္မာတွေကို တင်ဆက်ပေးပါလို့ တောင်းဆိုပါရစေ ။ from kalemyo. 😊

  • @kayphyo1044
    @kayphyo1044 Před 4 měsíci

    မဂ်လာပါ SB 😊

  • @user-ml2ds2uu4j
    @user-ml2ds2uu4j Před 4 měsíci

    ကျေးဇူးပါ အကို အမြဲအားပေးနေပါတယ်❤

  • @ttm9599
    @ttm9599 Před 4 měsíci +1

    😯😯 ထူးထူး ဆန်းဆန်း

  • @user-rk2pg2yv1w
    @user-rk2pg2yv1w Před 4 měsíci

    အားပေးနေပါတယ်အစ်ကို❤

  • @mgsawhtoot.g.i
    @mgsawhtoot.g.i Před 4 měsíci +1

    🙋 Hello 🤩🤩🤩

  • @user-xe5jn7le5h
    @user-xe5jn7le5h Před 4 měsíci

    👍😲😲❤❤

  • @kobellay4306
    @kobellay4306 Před 4 měsíci +1

    တိုတိုလေး (ဇာတ်လမ်း)

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci

      ဟုတ်ကဲ့ Daily Update ကတော့ နေ့စဉ်တင်ဆက်ပေးမယ့်အကြောင်းအရာဆိုတော့ ၁၀ မိနစ်အောက်ပဲ ဖြစ်မှာပါခင်ဗျာ။ အခုလိုမျိုး စိတ်ပီတိဖြစ်ဖွယ် သတင်းတွေနဲ့ တခြားမှုခင်းဇာတ်လမ်းတိုတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

  • @hdsgrace8840
    @hdsgrace8840 Před 4 měsíci

    Sadu sadu sadu 🙏🙏

  • @kayphyo1044
    @kayphyo1044 Před 4 měsíci

    ဘုရားပေးတဲ့ဆု😮👍👍

    • @oooothantzin332
      @oooothantzin332 Před 4 měsíci

      😂ဘယ်ဘုရားလဲဗျ😅

    • @kayphyo1044
      @kayphyo1044 Před 4 měsíci

      @@oooothantzin332 ဘယ်ဘုရားပဲဖြစ်ဖြစ်ကောင်းခြင်းမဂ်လာပါ👍

  • @user-cl2oy9xq9q
    @user-cl2oy9xq9q Před 4 měsíci

    ရေးးးးးးး❤🎉

  • @user-bi5cx5cd8v
    @user-bi5cx5cd8v Před 4 měsíci +2

    ကျောက်ကပ်သာမက တစ်ကိုယ်လုံး အသကရှင်နေတဲ့အတောအတွင်း လှုချင်လို့ ဘယ်မှာလှုရမလဲ

    • @StoryBearsMM
      @StoryBearsMM  Před 4 měsíci +1

      အရင်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ စာရင်းသွင်းလို့ရတယ်ကြားဖူးတယ်ခင်ဗျ။ အခုတော့ ရမရ မပြောတတ်ဘူးခင်ဗျ။ နိုင်ငံခြားမှာဆိုရင်တော့ မပြောတတ်ဘူးခင်ဗျ။

  • @sandertint6620
    @sandertint6620 Před 4 měsíci

    နှစ်သစ်မှာနားထောင်ရတဲ့သတင်းလေးတွေကစိတ်ဝင်စားဖို့ကောင်းသလိုကြည်နူးပျော်စရာကောင်းပါတယ်❤😊

  • @jinjin7938
    @jinjin7938 Před 4 měsíci

    လူပီသတဲ့စိတ်ရှိတာလေးစားစရာပါ