ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ အပိုင်း (၈)

Sdílet
Vložit
  • čas přidán 28. 10. 2020
  • အပိုင်း(၈)၏မေးခွန်းများ -
    (၃၉) မြတ်စွာဘုရားအဆက်ဆက်ဟာ လူ့ဘဝအဖြစ် ပါရမီဖြည့်စဉ်က စက်မှုထွန်းကားတဲ့ ခေတ်တွေမှာလူဖြစ်ခဲ့ဖူးပါသလား။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားဟောတဲ့ ဇာတ်တော်တွေတိုင်းဟာ ယနေ့လိုမျိုး သိပ္ပံခေတ်မပါပဲ ရှေးခေတ် လှည်းခေတ်၊ လှေခေတ် နောက်ခံတွေကြီးပဲသာ ကြားနေရလို့ပါဘုရား။
    (၄၀) ပဋ္ဌာန်းဂါထာများရွတ်ဆိုရင် အနက်အဓိပ္ပါယ်နားလည်မှ အစွမ်းထက်တာမျိုးလား။ အဓိပါ္ပယ်မသိဘဲ ရွတ်ရင်ရော အစွမ်းထက်ပါသလား ။ပဋ္ဌာန်းကို နေရာမရွေးဘဲ ရွတ်ရင် အနှောက်အယှက်ပေးခံရတယ်ဆိုတာ ဟုတ်ပါသလား။
    (၄၁) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရရှိအောင် ဘယ်လိုအခြေအနေ ဘယ်လိုအချက်တွေနဲ့ လိုက်နာဆောင်ရွက်ရမလဲ။ လူအများနားလည်အောင် အရှင်ဘုရားရှင်းပြပေးပါ။
    (၄၂) ဝေဿန္တရာဇာတ်တော်ကြီးမှာ ဘုရားလောင်းဟာ သူ့ဇနီးဖြစ်သူနှင့် သားသမီးများကို သူများကို လှူလိုက်ပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင် တစ်ပါးသူရဲ့စိတ်ဆန္ဒကို လျစ်လျူရှုပြီး လှူလိုက်သလိုများ ဖြစ်နေပါသလား။
    (၄၃) အနေကဇာတိ အစချီတဲ့ ဘုရားအနေကဇာတင် ဂါထာတွေကို အလှူတွေမှာ သံဃာတော်များ ရွတ်ဖတ်တာ ကြားနေကျ ဖြစ်ပါတယ်။ သာမန်လူပုဂ္ဂိုလ်တွေက မိမိဘာသာ အိမ်တွင် ရွတ်ဆိုဖို့ သင့်မသင့် သိချင်ပါတယ်။
    (၄၄) ဘုန်းကြီးကျောင်းတွေမှာ အလှူလုပ်လို့ သီချင်းအကျယ်ကြီးဖွင့်တာက အပြစ်ဖြစ်ပါသလား။ (၄၅) ငယ်စဉ်အခါက မီးလောင်ခံရ၍ ခန္ဓာကိုယ်မှာ အမာရွတ်များကျန်ခဲ့သောသူ၊ ခြေလက်အဂါၤမစုံသောသူများသည် သာသနာ့ဘောင်ကို ဝင်ခွင့်ရပါမလား။

Komentáře •