Must-Know Tips for First-Time Flyers | လေယာဉ် ခုမ စစီးမဲ့သူတွေအတွက် သိထားသင့်တဲ့အချက်များ

Sdílet
Vložit
  • čas přidán 26. 08. 2024
  • Must-Know Tips for First-Time Flyers
    လေယာဉ်ပထမဆုံး စီးမဲ့သူတွေအတွက် သိထားသင့်တဲ့အချက်အလက်များ
    လေယာဉ်ပထမဆုံးစီးရမှာ အဆင်မပြေဖြစ်နေတဲ့သူတွေအတွက် Stress အနည်းငယ်ဖြစ်ဖြစ်လျှော့ပြီး သိချင်တဲ့ မေးခွန်းတွေကို တက်နိုင်သလောက် ဖြေပြီး ထည့်ထားပေးပါတယ်။
    အထူးသဖြင့်တော့ ယခုတလော အသွားများနေတဲ့ Yangon - Malaysia -Dubai ကို Transit နဲ့ ခရီးသွားထားတဲ့ အတွေ့အကြုံကို အခြေတည်ပြီး ဖော်ပြပေးလိုက်ပါတယ်။
    အစစ အရာရာ အဆင်ပြေနိုင်ကြပါစေ။
    ထပ်မံသိလိုတာရှိရင် Cmt မှာ မေးထားလို့ရပါတယ်။
    အမြန်ဆုံးပြန်လည်ဖြေပေးသွားပါမယ်။
    #yangon #malaysia #transit #dubai #sanphyoonearth
    #ရန်ကုန်ကနေဒူဘိုင်းကိုTransit နဲ့သွားထားတဲ့ခရီးကိုဥပမာပြ၍ရှင်းပြပေးထားပါတယ်။

Komentáře • 50

  • @thaenusesar2897
    @thaenusesar2897 Před rokem +2

    ဆရာရဲ့ဖုန်းနံပါတ်လေးများရနိုင်မလားရှင့်
    သမီးအသက်က18ပါ နောက်နှစ်3လပိုင်းဆို
    တစ်ယောက်တည်းDubaiသွားရမှာမို့ လေယာဉ် ေရာက်ရင် သူတို့ပြောတာတွေနားမလည်မှာစိုးလို့ဆရာ့ကိုမေးချင်လို့ပါရှင့်
    အဆင်ပြေရင် ကူညီပေးပါဆရာ😊

    • @Leo-sn8mf
      @Leo-sn8mf Před rokem

      ညီလေးက ၁၀နှစ်နဲ့ bangkok မှာ translated ပေးနေတာ😅 (မိဘကို translated)

  • @KoKoYitToneLay-o5k
    @KoKoYitToneLay-o5k Před 25 dny +1

    ဒူဘိုင်းကနေထိုင်းကိုဝင်ပြီလည်ချင်လို့ဘာတွေလို့အပ်လည်ရှင့်ကျေးဇူးပြုပြီဖြေပါလားရှင့်

    • @San-Phyo
      @San-Phyo  Před 25 dny

      @@KoKoYitToneLay-o5k czcams.com/video/aYFVXqolxOA/video.htmlsi=kodZPzTqvuetVyhh

  • @winnaung886
    @winnaung886 Před 10 měsíci +2

    ဒူဘိုင်ကနေ မြန်မာပြည့်ကိုပြန်မယ်ဆို ဘာတွေလိုအပ်သေးလည်းခဗျာ ဖြေပေးပါအုံး မနတ်ပြန်ရမှာမို့တစ်ယောက်ထဲ့

    • @San-Phyo
      @San-Phyo  Před 10 měsíci +1

      czcams.com/video/aYFVXqolxOA/video.htmlsi=mOgid8cuSsP-FWF0

  • @user-sm3rp4hv1m
    @user-sm3rp4hv1m Před rokem +1

    Window seatကcheck in အဝင်မှာပြောရတာလားရှင်
    လဲ့ ကwebsitကနေဒီ7လပိုင်းထဲကိုယ်တိုင်air ticketဖြတ်ဖို့လုပ်ထားတာဘာကိုယ်တိုင်ခရီးထွက်တာပထမဆုံးမို့window seatလေးဘဲထိုင်ချင်လို့သေချာအောင်းမေးကြည့်တာဘာရှင်!

    • @San-Phyo
      @San-Phyo  Před rokem

      ဟုတ်တယ်ဗျ
      ကိုယ်ပါသာ လက်မှတ်ဖြတ်ရင်လဲ ကိုယ်ကြိုက်တဲ့နေရာ တစ်ခါတည်းရွေးထားလို့ရပါတယ်
      အလိုမလုပ်ခဲ့ရင်လည်း
      Check In ဝင်တော့မှ Window Seat ပဲပေးပါလို့ပြော ရင်ရတယ်။

    • @user-sm3rp4hv1m
      @user-sm3rp4hv1m Před rokem +1

      @@San-Phyo ပြောပြပေးတာကျေးဇူးပါရှင်💙

  • @user-fi8wc2xh9f
    @user-fi8wc2xh9f Před 6 měsíci +1

    မန်းလေး လေဆိပ် ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်လေးပေးပ့ခဗျ

  • @roby1577
    @roby1577 Před rokem +2

    Covic vaccination cert က်ိုလေဆိပ်မှာ ပြရတာ လား
    ပြရရင် Immigration အပိုင်းမှာလား
    PCR ရော အခုထိ လိုသေးလား ဘယ်လို စစ်သွားရတာလဲ
    ဒီလ 19 ရက် Singapore သွားမှာမို့ပါ
    ICA website မှာတော့ feb ကစပြီး COVID နဲ့ပတ်သက်ပြီး ဘာမှ မစစ်တော့ဘူးပြောတယ် အဟုတ်လား ဆရာ
    ဒီ ‌‌video ‌လေးအသုံး၀င်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ် နော်

    • @San-Phyo
      @San-Phyo  Před rokem

      မှန်ပါတယ် PCR Test တော့ မစစ်တော့ပါဘူး✔️ ဒါပေမဲ့ Covid Vaccination Certificate ကိုတော့ ၂ ဖက်လုံးက စစ်ပါသေးတယ်။ အရေးကြီးပါတယ်နော်။ ဆောင်သွားပါ။
      သူငယ်ချင်းတစ်ယောက် 2023 Feb ပထမပါတ် လောက်က Singapore သွားတာတော့ Covid Vaccination Certificate ကို ၂ ဖက် လေဆိပ်လုံးက စစ်နေပါသေးတယ်။ သေချာလေးယူသွားပါ။ လွယ်ရင် Notary ပါဆောင်သွားပါ။ အလုပ်အတွက် လိုတတ်ပါတယ်။
      လေဆိပ်မှာ မြန်မာပြည်က အထွက်ဆို Check In Counter မှ Boarding Pass မထုတ်ပေးခင် Air Ticket နဲ့အတူ စစ်ပါလိမ့်မယ်။ အဝင်ဆို လေယာဉ်ပေါ်ကဆင်းတာနဲ့ Immigration မဖြတ်သွားခင် စစ်ပါတယ်။
      အဆင်ပြေပါစေဗျ ☘️😊

    • @roby1577
      @roby1577 Před rokem +1

      ​@@San-Phyo ဟုတ် ကျေးဇူးပါ

  • @lynsky118
    @lynsky118 Před rokem +1

    Hello အကိုရေ မလေးရှား transit က ဘယ်လောက်ကြာခဲ့ပါသလဲဗျ
    နောက်ပီး transit အတွက် Malaysia evisa ရောလျှောက်ရပါသလား။ Malaysia မှာ transit အချိန်ကြာရင် evisa မလျှောက်ထားပဲအပြင်ထွက်လို့ရပါသလားဗျ

    • @San-Phyo
      @San-Phyo  Před rokem

      အလုပ်ရှုပ်နေတာနဲ့ Reply လုပ်တာနောက်ကျသွားပြီ
      Transit အချိန်က ညီမလေး Air Ticket မှာပါပြီးသားညီမလေး အဲ့မှာကြည့်လိုက်ပါ
      တစ်ရက်တစ်ရက် လေယာဉ် တစ်ခုတစ်ခု ဝယ်ထားတဲ့ လေယာဉ်ပေါ် လက်မှတ်ပေါ် မူတည်ပြီး အမြဲမတူဘူးလေ
      Transit နဲ့လာတဲ့လူဆို Immigration မဖြတ်ရလို့ မြို့ထဲဝင်လည်လို့မရလောက်ဘူး Transit zone ကနေ ပေးမထွက်လောက်ဘူး Visa ရှိရင်တော့ရမလားမသိဘူး
      India လေဆိပ်ကတော့မရဘူး
      မလေးရှားတော့ မကြုံဖူးလို့ မသိဘူးဗျ
      အဆင်ပြေပါစေ

  • @smithgrey1794
    @smithgrey1794 Před rokem +1

    အကို checked baggage တွေက လေဆိပ်တစ်ခုကနေ တစ်ခုကိုရောက်ရင် ပြန်ထုတ်ရသလားရှင့် ဥပမာ ရန်ကုန်လေဆိပ်က checked baggage က Kurlar Lumpur လေဆိပ်ရောက်ရင် ပြန်ထုတ် ပြီးမှ နောက်ထပ်check inပြနါဝင် အဲ့သလိုလုပ်ရတာလား

    • @San-Phyo
      @San-Phyo  Před rokem +1

      ညီမလေး ပြောချင်တာ Transit ခံပြီးစီးတဲ့အခါ Transit လုပ်တဲ့လေဆိပ်မှာ အိတ်တွေပြန်ထုတ်ရလား ? ပြီးမှ နောက်လေယာဉ်ပြောင်းစီးရလား ဆိုတာသိချင်တာထင်တယ်။ အလိုမဟုတ်ဘူးညီမလေး ။ ဥပမာ - YGN ကနေ Kular Lumpur
      Kuala Lumpur ကနေ နောက်တစ်နိုင်ငံ (Dubai / Manila )
      အဲ့လို Transit စီးတဲ့အခါ မလေးရှားလေဆိပ် Kuala Lumpur မှာ ထုတ်စရာမလိုဘူးညီမလေး။ နောက်တုံး Final Destination ဖြစ်တဲ့လေဆိပ်ရောက်မှ ထုတ်လို့ရတယ်။ Luggage တွေထုတ်ဖို့ဆို Immigration ဖြတ်ပြီးမှ Luggage တွေ Claim လို့ရ တဲ့နေရာ ရောက်တယ်။ အဲ့ကျမှ Luggage ထုတ်လို့ရတယ်။
      Transit စီးတဲ့အခါ Immigration မဖြတ်ရပဲ နောက်လေယာဉ်ပြောင်းစီးဖို့အတွက် Transit Zone မှာပဲ စောင့်နေကြရတယ် ။ အိတ်သွားထုတ်လို့မရဘူး။ အလိုသာရရင် သူနိုင်ငံထဲ Visa မလိုပဲ ဝင်လည်လို့ရသလို ဖြစ်သွားပြီလေ။
      ဆိုတော့ အိတ်တွေထုတ်လို့မရပါဘူး။ ထုတ်စရာမလိုပါဘူး။ နောက်ဆုံးလေဆိပ်မှ ထုတ်ရမှာပါ။ Myanmar လေဆိပ်မှာ Boarding Pass ထုတ်ပေးတည်းက ညီမလေးကို ပြောပြပါလိမ့်မယ် အိတ်တွေနောက်ဆုံးလေဆိပ်မှ ထုတ်လို့ရမယ်ဆိုတဲ့အကြောင်းပါ။ အဆင်ပြေပါစေ ။ နားမလည်တာရှိရင်မေးပါ။

    • @smithgrey1794
      @smithgrey1794 Před rokem

      @@San-Phyo ဟုကဲ့ ညီမသိချင်တာ အကိုဖြေတာနဲ့ကွက်တိပါပဲ ကျေးဇူးတင်ပါတယ်

  • @zawhtet4360
    @zawhtet4360 Před rokem +1

    အကိုရေ USA ကိုသွားရင် လေယဉ်စရိတ်ဘယ်လောက်ကုန်လဲသိချင်လို့ပါ

    • @San-Phyo
      @San-Phyo  Před rokem

      US တော့ အကိုလဲ မရောက်သေးလို့ သေချာ မပြောတတ်ဘူးညီလေး ။ Yangon ကနေ တိုက်ရိုက်တော့သွားလို့မရဘူး ။ ကြားထဲမှာ Transit ၁ခု ၂ခု (one stop, 2 stop 3 stop etc., ) စသဖြင့်ခံပြီးတော့ သွားရတာပါ။
      Website တွေမှာတော့ အနဲဆုံး US$ 1300 ကျော်ကနေ 5300$ ကြားထဲမှာရှိတယ်။ အစားစားပေါ့။ သွားတဲ့အချိန်ရယ် / လေကြောင်းလိုင်း ရယ် / Transit ၁ခု ၂ခု ၃ခု ခံစီးတာရယ် / baggage weight ရယူမှုတွေအပေါ်မူတည်နေပါသေးတယ်။
      Agoda တို့ Booking တို့လို့ website တွေမှာ ဈေးတွေတစ်ချက်ကြည့်ပြီး သွားမဲ့ Date အတိအကျသတ်မှတ်
      Baggage Weight အနီးစပ်ဆုံးခန့်မှန်း
      Transit ချိန်တွေ Transit နိုင်ငံတွေကြည့်ပြီး ဝယ်ပါ
      အဆင်ပြေပါစေဗျာ ...

    • @zawhtet4360
      @zawhtet4360 Před rokem +1

      ပြောပြပေးတဲ့အတွက်ကျေးဇူးပါ

  • @phyoyay8810
    @phyoyay8810 Před rokem +1

    30kgဆိုတာ luggage and hand carry ၂ခုပေါင်းလားအကို။တချို့ကကျောပိုးအိတ်လည်းယူတယ်ဆိုတော့ ၃ခုပေါင်း 30kgဖြစ်ရမှာလားဗျ။

    • @San-Phyo
      @San-Phyo  Před rokem

      30 KG /25 KG ဆိုတာ Check-in Counter မှာချိန်မယ့် Luggage တစ်ခုတည်းရဲ့ Weight ကိုပြောတာပါ။ Handcarry ကိုလဲ လေကြောင်းလိုင်းပေါ်မူတည်ပြီး သတ်မှတ်အိတ် အရွယ်အစားနဲ့ 7kg စသဖြင့် ထပ်သယ်လို့ရပါတယ် ။ ကျောပိုးအိတ်ကို မချိန်သလို ထပ်ယူလို့ရပါတယ်။ အရမ်းကြီးရုပ်ပျက်အောင် တော့မထည့်နဲ့ပေါ့။ ကျနော့တုန်းကဆို Luggage က 25kg , Handcarry 7kg နဲ့ ကျောပိုးအိတ်ထဲလဲ စာရွက်စာတမ်းနဲ့ Laptop နဲ့ဆို 7Kg လောက်ထပ်ပါတယ်။ အဆင်ပြေပါစေ။

  • @heinthantzaw6667
    @heinthantzaw6667 Před rokem +1

    Transit တွေသွားတဲ့သူတွေကျတော့ transit လုပ်တဲ့country ရဲ့လေဆိပ်မှာ immgration ဝင်ရသေးလားဗျာ့

    • @San-Phyo
      @San-Phyo  Před rokem +1

      Transit လုပ်တဲ့လေဆိပ်မှာ Immigration မဖြတ်ရပါဘူး။ ဆိုတော့ Passport စာအုပ်မှာ Immigration Passed လုပ်ထားပါတယ်ဆိုတဲ့ Stamp ထုပေးတာလဲ မရှိပါဘူး။
      တစ်ချို့လေဆိပ်မှာတော့ Hand Carry တွေ Backpack တွေကို Scanning လုပ်တာတွေ စစ်ဆေးတာတွေ ထပ်လုပ်ရတတ်ပါတယ်။ ဥပမာ india က Mumbai Airport မှာဆို လေယာဉ်ပေါ်ကဆင်းတာနဲ့ တန်းပြီး ခေါ်တယ်။ Security Check လုပ်ပြီးမှ ပေးဝင်တာပါ။ Immigration တော့ မဖြတ်ရပါဘူး။
      အဆင်ပြေပါစေ ☘️😊✌🏻

    • @heinthantzaw6667
      @heinthantzaw6667 Před rokem +1

      @@San-Phyo ကျေးဇူးတင်ပါတယ်ဗျာ့

  • @lapyaewun3014
    @lapyaewun3014 Před 7 měsíci +1

    အစ်ကိုရေ Singapore transit ဆိုရင်ရော ဘာတေလိုအပ်မလဲရှင့်

    • @San-Phyo
      @San-Phyo  Před 7 měsíci +2

      ညီမက ဘာသိချင်တာလဲ? Singapore ကတော့ ဆိုက်ရောက် Visa မလိုလို့ သာမန် Transit အတိုင်းစီးလို့ရပါတယ်။ Malaysia သာ ခုနောက်ပိုင်း Transit ကို Visa တောင်းနေတာပါ။

    • @lapyaewun3014
      @lapyaewun3014 Před 7 měsíci +1

      Transit ဆိုရင် check in တို့ immigration ဝင်တာတို့လုပ်ရလားအစ်ကို အဆင့်ဘယ်နှစ်ဆင့်ဖြတ်ရပါလဲရှင်

    • @San-Phyo
      @San-Phyo  Před 7 měsíci

      @@lapyaewun3014 ဒီအောက်က Link ခိထားတဲ့ Video ရဲ့ 10:15 ကိုကျော်ကြည့်ညီမလေး
      czcams.com/video/qKs_lldCmhs/video.htmlsi=KEpR5JURld2EeEpY
      Transit နဲ့ပက်သက်တာ မေးရမှာတွေ ပြောပြထားပါတယ်။
      ထပ်သိချင်တာရှိရင်ထပ်မေးပါပြောပြပေးမယ်

  • @sandaraung5628
    @sandaraung5628 Před rokem +1

    အိုမန်လေဆိပ်ကြောင်းလဲတင်ပေးပါအုန်နော်

  • @Anna_JK_Lily
    @Anna_JK_Lily Před rokem +1

    လွယ်အိတ်ထဲမှာစာအုပ်ဘယ်နှစ်အုပ်လောက်ထည့်လို့ရလဲရှင့်၊ထည့်ရရင်ရောစစ်ကြည့်ကြလား။

    • @San-Phyo
      @San-Phyo  Před rokem +1

      စိတ်ချပြီးသာ ထည့်သွားပါ ။ မစစ်ကြဘူးဗျ။ ကျွန်တော်ဆို ဆရာတော် ရဝေနွယ်စာအုပ်၅အုပ်လောက်အပြင် တခြားစာရွက်စာတန်းတွေထည့်ထားတဲ့ File ၂ခုလောက်ရော Laptop တွေရော Adapter ကြိုးတွေရော Backup Phone တွေရော ထည့်ထားတော့ အသွားတုန်းက 7 kg နီးပါးရှိတယ်။ အပြန်တော့ 11KG နီးပါး ထည့်ပြီး အဆင့်ဆင့်ပြန်လာတာပါပဲ။ Backpack ကို Check In Counter တွေ မှာ စစ်ကို မစစ်တာပါ။ ကိုယ်ကသာ သိချင်လို့ သွားချိန်ကြည့်မိသေးတာ။ တစ်အားကြီးတော့ ရုပ်ပျက်အောင် ဖောင်းမနေစေနဲ့ပေါ့။ Backpack နဲနဲကြီးကြီးလေးနဲ့သာ မသိမသာ သယ်သွားပေါ့။ အဆင်ပြေပါစေ။

  • @kyawminhtay5119
    @kyawminhtay5119 Před rokem +1

    Covid vaiccination certificate ရှိတဲ့သူကော PCR test ထပ်စစ်ဖို့သေးလား

    • @San-Phyo
      @San-Phyo  Před rokem

      ခုထိ လိုပါတယ်ဗျာ။

  • @htethtetwin5626
    @htethtetwin5626 Před 10 měsíci +1

    မလေးမဟုတ်ဘဲတရုတ်ကနေရောဘာကွာလဲဗျဒူဘိုင်းပါ

    • @San-Phyo
      @San-Phyo  Před 10 měsíci

      မကွာပါဘူး အဆင်ပြေပါတယ်

  • @ZawLinOo19
    @ZawLinOo19 Před rokem +1

    Service food က အယောက်တိုင်းကို free ကြွေးတာလားဗျ

    • @San-Phyo
      @San-Phyo  Před rokem

      ကြွေးပါတယ်ဗျ 💪🏻

  • @MonMon-tm9pe
    @MonMon-tm9pe Před 2 lety +1

    Baggage 30kg ကို နှစ်လုံးခွဲသယ်လို့ရလား... တစ်လုံးထဲမှာပဲ 30kg ထည့်ရတာလား

    • @San-Phyo
      @San-Phyo  Před 2 lety

      ခွဲသယ်လဲရပါတယ် စုစုပေါင်း 30 Kg ထက် ပိုမနေဖို့တော့လိုပါတယ်။ သူငယ်ချင်းတွေ Group လိုက်သွားတုန်းကဆို Luggage တွေအကုန်ပေါင်းချိန်ပေးတာမျိုးလုပ်ပေးပါတယ်။

    • @MonMon-tm9pe
      @MonMon-tm9pe Před 2 lety +1

      @@San-Phyo ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

  • @sandaraung5628
    @sandaraung5628 Před rokem +1

    မျော်နေမယ်

  • @Kimhan0.1
    @Kimhan0.1 Před 8 měsíci

    ❤❤❤

  • @ThuRa-yp8tr
    @ThuRa-yp8tr Před rokem +1

    လေဆိပ်က. kgဘယ်လောက်ထိအများဆုံးလက်ခံလည်းဗျ သိချင်လို့ပါဗျ

    • @San-Phyo
      @San-Phyo  Před rokem

      ဒီလို Bro ရဲ့။ လေဆိပ်က တစ်ယောက်ကို Kg ဘယ်လောက်ပဲ သယ်ရမယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။
      Bro ရဲ့ လေယာဉ်လက်မှတ်မှာ တစ်ခါတည်း ဖော်ပြပေးထားတာ ပါပါတယ်။ Bro ရဲ့ လေယာဉ်လက်မှတ်ကို တစ်ချက် ကြည့်ကြည့်ပါ။
      နောက်တစ်ခု ထပ်ပြီးရှင်းပြပေးပါမယ်။ Bro လေယာဉ် လက်မှတ် ဝယ်တဲ့အခါမှာ ဘယ်လောက် Kg သယ်ချင်တယ်ဆိုပြီး စိတ်ကြိုက်ဝယ်လို့ရပါတယ်။
      မိမိကိုယ်တိုင် လေယာဉ်လက်မှတ်ကို Website ကဝယ်တာဖြစ်ဖြစ် / Agency လို့ခေါ်တဲ့ လေယာဉ်လက်မှတ်ရောင်းပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း(သို့) ဆိုင် တွေကနေဝယ်တာဖြစ်ဖြစ် လက်မှတ်ဝယ်တော့မယ်ဆိုရင် ကိုယ်သယ်ချင်တဲ့ Kg ပြောပြီး တစ်ခါတည်း ဝယ်လို့ရပါတယ်။
      ပုံမှန်မြန်မာပြည်က Agency တော်တော်များများဝာ်ပေးတာကတော့
      Hand Carry (ခေါ်) Cabbin Backage (ခေါ်) Carry On Bag : 7Kg ( လေယာဉ်ပေါ်ထိ လက်နဲ့သယ်သွားရမဲ့အိတ် )
      Luggage (ခေါ်) Check Baggage :20-25-30Kg (တစ်ခုခုဖြစ်နိုင်တယ်။ သူက Kg ချိန်ပြီးတာနဲ့ လေယာဉ်ကိုယ်ထဲမှာထည့်ပြီး ဟိုဘက်လေဆိပ်ရောက်မှ ထုတ်ရမယ့်အိတ်)
      Backpack (သို့) Personnel Item bag : ဒီအိန်အမျိုးအစားကျတော့ Kg မသတ်မှတ်ပေးထားဘူး။ အရမ်းကြီးဖောင်းကားနေလို့မရဘူး။ စာအုပ်တို့ Laptop တို့ Power Bank တို့ စာအုပ် စသဖြင့် သယ်နိုင်တယ် ( လေယာဉ်ပေါ်ထိ ကျောပိုးသယ်သွားရမဲ့အိတ် _မိမိထိုင်ခုံရှေ့မှာထားနိုင်တယ်)
      ဒီအိတ်အမျိုးအစား သုံးခုလုံး သယ်နိုင်တယ်။ လေယာဉ်လက်မှတ်ကို တစ်ချက်စစ်ကြည့်ပါ။ သိချင်တာရှိရင် လွပ်လပ်စွာ ထပ်မေးနိုင်ပါတယ်ဗျ။
      Have a safe trip ☘️💪🏻💪🏻

    • @ThuRa-yp8tr
      @ThuRa-yp8tr Před rokem +1

      @@San-Phyo ကျေးဇူးပါဗျ

  • @lbkcomm3586
    @lbkcomm3586 Před rokem +1

    မလေးရှားရွှေမြန်မာ့လေကြောင်းလေယာဉ်ပျံပိုင်ရှင်သူဌေးကြီးခင်မောင်အေးRm

  • @nyizaw6049
    @nyizaw6049 Před rokem

    Hiလေယာဉ်မှာဘာတေစစ်လဲရှင့်မှတ်ပုံတင်အိမ်ထောင်စုဇယားတေစစ်လာရှင့်အဲ့တာတေကောယူသွားရလားရှင့်ဖြေပေးပါအုန်းနော်

    • @San-Phyo
      @San-Phyo  Před rokem +2

      မှတ်ပုံတင်ရော /အိမ်ထောင်စုဇယားတွေရော မလိုပါဘူးဗျ။ လေယာဉ်ပေါ်စတတ်တည်းက အသုံးမလိုတော့ပါဘူး။ ကျောင်းသွားတက်ကြမဲ့သူတွေဆိုလဲ Notary ပြန်ပြီးမှယူသွားရတာပါ။
      သူတို့စစ်မှာက အသွား/အပြန် လေယာဉ်လက်မှတ်/Covid Vaccination Certificate /PCR /Show Money(တစ်ခါတရံ လူကြည့်ပြီး စစ်ပါတယ်။ခုထိတော့ အစစ်မခံဘူးသေးဘူး)။ လေဆိပ်မှာပဲစစ်တာပါ။လေယာဉ်ပေါ်မှာ ဘာမှမစစ်ပါဘူး။
      ပေါ့ပေါ့ပါးပါးပါပဲ။ အစစ အရာရာ အဆင်ပြေပါစေ။ Merry Christmas 🎄