ချစ်မိုး​စွေ|သိန်းတန်(မြန်မာပြည်)|​ရေး - ​ရွှေပြည်​အေး| myanmar pyi thein tan songs| myanmar music

Sdílet
Vložit
  • čas přidán 29. 08. 2024
  • ♥ ချစ်မိုး​ဆွေ♥
    ✍​တေး​ရေး✍​ရွှေပြည်​အေး
    ချစ်သူ ခင်ခင်ပျိုရယ် မေတ္တာ​တော်ကဲ စွဲမိ​ပေါ့ကွယ်
    ခင့်ရူပါ အလှ​လေးရယ်​ကြောင့် ခဏ​လေး​တောင်
    ​မှေးစက်မ​ပျော်နိုင်အားတယ်
    ရုပ်​ချောသူရယ် လှရှာပါ​ပေ့ကွယ်
    ယဥ်ယဥ်တယ် ခင်ခင်ရယ် ​ကောင်းခြင်းငါးဖြာကြွယ်
    ​သြော်......ရုပ်​ချောတဲ့သူရယ် လှရှာပါ​ပေ့ကွယ်
    ယဥ်ယဥ်တယ် ခင်ခင်ရယ် ​ကောင်းခြင်းငါးဖြာကြွယ်
    အသား​တော်ဖြူပါလှတယ် စကား​နော်ကြူကာစမယ်
    အသနားခံတယ် ချစ်ခင်မှာလားလို့
    ဆိုချင်တယ် ပျိုခင်ရယ်​
    ပြေလည်​အောင် ​မောင်ကြံရွယ်
    မ​နောကရယ် ​ပြောပါ့ကွယ်
    ယုံကြည်စွာပဲ​​ မျှော်လင့်မိပါတယ်
    ​စေတနာ ထားပါ​တော့ကွယ်
    အလှဖြူပြာ သူဇာခင်ခင်ရယ်
    [(မြတ်နိုးသူရယ် ချစ်မိုး​စွေခဲ့တယ်....
    ဘုံကြိုးပြတ်တဲ့​ဒေဝီနတ်မျိုးနွယ်...)၂
    သြော်...မျက်မာန်​တော် ညှိုးလိုက်ပါနဲ့
    ​မျှော်ကိုးသူ ​စောင့်စားလို့သာ ​မောင့်မှာ​နေမိတယ်
    ခင်ပျိုနှမရယ် ပင်ကိုယ်လှတယ်
    ​ရွှေအား​တော်ငယ််ငယ် သနားစိတ်နဲ့ ချစ်စမ်းပါကွယ်]
    🎼 ♩♪♫♬ ♩♪♫♬🎼 [- - - - -]
    (မျက်နှာလေး ထာဝစဥ်​မောင်​​​တွေးပါလို့ရယ်
    ကြည်ဖြူပါကွယ် အသဲကစွဲလှတယ်)၂
    ချစ်တဲ့သူက​လေးရယ် ကြိုက်တဲ့သူကလေးရယ်
    စားရင်လည်း ခင့်စိတ်ပါပဲကွယ်
    ကြင်နာဖွယ် ခင်ပါတယ် ​မောင့်စိတ်ထဲ ခင့်ကိုပဲ
    အချစ်ပန်းက ပွင့်လန်းတယ်
    ပျိုသဇင်ကညာရယ် မငြိုငြင်ပါတယ်
    ကမ္ဘာတိုင်စွဲ မခွာနိုင်ပဲ သဒ္ဓါခိုင်မြဲ
    ချစ်​ဇော​တွေက ပိုလှတယ်
    (မြတ်နိုးသူရယ်------သနားစိတ်နဲ့ ချစ်စမ်းပါကွယ်)
    🎼 ♩♪♫♬ ♩♪♫♬🎼 [- - - - -]
    ⟣⃟⸻⚀༻༺⚀⸻⃟⟢
    မူရင်းတင်သူများအားလုံး ​ကျေးဇူးတင်လျှက်
    𝕬𝕾𝖔𝖒𝖆​

Komentáře •