Video není dostupné.
Omlouváme se.

မိခင်ဖြစ်သူကို မပြန်လမ်းပို့ခဲ့သူ သားအလိမ္မာရဲ့ အမှုအကြောင်း - Wu Xieyu -

Sdílet
Vložit
  • čas přidán 1. 07. 2024
  • ကျွန်တော်တို့တွေ မှုခင်းအကြောင်းအရာတွေ မျိုးစုံကို ပြောပြခဲ့တဲ့အထဲမှာ လင်မယားချင်းဖြစ်ကြတာ၊ မောင်နှမသားချင်းတွေ ဖြစ်ကြတာတွေအပြင် သူစိမ်းသူရံစာတွေ ဖြစ်ကြတာ အစရှိသဖြင့် ပုံစံမျိုးစုံရှိတယ်ပေါ့။ ဒါပေမယ့် မိဘနဲ့ သားသမီးဖြစ်တာကိုတော့ တစ်ခါမှ မပြောဖူးသေးဘူးထင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပြောခဲ့တဲ့အမှုက သားဖြစ်သူက အိမ်ခြေရာမဲ့ကို ကျူးလွန်ခဲ့တဲ့အမှုမှာ အဖေနဲ့အမေက သားဖြစ်သူကို ရဲလက်အပ်ခဲ့တဲ့အမှုဆိုတာကိုတော့ ပြောခဲ့တယ်။ ဒီကနေ့ပြောပြမယ့် အမှုမှာလည်းဘဲ သားဖြစ်သူက မှုခင်းတစ်ခုကို ရက်ရက်စက်စက်ကျူးလွန်ခဲ့တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက မှုခင်းကျူးလွန်သူဖြစ်တဲ့ သားဖြစ်သူက ကျွန်တော်တို့တွေရဲ့ အသိုင်းအဝိုင်းရဲ့ စံသတ်မှတ်ချက်တွေနဲ့ မှတ်ကျောက်တင်ရမယ်ဆိုရင်ဖြင့် စံပြသားတစ်ယောက်လို ဖြစ်နေတဲ့သူ ဖြစ်နေတာပါ။ စာတော်တယ်၊ ပညာတတ်တယ်၊ မိဘစကားကို မြေဝယ်မကျနားထောင်ခဲ့တဲ့ သားဖြစ်တယ်။ ပိုပြီးတော့ စိတ်မကောင်းစရာက ဒီသားအလိမ္မာဆိုသူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုမှာ အဓိကသားကောင်ဖြစ်သွားသူက သူ့ရဲ့ မိခင်ကိုယ်တိုင် ဖြစ်နေတာပါပဲ။
    မိခင်ဖြစ်သူကို ၂၀၁၅ ခုနှစ် ဇူလိုင်လထဲမှာ ဇီဝိန်ခြွေခဲ့တာဖြစ်ပြီး ကြွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို သူ့အမေရဲ့တိုက်ခန်းထဲမှာပဲ ဝှက်ထားခဲ့တာပါ။ ဒီလို ရက်စက်လှတဲ့ မှုခင်းကို ကျူးလွန်ခဲ့တဲ့အပြင် မိခင်ဖြစ်သူဟာ သူနဲ့အတူ အမေရိကားကို လိုက်သွားခဲ့ပါတယ်ဆိုပြီး အမေနဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို ဆွေမျိုးတွေကို လိမ်လည်ပြောဆိုထားခဲ့ပြီး ဆွေမျိုးတွေဆီကနေ တရုတ်ငွေ တစ်သန်းကျော် လိမ်လည်ခဲ့သေးတာ ဖြစ်ပါတယ်။
    ဒါပေမယ့် ၇ လလောက်အကြာမှာတော့ ဆွေမျိုးတွေက သံသယဝင်လာတဲ့အတွက်ကြောင့် သူ့အမေဖြစ်သူရဲ့ တိုက်ခန်းကို ဝင်ရောက်စစ်ဆေးပေးဖို့ ရဲတွေကို တောင်းဆိုခဲ့တဲ့အခါကျတော့မှ အဖြစ်မှန်ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
    အဲ့ဒီတော့ မိခင်ဖြစ်သူကိုတောင်မှ ရက်ရက်စက်စက် ဇီဝိန်ခြွေရလောက်အောင် ဘယ်လိုအကြောင်းအချက်တွေ ရှိခဲ့သလဲ။ စာအရာမှာ ပညာအရာမှာ တော်လွန်းလို့ ပတ်ဝန်းကျင်မှာ စံပြသားဆိုပြီးတော့ အများက ချီးကျူးထောပနာ ပြုရတဲ့ သားအလိမ္မာ သားရတနာလေးက ဘယ်လိုဖြစ်လို့ မိခင်ဖြစ်သူကို အခုလို လုပ်ခဲ့ရသလဲ၊ နောက်ကွယ်က အကြောင်းအချက်တွေက ဘာတွေဖြစ်မလဲဆိုတာကို ဒီကနေ့ ကျွန်တော်တို့ရဲ့ Murder Monday အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါခင်ဗျာ။ ဒီကနေ့ ကျွန်တော်ပြောပြမယ့် အဖြစ်အပျက်က မိဘနဲ့ သားသမီးကြားမှာ ဖြစ်ပျက်ထားတဲ့ မှုခင်းတစ်ခု ဖြစ်တာကြောင့် ကြည့်ရှုဖို့ရာ အဆင်ပြေမှသာ ဆက်လက်ကြည့်ရှုဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ။
    အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ Story Bears ပုံပြင်ပြောသော ဝက်ဝံများ CZcams Channel ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ Polar Bear ပဲ ဖြစ်ပါတယ်ခင်ဗျာ။
    ဒီဖြစ်ရပ်က လွန်ခဲ့တဲ့ ကိုးနှစ်တိတိမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှာ တရုတ်နိုင်ငံတောင်ပိုင်း ဖုကျန်းပြည်နယ်ထဲက ဖုကျိုးမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျူးလွန်စဉ်ကာလမှာ လူတွေ သတိထားမိခဲ့ခြင်း မရှိဘဲ ၂၀၁၆ ဖေဖော်ဝါရီလထဲမှာမှ ဒီမှုခင်းဖြစ်ပွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Komentáře • 151

  • @sandartinlay5092
    @sandartinlay5092 Před 24 dny +37

    သားလေးအသံက story ပြောတာနဲ့လိုက်ဖက်လွန်းတယ် အန်တီအမြဲနားထောင်ဖြစ်တယ်သားရေ ကျန်းမာရေးတော့ဂရုစိုက်ကြပါ🙂

  • @sandertint6620
    @sandertint6620 Před 25 dny +59

    မောနင်းပါဒီမနက်မှကြည့်ဖြစ်တယ်မီးအမှီထမင်းထချက်ရင်းနဲ့ပိုလာရဲ့အစီအစဉ်ရသမျိုးစုံကိုနှစ်သက်လို့အားပေးနေပါတယ်

  • @thidalin8419
    @thidalin8419 Před 25 dny +9

    သားရေအမြဲတမ်းအားပေးနေတယ်နော့်။ကျေးဇူးလည်းတင်တယ်မွေးထားတဲ့အမေကိုလုပ်ရက်တယ်နော်။သားဆိုးသားမိုက်ဘဲ😢😢😢

  • @AyeKhaing-ws6pf
    @AyeKhaing-ws6pf Před 22 dny +12

    ဗုဒ္ဓအဆုံးအမများ နဲ့အညီ လူငယ်များနေထိုင်ပြီး ဝိပဿနာတရားများပျံ့ပွါးလာရင် စိတ်ရောဂါဝေဒနာများ သိပ်မဖြစ်လာနိုင်ပါဘူးလို့ ထင်မြင်မိပါတယ်
    မူးယစ်စေတဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဓါတုဆေးဝါးများကလဲ အခုခေတ်လူတွေကို ဒုက္ခပေးလွန်းပါတယ်ဆုံးသွားတဲ့အမေအတွက် စိတ်မကောင်းဖြစ်မိပါတယ်

  • @thantnyi1498
    @thantnyi1498 Před 18 dny +8

    စကားနည်းနည်းပိုမြန်အောင်ပြောပြီး details ကိုချုပ်ပြောရင်ပိုအဆင်ပြေမယ်ဗျ factsတွေကကောင်းပေမဲ့ထပ်နေသလိုခံစားရတယ်ဗျ

    • @usanmyint-yc7ql
      @usanmyint-yc7ql Před 11 dny

      မင်းနားလည်ပေမဲ့နားမလည်တဲ့သူ၊အသက်ကြီးတဲ့သူ၊မျက်မမြင်နားကြားတဲ့သူတွေအတွက်ပိုအဆင်ပြေမယ်လို့အမထင်တယ်

  • @MgTun-pz4ti
    @MgTun-pz4ti Před 24 dny +13

    😂ပိုလာဘဲရေ ကျေးဇူးအထူးတင်ပါတယ် ဘာသာတရားရ့ဲ ဆုံးမနာယူမှူ နည်းတာကြောင့်လို့ထင်မိပါတယ် ဒို့မြန်မာနိုင်ငံမှာ ဒီကလေးကြုံခ့ဲရတ့ဲ ဘဝအခက်အခဲတွေထက်အဆပေါင်းများစွာကြုံတ့ဲလူတွေတစ်ပုံကြီးပဲ ဒါပေမ့ဲဒီလိုအစွန်းရောက်အတွေးတွေလုပ်ရပ်တွေ မကျူးလွန်ကြပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ဗုစ်ဒဘာသာရ့ဲအဆူံးအမတွေက နေရာတိုင်းလိုလို ဒို့ဆီမှာကြားနေရတယ်လေ သီလသမာဓိပညာန့ဲသူတော်ကောင်းတရား၇ပါးတရားတော်တွေ ၃၈ဖြာမင်ဂလာတရားတော်တွေ ပင်စာနန်တိယကံကြီးအကြောင်းတရားတွေ တရားစခန်းတွေ အစရှိသညိတို့ကို အမြဲကြားသိနေရတ့ဲအတွက် ဒို့နိုင်ငံမှာ မိဘကိုပြန်သတ်လောက်ရတ့ဲအဆင့်ထိမရှိကြပါဘူး ဘယ်လောက်ပဲမိဘဆိုးဆိုး မိဘကျေးဇူးတရားတွေကိုနားလည်ဖိူ့ ကျေးဇူးဆပ်ကြဖို့ သီချင်းတွေ စာပေဟောပြောပွဲတွေက ကြားသိနေလို့ အဖြစ်ဆိုးတွေမကြုံဘူးထင်တာပဲ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တော့ ဒီကလေးအစား တွေးတွေးပြီးခံရမ့ဲငရဲကိုကြောက်လာတယ် မိဘကို စိတ်န့ဲတောင်မပြစ်မှားရဲပါဘူးဗျာ ဘုရားဟောထားတယ်လေ မိဘကျေးဇူးတစ်ခုတည်းန့ဲတင် ဆပ်လို့မကုန်တော့ပါဘူးတ့ဲ အဲဒီတစ်ခုတည်းသောကျေးဇူးက သယးသမီးကို ဟောဒီလူ့လောကကို ေခြချခွင့်ပေးတာကို ဆပ်လို့မကုန်တောဘူးတ့ဲကျန်တ့ဲကျေးဇူးတရားတွေမပါသေးဘူးနော် ကျွန်တော့်အတွက်ကတော့ အ့ံသြတုန်လှုပ်ဖွယ် တစ်သက်မမေ့နိုင်တ့ဲဇာတ်လမ်းလေးတစ်ပုစ်ပေါ့လေ နောင်လာနောက်သားတွေကိုလည်း သံဝေဂရစရာပြောပြစရာဖြစ်သွားတာပေါ့ဗျာ အားပေးနေပါတယ်

  • @user-hi6gj4kj7x
    @user-hi6gj4kj7x Před 25 dny +9

    မျော်ရတာအမော ❤❤❤ကော်ဖီတစ်ခွက်နဲလိုက်ဖက်နေတာ😍

  • @MaMa-eh3kv
    @MaMa-eh3kv Před 8 dny +2

    လိုရင်းတိုရင်းမပြောဘဲစကားရှည်ရှည်ပြောနေတာမပြီးနိုင်တော့ဘူး
    ဘေကုန်တယ်
    မကြည့်တော့ဘူး

  • @larzayululu252
    @larzayululu252 Před 19 dny +4

    တရုတ်တွေက မိခင်နို့မသောက်ရဘဲ နွားနို့.နို့မှုန့်သောက်ရလို မိဘကို မခင်မင်ဘူး..ရိုင်းကြတယ်

  • @uway8888
    @uway8888 Před 23 dny +12

    ဘာသာမဲ့တရုတ်နိုင်ငံမှာ ဗုဒ္ဓဘာသာအဆုံးအမမရှိလို့ မိဘသတ်တဲ့အမှုများ လက်ရဲဇက်ရဲများလာတာ

    • @Millie_23391
      @Millie_23391 Před 21 dnem

      တရုတ်က ဗုဒ္ဓဘာသာပါပဲ ဒါမဲ့ ထေရဝါဒနဲ့ မဟာယန ပဲကွာတာပါ တရုတ်တင်မဟုတ်ပါဘူး နိုင်ငံတိုင်းမှာဒီပြသနာတွေရှိတယ် တိုးတက်တဲ့နိုင်ငံတွေဆိုတဲ့အတိုင်း Psychopath ပိုများတယ် bro

  • @user-ml5re1ci8e
    @user-ml5re1ci8e Před 25 dny +9

    နားထောင်ရတာ
    တအားကောင်း👍👍👍

  • @atzb9788
    @atzb9788 Před 22 dny +5

    သူ့အမေက သူချစ်တဲ့ သားလေးပြန်လာပြီဆိုပြီး ဘယ်လိုချစ်ရမလဲ ဆိုတဲ့သားချစ်စိတ် နှလုံးသားမှာ ပြည့်လျှံနေတဲ့အချိန် သူမျှော်လင့်သလို မဖြစ်လိုက်ရတာ တော်တော် ခံစားရပါတယ်၊

  • @juliajulia3301
    @juliajulia3301 Před 22 dny +11

    တော်သလောက်မကောင်းတော့ ဘာသုံးစားမရ
    အမှန်က သွေးသားတဏှာဆန်ဒ ကြောင့် ဆင်းရဲခဲ့သမျ အောင့်ထားသမျမထိန်းနိုင်လို့ဖြစ်တာ သနားစရာမရှိ

  • @HlaHla-jl7ll
    @HlaHla-jl7ll Před 18 dny +2

    တင်ပြငွားတာအပိုစကားလုံးမပါလို့ကြိုက်ပါတယ်သင်္ခန်းစာယူစရာတကယ့်အဖြစ်အပျက်လေးပါ။မိဘတွေဟဟာသားသမီးငယ်ရွယ်စဉ်မှာသူတို့ကိုယ်ပိုင်ခံစားချက်ကိုထည့်မတွေးပေးဘဲစာဘက်သာထိပ်ဆုံးဖြစ်အောင်ကြိုးစားကြတာအလွန်မှားပါတယ်

  • @htaymintunbobo4630
    @htaymintunbobo4630 Před 6 dny

    သူ့စိတ်နဲ့သူမနေလိုက်ရသလိုခံစားနေမိတယ် သနားဖို့ကောင်းတယ် ခလေးလေး

  • @AyeYeik-qu2rf
    @AyeYeik-qu2rf Před 25 dny +4

    စကားပြောအဆင်ပြေပေမဲ့ အပ်​ကြောင်းထပ်​နေတဲ့စကား​တွေ များ​နေတာမို့ ဒီ့ထက်ပိုပြီး စကား​တွေကျစ်ကျစ်လစ်လစ်နဲ့ ချုံ့​ပြောနိုင်မယ်ဆိုရင်် ပိုပြီး ​ကောင်းသွားမယ်လို့အကြံ​ပေးချင်ပါတယ်

    • @dawphyu6905
      @dawphyu6905 Před 20 dny

      ဇာတ္ရည္လည္​ေ အာင္ရှင္းျပ​ေ နတာပါ အခုလိုရှင္းျပ​ေ ပး​ေ တာ့ တိတိက်က်သိရတာ​ေ ပါ့ ​ေ နာ္

  • @saizarni523
    @saizarni523 Před 25 dny +9

    ကျွန်တော် မကြာခဏ တစ်ယောက်တည်း အထီးကျန်တဲ့ ခံစားချက်တွေ ခံစားနေရတဲ့ အချိန်တိုင်း အချိန်တိုင်း အစ်ကို့ရဲ့ ဒီ CZcams Channel လေးက ကျွန်တော့်အတွက် အဖော်ကောင်းတစ်ယောက်နဲ့ အတူတူပါပဲ....။ကျေးဇူးအရမ်းတင်ပါတယ်...။အမြဲတမ်းလဲ အားပေးနေပါ့မယ်နော်....( တာချီလိတ်မြို့ မှ ရှမ်းတစ်ယောက်ပါ ) ။

  • @khantminwithbae7796
    @khantminwithbae7796 Před 25 dny +4

    အကြံပေးချင်တာကလေ # လို့တပ်ပြီး ရှာရလွယိအောင် တခြားသူတွေနဲ့ မမှားအောင် # storybears episode 1,2,3...လို့မှတ်ပါလား ပိုလည်းရှာရလွယ်တာပေါ့

    • @StoryBearsMM
      @StoryBearsMM  Před 25 dny +1

      ဟုတ်။ အဲ့လိုလေး လုပ်ပါ့မယ်။

  • @hhff1041
    @hhff1041 Před 20 dny +2

    အမေကိုဘာအကြောင်းနဲ့မှသတ်စရာမရှိဘူးဒီထဲမှာသတ်ရတဲ့အကြောင်းအရင်းကိုခိုင်ခိုင်လုံလုံရှင်းပြထားတာမရှိဘူးတရားခံကိုတိုင်ကလဲမပြောဘူးဆိုတော့ဒီကောင်ဟာအမေကိုစော်ကားပြီးလက်လွန်သွားလို့သတ်လိုက်တာလို့မြင်မိတယ် တရုတ်မတွေကလဲအတိုအပျတ်တွေဝတ်သားကအရွယ်ရောက်စိတ်ဖေါက်ပြန်ပြီးအမေကိုစော်ကားအမေကလက်မခံတော့သတ်ပြီးသူအရှက်မကွဲအောင်ဘာကြောင့်သတိတယ်ဆိုတာဝင်မခံဘူး အခုချိန်ငရဲမှာချိုးကတ်နေလောက်ပြီအဲဒီကောင်

    • @hhff1041
      @hhff1041 Před 20 dny +2

      @@StoryBearsMM ဒါကပုံပြောတဲ့လူပြောတဲ့စကားပါသတ်တဲ့သားကိုတိုင်ဝန်ခံထားတာမဟုတ်ပါဘူး အမေကိုချစ်တဲ့သားဆိုသတ်မယ်ဆိုရင်တောင် ခေါင်းက်ုရိုက်လဲသွားတော့မျက်နှာကိုရိုက်ပြီးသတ်မယ်မထင်ပါဘူး အခြားဆေးတွေဘာတွေတိုကါပြီးသတ်လို့ရနေတာပဲဒီကောင်ကပညာတတ်တဲ့ကောင်လို့လဲပြောထားတာပဲ

    • @user-fl7ju6cj7x
      @user-fl7ju6cj7x Před 14 dny +1

      ထပ်တလဲလဲ နဲနဲလောက်တိုအောင်ချုံ့လို့ရပါတယ်

  • @NanNan-fh6gz
    @NanNan-fh6gz Před 14 dny +1

    ပြောပြတာစေ့စပ်သေချာလိုက်တာဆရာရယ် ဝုရှက်ယုက စိတ်ကြောင့်ပဲနေမယ် နှမျောတာနှမျောမိတယ်ဒီလောက်တော်တဲ့ကောင်လေး😢

  • @user-rk2pg2yv1w
    @user-rk2pg2yv1w Před 25 dny +3

    အစ်ကို့vdကိုညီမစက်ချုပ်တိုင်းနားထောင်ဖစ်တယ် မပျင်းရတော့ဘူးပေါ့❤

  • @jinjin7938
    @jinjin7938 Před 25 dny +4

    မအားတဲ့ကြားကတင်ဆက်ပေးတဲ့အတွက်ကျေးဇူးပါ၊တင်ဆက်သူကတစ်ခြားအလုပ်ပျက်ခံပြီးတင်ဆက်ပေးတာလေနော်၊နားဆင်သူတွေကအလုပ်လုပ်ရင်းဗဟုသုတတိုးတာပေါ့နော်

    • @pyaephyoaung-yl5ff
      @pyaephyoaung-yl5ff Před 15 dny

      ❤❤❤၂၅၂၉❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤ 37:15 37:29

    • @pyaephyoaung-yl5ff
      @pyaephyoaung-yl5ff Před 15 dny

      🎉🎉❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤၂၅ထာဝရလမ်းဆန်ပါစေဗျ

  • @helloyangon9426
    @helloyangon9426 Před 24 dny +4

    အစ်ကိုရေ ဖိလစ်ပိုင်က လူ၅ရ‌ ယောက်သတ်တဲ့ သင်းအုပ်ဆရာအကြောင်း အဆင်ပြေရင်တင်ပေးပါအုံး အားပေးနေပါတယ်

    • @uwiriya4630
      @uwiriya4630 Před 21 dnem

      စိတ်ဝင်စားတယ်

  • @sitnyeinaye-hk2cz
    @sitnyeinaye-hk2cz Před 23 dny +3

    ဆရာရေလေးစားပါတယ် ဒါပေမဲ့ လူသက်မူ့တွေမပါတဲဟာလေးတွေပြောပေးပါလား

  • @user-pd2mm6oo7t
    @user-pd2mm6oo7t Před 25 dny +4

    Good Titan အကြောင်းလည်းရှင်းပြပါဆရာ

  • @chozinlattlatt7154
    @chozinlattlatt7154 Před 25 dny +4

    တရားခံက မိဘကိုသတ်တာ သူက ပညာတော်သလိုပဲကြောင်တောင်ကြောင် လဲဖြစ်ရမယ်

  • @KhinAyeMyint-zi7dr
    @KhinAyeMyint-zi7dr Před 25 dny +4

    ကြားဖူးတာကတော့တရုတ်ပြည်မကြီးမှာမိသားစုတစ်စုကိုသားသမီးတစ်ဦးသာမွေးရမယ်လို့သတ်မှတ်ထားကန့်သတ်ထားတယ်ဆိုတာပါ၊အခုကသားသမီးတွေလေးယောက်ငါးယောက်မွေးထားတဲ့အနေအထားဖြစ်နေတယ်၊အဲဒီလိုမွေးလို့ရလို့လား

    • @StoryBearsMM
      @StoryBearsMM  Před 25 dny +4

      သူ့အဖေအမေတွေခေတ်က မကန့်သတ်ထားခဲ့သေးပါဘူး။ သူ့အဖေတွေအမေတွေက ၁၉၆၀ ဝန်းကျင်မှာ မွေးတာပါ။
      တရားခံမွေးဖွားလာတဲ့ ၁၉၉၀ ဝန်းကျင်မှာ ကန့်သတ်ထားပါပြီ။

    • @winmyintlinn9160
      @winmyintlinn9160 Před 8 dny

      သူ့အမေတွေခေတ်က
      အဲ့ဒီ့ဥပဒေ မပေါ်သေးဘူးနဲ့
      တူပါတယ် မကျွေးနိုင်ရင်
      အစိုးရစီကိုပေးလို့ ရတယ်လေ.

  • @kai-rj2cs
    @kai-rj2cs Před 16 dny +2

    အမေကိုသတ်ရဲတာ ဘာသာရေးအားနဲတယ် ဘာသာရေးဆရာတာဝန်မကျေတာပါ ငရဲတော့ ခံရပီးပေါ့ ကြိမ်းသေပေါက်
    ငရဲကျမှာ လွှတ်လမ်းမရှိဘူး အာဇာဒသ ထက်သက်သာမယ်လို့ထင်တယ်
    အရိယာလဲဖြစ် ဖခင်လဲဖြစ် နှပြစ်ကြူးလွန်တော့ ဒီကောင်လေးထက် အဆင့်မြင့်တဲငရဲခံရမာသေချာတယ်

    • @robinsi4515
      @robinsi4515 Před 11 dny

      တရုတ် ပြည် ကကွန်မြူနစ် ဝါဒ ကဘုရား မရှိဘူး လေ

  • @ashinsujata5261
    @ashinsujata5261 Před 22 dny +7

    သားအလိမ္မာသုံးမယ့်အစား သားမိုက်လို့သုံးသင့်တယ်။

  • @roselarr6498
    @roselarr6498 Před 21 dnem +4

    နားထောင်ရတာပညာတေရပါတယ်

  • @user-vl8xj6lm5i
    @user-vl8xj6lm5i Před 25 dny +2

    ဦးအစီအစဉ်လေးတေကောင်းကောင်းနားမထောင်ရ မန္တရာဘက်ကဆိုတော့ စစ်ဖြစ်နေလို့ဦးရေ အမြဲအားပေးနေပါတယ်

    • @StoryBearsMM
      @StoryBearsMM  Před 25 dny +1

      ဘေးကင်းကြပါစေခင်ဗျာ။

    • @user-vl8xj6lm5i
      @user-vl8xj6lm5i Před 25 dny

      @@StoryBearsMM ကျေးဇူးပါဦးရေ ဦးပြောသလိုပဲပြည့်ချင်ပါတယ်🥺

  • @cp.moejoe6036
    @cp.moejoe6036 Před 23 dny +2

    32:41 brotherက အရှေ့ကနေ fineသလောက် နောက်က ကောင်လေးက ချစ်စရာလေးဗျာ😂❤

  • @ohanmar
    @ohanmar Před 25 dny +3

    အမြဲတမ်းတင်ဆ်ပေးလို
    ကျေးဇူးပါရှင့် အားပေးနေပါတယ်ရှင့်

  • @user-ye9ym7pv5q
    @user-ye9ym7pv5q Před 25 dny +2

    ❤❤❤ညီမမုခင်းအရမ်ကြိုက်တယ်❤❤❤❤

  • @AKiLay-cz5ix
    @AKiLay-cz5ix Před 25 dny +2

    မှုခင်းလေးတွေများများတင်ပေးနော်
    အားပေးနေပါတယ်

  • @dawttha5783
    @dawttha5783 Před 25 dny +5

    Waiting for you ❤❤❤❤❤❤❤

    • @StoryBearsMM
      @StoryBearsMM  Před 25 dny

      အားနာပါတယ်ခင်ဗျာ။ ကျေးဇူးလည်း တင်ပါတယ်ခင်ဗျာ။

  • @user-lw3fh7nv4z
    @user-lw3fh7nv4z Před 20 dny +1

    အစ ထဲက နားထောင်ကြည့်ရှုနေခဲ့ပါတယ် 49မိနစ်နဲ့ စက္ကန့်30မှာပြောသွားတဲ့စကားကတော့ တော်တော်လေးလွန်လွန်းသွားပါတယ် အဘယ့်ကြောင့်ဆိုသော် ကျနော်အမေလဲ ကင်ဆာပါပဲ စျေးအကြီးဆုံးဆေးရုံတင်ခဲ့တာပါပဲ ုဒါပေမယ့်

  • @LovelyCricketHelmet-up6sk

    လေးစားလျှက်
    🎉🎉🎉

  • @user-xj5bk8rv3i
    @user-xj5bk8rv3i Před 25 dny +2

    နား​ထောင်ရတာနောက်ကျသွားတယ်❤🎉

  • @thuthu8440
    @thuthu8440 Před 25 dny +2

    မျှော်ရတာအမော ပဲ မသိရင်ချစ်သူဆီကဖုန်းစောင့်နေရသလိုမျိုးပဲ😂😂😂🎉

  • @user-fh5ie9gw5s
    @user-fh5ie9gw5s Před 14 dny +1

    🙏🙏🙏🎉🎉🌍👑မဂ်လာပါအားပေးပါတယ်🌟🌟💜💜

  • @htaymintunbobo4630
    @htaymintunbobo4630 Před 6 dny

    လေးစားပါတယ် ဆရာရေ

  • @Agttunatgmail
    @Agttunatgmail Před 25 dny +2

    ခုချိန် အဝီဇိ ဂျိုးကပ်နေလောက်ပြီ 😢

  • @khunsoethu1026
    @khunsoethu1026 Před 24 dny +3

    Thanks ka

  • @TunTun-uf7es
    @TunTun-uf7es Před 24 dny +2

    မဂ်လာပါအေးချမ်းသာယာပျော်ရွင်ပါေစသူငယ်ချင်း ❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-zf5td7tx7p
    @user-zf5td7tx7p Před 23 dny +2

    ကျေးဇူးတင်ပါတယ်

  • @user-kt8bu1nd8l
    @user-kt8bu1nd8l Před 25 dny +2

    မောနီးပါ ပိုလာ❤❤❤

  • @satanhimself1018
    @satanhimself1018 Před 24 dny +2

    ဘဲကြီး ဘဲကြီးပြောတာပဲအဆင်ပြေတယ်

  • @myintmyintkyi6411
    @myintmyintkyi6411 Před 24 dny +2

    ကျေးဇူးပါ❤❤❤

  • @user-uz1ps8pk9q
    @user-uz1ps8pk9q Před 25 dny +2

    တင်ပြတာအရမ်းကောင်းပြီးဗဟုသုတလဲရပါတယ်❤❤

  • @tintin3901
    @tintin3901 Před 25 dny +2

    ကျေးဇူးပါ။

  • @WaiYan-pm8dc
    @WaiYan-pm8dc Před 24 dny +2

    အားပေးနေတယ်နော်

  • @LinWai-u2g
    @LinWai-u2g Před 22 dny +2

    Panda Fubaoအကြောင်း ပြောပြပေးပါလားဆရာ🥺❤️

  • @saymon3146
    @saymon3146 Před 25 dny +3

    နောက်ဆုံးတော့ လာပြီ😊😊😊

  • @atar2744
    @atar2744 Před 25 dny +2

    အရမ်းကြိုက်ပါတယ်။
    တင်ဆက်ပုံတော်တော်ကောင်းပါတယ်။

  • @fearcrisis2872
    @fearcrisis2872 Před 24 dny +2

    စိတ်မကောင်းစရာပါလား 😢

  • @mawar9392
    @mawar9392 Před 19 dny

    ကိုယ်လက်လှမ်းမမှီတဲ့ ကမ္ဘာအသီးသီးက ပြစ်မှုတွေအကြောင်း သိရလို့ ကျေးဇူးအထူးတင်ရှိပါတယ်။❤❤❤

  • @KhantWinAung-rb1ed
    @KhantWinAung-rb1ed Před 23 dny +2

    Good 👍

  • @htitchone6037
    @htitchone6037 Před 25 dny +2

    ❤🎉❤🎉❤Love you so much🎉❤🎉❤🎉❤🎉❤🎉

  • @khinwin5668
    @khinwin5668 Před 21 dnem

    စိတ်ရောဂါဖြစ မိတ်ဆွေစစ်လိုမယ် တရားနဲ့ယှဥ်နားလည်အောင်ရှင်းပြပတ်ဝန်းကျင်ထိတွေ့ သူရေး,ထားတွေမိဖများနမူနာယူစရာပေါ့ ခခေတ်မှာပိုဆိုးပါတယ်

  • @user-kb9ys9rk6y
    @user-kb9ys9rk6y Před 13 dny

    နား​ထောငွ​ကောင်းတယ်​တော်​တော်ကြာတ❤ 58:35 ယ်

  • @kayphyo1044
    @kayphyo1044 Před 25 dny +1

    မဂ်လာပါSB 😊ခုမှ မီးလာတယ် 😅

  • @user-kb9ys9rk6y
    @user-kb9ys9rk6y Před 13 dny

    နား​ထောငွ​ကောင်းတယ်​တော်​တော်ကြာတယ်

  • @thebestmobile3338
    @thebestmobile3338 Před 24 dny +2

    မင်မင်ပြောတာပဲ နားထောင်အကောင်းဆုံးပဲ

  • @eimifunnyvideochanel219
    @eimifunnyvideochanel219 Před 25 dny +1

    🎉🎉🎉❤❤❤ စောင့်နေတာ

  • @myatyumon9241
    @myatyumon9241 Před 25 dny +1

    ​မျှော်​​နေတာ အကို 😊

  • @maymyatmon2706
    @maymyatmon2706 Před 25 dny +1

    မျှော်နေတာ အကိုရေ❤

  • @nilarsoe5919
    @nilarsoe5919 Před 25 dny +1

    Thank You

  • @user-dh2je1dl1j
    @user-dh2je1dl1j Před 17 dny

    တော်လိုက်တာဗျာ.ရသမျိုးစုံပေါ်လ့င်လာအောင်ပြောနိုင်စွမ်းရှိပါပေတယ်

  • @ninilwin5570
    @ninilwin5570 Před 16 dny

    ‌ေြပါ ြပတာ အရမ်းအသက် ဝင်ပါတယ် ကျေးဇူးပါ ရှင့် ❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉

  • @kyalsin1393
    @kyalsin1393 Před 25 dny +2

    မျှော်နေသူမော 😁 အကို ၊ 😍

    • @StoryBearsMM
      @StoryBearsMM  Před 25 dny +1

      အားနာပါတယ်ခင်ဗျာ။ ကျေးဇူးလည်း တင်ပါတယ်ခင်ဗျာ။

  • @jieyang6213
    @jieyang6213 Před 13 dny

    ဦနှောက်အကြီးလွန်သွားတာ ပါဆရာ

  • @phwephwe8442
    @phwephwe8442 Před 25 dny +3

    ❤❤❤❤😊

  • @gloomyguy6194
    @gloomyguy6194 Před 25 dny +2

    မျှော်နေတာ 😢🎉

    • @StoryBearsMM
      @StoryBearsMM  Před 25 dny +1

      အားနာပါတယ်ခင်ဗျာ။ ကျေးဇူးလည်း တင်ပါတယ်ခင်ဗျာ။

  • @hanthunitoot7971
    @hanthunitoot7971 Před 25 dny +1

    Thanks

  • @AhiMarSoe
    @AhiMarSoe Před 14 dny

    ကျေးဇူးပါ

  • @mijunakano2955
    @mijunakano2955 Před 24 dny +2

    Kyar lite tar 😢

  • @nandarwin2378
    @nandarwin2378 Před 21 dnem +2

    ❤❤❤❤

  • @user-og7je1kx4h
    @user-og7je1kx4h Před 23 dny +2

    ❤❤❤

  • @zinmarmyo3574
    @zinmarmyo3574 Před 22 dny +2

  • @nankhamnwet1996
    @nankhamnwet1996 Před 25 dny +1

    မျော်လိုက်ရတာ

  • @user-wd3ln7dp1z
    @user-wd3ln7dp1z Před 24 dny +2

    😢

  • @larzayululu252
    @larzayululu252 Před 19 dny

    တရုတ်ပြည်မှာခလေးတစ်ယောက်ဘဲယူရတာလေ..ဘယ်ကြောင့် မောင်နှတွေများနေရတာလဲ..ဝက်ဝံမကြီး

    • @user-ht6bu8sq2g
      @user-ht6bu8sq2g Před 13 dny

      အဲ့လိုစည်းကမ်းမသတ်မှတ်ခင်ကတဲ့ သူ့တို့ကိုမွေးပြီးတော်တော်ကြာမှသတ်မှတ်မူဖြစ်တာ

  • @sayarlay1245
    @sayarlay1245 Před 19 dny

    ဇာတ်လမ်းကိုဝတ္ထုလိုပြောတာပဲကြိုက်တယ်။

  • @chanlay1939
    @chanlay1939 Před 25 dny +1

    မင်ဂလာပါဘဲးကြီး

  • @aaronzack9904
    @aaronzack9904 Před 25 dny

    မျှော်နေရတာဗျား 💗

  • @htaymintunbobo4630
    @htaymintunbobo4630 Před 6 dny

    😢😢😢😢😢

  • @HlaHla-jl7ll
    @HlaHla-jl7ll Před 18 dny

    ရင်နာစရာပါ

  • @LeaMeh-fb4he
    @LeaMeh-fb4he Před 25 dny +2

    နှမြောစရာ သနားလည်းသနားတယ်

  • @user-xe5jn7le5h
    @user-xe5jn7le5h Před 25 dny +1

    👏👏👏👍👍👍❤️❤️❤️

  • @zawmyo9125
    @zawmyo9125 Před 15 dny

    ဘယ်လိုသတ်တာလဲ မပါဘူး​ကော

  • @lovebaby5297
    @lovebaby5297 Před 25 dny +1

    ❤❤❤🎉🎉

  • @khaingzarlinn-rq3pb
    @khaingzarlinn-rq3pb Před 25 dny

    ❤❤❤❤❤

  • @AyeAye-gr7lh
    @AyeAye-gr7lh Před 25 dny +1

    ဘာလို့သတ်တာလည်း

    • @StoryBearsMM
      @StoryBearsMM  Před 24 dny

      သူ့အမေက သူ့အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ရင်ကွဲနာကျပြီး ဝဋ်ဆင်းရဲကို ခံစားနေရတယ်ဆိုပြီး မြင်လို့ လုပ်လိုက်တာပါ။

  • @Saypaw-cz4lt
    @Saypaw-cz4lt Před 25 dny +3

    ghost story please

  • @khinlay1587
    @khinlay1587 Před 18 dny

    🎉🎉🎉🎉😊

  • @ThitMhoo-xs1wo
    @ThitMhoo-xs1wo Před 13 dny

    4:07

  • @Millie_23391
    @Millie_23391 Před 21 dnem

    မလွယ်ပါလား

  • @yarzay-kp7hw
    @yarzay-kp7hw Před 16 dny