ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ အပိုင်း (၁၁)

Sdílet
Vložit
  • čas přidán 28. 10. 2020
  • အပိုင်း(၁၁)၏မေးခွန်းများ -
    (၅၇)အမျိုးသမီးတစ်ဦးရဲ့စိတ်မှာ မြွေတစ်ကောင်ရဲ့ပုံရိပ်အမြဲတမ်း ငြိတွယ်တွေးတောနေလျှက်ရှိပါတယ်။ မြွေတစ်ကောင်ရဲ့လှုပ်ရှားသွားလာနေပုံ အဆင့်ဆင့်ကိုလည်း အမြဲစိတ်ထဲစွဲနေပါတယ်။ နေ့စဉ်သွားလာချိန်တိုင်းလည်း မြွေတစ်ကောင်၏လှုပ်ရှားသွားလာနေပုံကိုသာ မြင်ယောင်ပြီး အခြားသူများထက်လည်း မြွေကိုတွေ့မြင်ရတတ်ပါတယ်။ မြွေကိုလည်း အမြဲရှာကြည့်မိတတ်ပြီး ကြောက်စိတ်လည်းအမြဲရှိနေတတ်ပါတယ်။ အယူတိမ်းပြီးဒုက္ခရောက်မှာကိုလည်း စိုးရိမ်မိပါတယ်။ ထိုအမျိုးသမီးအတွက် အရှင်ဘုရား အကောင်းဆုံးလမ်းညွှန်ပြသပေးတော်မူပါ။
    (၅၈)သံဃာများကိုဆွမ်းမလောင်းတဲ့အဖွဲ့အစည်း၊လပြည့်ညများတွင် င်္သချိုင်းကုန်းသို့ တရားသွားထိုင်သည့်အဖွဲ့အစည်း၊ သေသူ၏အခေါင်းထဲသို့ ဘဝကူးကောင်းမွန်စေရန် ငရဲမင်းထံသို့လျှောက်ထားသည့် လျှောက်လွှာများ ထည့်သွင်းမြှပ်နှံခြင်း၊မီးသဂြိုလ်ခြင်းအစရှိသောကိစ္စရပ်များကို လုပ်ဆာင်နေသော ဗုဒ္ဓဘာသာဝင်အမည်ခံ အဖွဲ့အစည်းများသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်နိုင်ပါသလား။
    (၅၉) ဦးရဲမင်းထိုက်ရဲ့မေးခွန်းကတော့ သူ ဝိပဿနာစာအုပ်တစ်အုပ်ကို ဖတ်ဖူးပါတယ်။ အဲ့ထဲမှာ ဓါတ်ကြီးလေးပါးရဲ့ သုညတဖြစ်ပုံကို အတိအကျမဟုတ်ပေမယ့် ဒီလိုအဓိပ္ပါယ်မျိုးဖွဲ့ဆိုထားပါတယ်။ပထဝီ၊တေဇော၊အာပေါ၊ဝါယောဓာတ်တို့ဟာ အချင်းချင်းအမှီသဟဲပြုနေကြတာဖြစ်ပြီး တစ်ခုခုမရှိရင် ကျန်သုံးခုလည်းမရှိနိုင်ပါ။ စိတ်ကုူးဉာဏ်နဲ့ ပထဝီ၊တေဇော၊ အာပေါဓာတ်သုံးခုကို ဖယ်ထုတ်လိုက်ရင် ကျန်တဲ့ဝါယောဓါတ်ဟာ မရှိနေနိုင်ဘူးလို့ တွေးနိုင်ပါတယ်။အပြန်အလှန်အားဖြင့် ကျန်ဓါတ်တွေဟာလည်း ထိုနည်းအတိုင်း သူတို့တွေရဲ့ သုညဖြစ်ပုံကို ဆင်ခြေနိုင်ကြောင်းဖတ်ရှုဖူးပါတယ်။ ထိုဝိပဿနာစာအုပ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံဟာ နဂဇုဏရဲ့ သုညကို ပြောတာမျိုးနဲ့ဆင်တူသလိုဖြစ်နေပါတယ်။ All are empty ဆိုရင် အနိစ္စကိုရှုစရာမရှိတော့ ဘာမှမရှိတော့လို့ ဘာမှလုပ်စရာမကျန်တော့တဲ့အတွက် အဲ့လိုယူဆတာကို မှားတယ်လို့ ယူဆလို့ရပါသလား။
    (၆၀) ဘုရားပေါ် မိန်းမ မတက်ရတဲ့ ကိစ္စနှင့် ပတ်သတ်ပြီး တပည့်တော် နိုင်ငံခြားသားတွေနဲ့ ခဏ ခဏစကားများရတယ် ဘုရား။ တပည့်တော် ထင်တာကတော့ ဘုရားက ဒါမျိုးမဟောလောက်ဘူးလို့ ထင်ပါတယ်။ ဒီမေးခွန်းတွေ ကြုံလာရရင် ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဘယ်လို Respond လုပ်ရမလဲ။

Komentáře •