အောင်လံ မျှစ်ချဥ် သတင်း

Sdílet
Vložit
  • čas přidán 26. 08. 2020
  • အောင်လံမြို့မှမျှစ်ချဥ်ထုတ်လုပ်သူများမျှစ်ကုန်ကြမ်းအရည်အသွေးညံ့ဖျင်းမှုကြောင့်အဆင်မပြေ
    သတင်းရုပ်သံ-ညီမှူးအိမ်(အောင်လံ)
    မကွေးတိုင်းဒေသကြီးအောင်လံမြို့မှမျှစ်ချဥ်ထုတ်လုပ်သူများမှာမျှစ်ကုန်ကြမ်းအရည်အသွေးညံ့ဖျင်းမှုကြောင့်အဆင်မပြေဖြစ်နေတယ်လို့သိရပါတယ်။
    အောင်လံမြို့ဂုဏ်တောစံပြကျေးရွာမှမျှစ်ချဥ်ပြုလုပ်သူဒေါ်ဝင်းမာဆွေကမျှစ်စျေးကြီးမြင့်မှုနဲ့မျှစ်အရည်အသွေးမကောင်းတာကိုအခုလိုပြောပါတယ်။
    မျှဥ်ချဥ်ပြုလုပ်ဖို့အတွက်အခုအခါမျှစ်အစိမ်းတွေကိုဝယ်ယူစုစောင်းကြရတာပါ။
    ဒီနှစ်ကဝါထပ်တာရယ် ရာသီဥတုမိုးခေါင်တာကြောင့်ဝါးပင်တွေမှာမျစ်အထွက်နောက်ကျခဲ့ကာမျှစ်အရည်အသွေးပါညံ့တယ်လို့သိရပါတယ်။
    မျှစ်ချဥ်ပြုလုပ်ဖို့အတွက်မျှစ်အစိမ်းတွေကိုသေချာသန့်စင်ကာထင်းမီးနဲ့ပြုတ်ရတာပါ။
    အဲဒီနောက်ပိသာ၁၅၀ဝင်စဥ်းအိုးကြီးတွေထဲသို့ထည့်ကာဆားနဲ့၅လအကြာသိပ်ရတာဖြစ်ပါတယ်။
    ဆားကလည်းငါးလအတွင်းအနည်းဆုံးဆားပိသာ၁၀ကျော်ကုန်ကျတယ်လို့သိရပါတယ်။
    အရင်နှစ်တွေမျှစ်အထွက်နဲ့အရည်အသွေးကောင်းတဲ့အတွက်ပိသာ၁၅၀ဝင်စဥ်းအိုးကြီးတွေနဲ့၆၅လုံးအထိထည့်ကာမျှစ်ချဥ်ထုတ်လုပ်နိင်ခဲ့ပေမဲ့အခုနှစ်ကတစ်ဝက်လောက်ပဲထုတ်လုပ်နိင်မယ်လို့သိရပါတယ်။
    အခုမျှစ်အစိမ်းတစ်ပိသာကိုကျပ်၄၀၀စျေးပေးရကာမျှဥ်ချဥ်ပေါ်ချိန်မှာမျှစ်ချဥ်တစ်ပိသာကျပ်၁၅၀၀စျေးရမှအဆင်ပြေမှာဖြစ်ပြီးမျှဥ်ချဥ်တွေကိုရန်ကုန်စျေးကွက်ကိုအများဆုံးတင်ပို့ပေးရတယ်လိူ့မျှစ်ချဥ်ထုတ်လုပ်သူတွေထံကသိရပါတယ်။
    ညီမှူးအိမ်(အောင်လံ)

Komentáře • 5

  • @kyawhtay9404
    @kyawhtay9404 Před 3 lety +2

    Burmese business women are very respectable n admirable sisters and mothers of Burmese society. Congratulations. Thank you.

  • @sanlamin6613
    @sanlamin6613 Před 2 lety +1

    မျှစ်ဘယ်ဈေးလဲ

  • @aungthit5573
    @aungthit5573 Před 2 lety

    မျှစ်ချဉ် တစ် ပိဿာလောက် ပို့ပေး

  • @myintthein3747
    @myintthein3747 Před 2 lety +1

    ဘယ်လိုဝယ်ရလဲဗျစားခြင်လို့

  • @oasis772
    @oasis772 Před 2 lety

    Mlဆော့နေ