မြစ်ကြီးနားမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် စက်သုံးဆီဈေးမြင့်တက်

Sdílet
Vložit
  • čas přidán 5. 09. 2024
  • မြစ်ကြီးနားမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် စက်သုံးဆီဈေးမြင့်တက် (ရုပ်သံသတင်း)
    မြစ်ကြီးနားမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် စက်သုံးဆီဈေးတက်နေပြီး လိုအပ်သလောက်ဝယ်လို့မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
    တရုတ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြစ်ကြီးနား-ကန်ပိုက်တည်လမ်းကြောင်းကို KIA ကထိုးစစ်ဆင်နေတဲ့အတွက် ကုန်သွယ်မှုရပ်ဆိုင်းသွားပြီး စက်သုံးဆီဈေးတွေ မြင့်တက်ကုန်တာဖြစ်ပါတယ်။
    မြစ်ကြီးနား-မန္တလေးလမ်းကြောင်းက စက်သုံးဆီ အနည်းငယ်ဝင်ရောက်တာရှိပေမယ့် လမ်းတစ်လျှောက် လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ PDF နဲ့ စစ်ကောင်စီဂိတ်တွေကို တရားမဝင် ငွေပေးသယ်ရတယ်လို့ သိရပါတယ်။
    မြစ်ကြီးနားမြို့ စက်သုံးဆီဈေးမှာ 92 တစ်လီတာကို ၄၀၀၀ ကျပ်နဲ့ 95 တစ်လီတာကို ၄၅၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေပြီး တခြားဒေသတွေထက် ၂ဆနီးပါးဈေးတက်နေပေမယ့် လိုအပ်သလောက်ဝယ်လို့မရဘဲ တစ်ဦးလျှင်အများဆုံး ကျပ်သုံး(၃)သောင်းဖိုးသာ ရောင်းချပေးနေတာပါ။
    မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် စားသောက်ကုန် နဲ့ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာနေပြီး အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။

Komentáře •