Chiang Mai Overnight Sleeper Train | ဘန်ကောက် ကနေ ချင်းမိုင် ကို အိပ်စင်ရထားနဲ့ ခရီးသွားကြမလား

Sdílet
Vložit
  • čas přidán 23. 08. 2023
  • ချင်းမိုင်မြို့လေးဟာ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ သွားချင်စိတ်ပြင်းပြတဲ့ သိပ်လှတဲ့မြို့လေးပါ။ ဒီမြို့လေးဆီကို ဘန်ကောက်ကနေ သွားလို့ရတဲ့ နည်းတွေများစွာထဲက အိပ်စင်ပါတဲ့ ရထားလေးနဲ့ သွားရတာကို အတော်များများ နှစ်သက်ကြပါတယ်။ လေယာဉ်ဈေးနဲ့ အတူတူလောက်ဖြစ်ပေမဲ့ ဒီအိပ်စင်ရထားနဲ့ ဘာကြောင့်သွားဖို့စိတ်ဝင်စားနေကြသလဲ သိရဖို့ ကျွန်တော်ကိုယ်တိုင်လည်း ဒီတစ်ခါ ချင်းမိုင်ကို သွားလည်တဲ့အခါ အိပ်စင်ရထားလေး စီးနင်းဖြစ်ပါတယ်။
    .
    ၁၀ ရက်လောက်ကြိုတင်ဘိုကင်ယူတာတောင် လိုချင်တဲ့အိပ်စင်မရတတ်လို့ ဒီလို ရထားနဲ့ ခရီးသွားမယ်ဆို တစ်လလောက်ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။​ 12Go ကနေ အွန်လိုင်း လက်မှတ်ဝယ်လို့ရသလို၊ Bang Sue ဘူတာကြီးမှာလည်း သွားရောက်ဝယ်ယူနိုင်ပါသေးတယ်။
    .
    အိပ်စင်ရထားတွေထဲမှာမှ ညနေ ၆း၃၀ ဝန်းကျင်ထွက်တဲ့ #9 ရထားကို ရွေးချယ်စီးနင်းမှု အများဆုံး ဖြစ်ပါတယ်။ မနက် ၇း၃၀ ခန့်ဆို ချင်းမိုင်ကို ရောက်ပါတယ်။ ညစာ နဲ့ မနက်စာ ကို ရထားက စားသောက်ဆိုင်​ဝန်ထမ်းတွေ အော်ဒါလာကောက်တဲ့အခါ ဝယ်စားနိုင်ပါတယ်။
    .
    စိတ်ဝင်စားဖို့ကောင်းတဲ့ ဘန်ကောက် - ချင်းမိုင် အိပ်စင်ရထားအကြောင်းကို ဗီဒီယိုကနေ တဆင့် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ....
    .
    အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာလို့ စိတ်ချမ်းမြေ့ကြပါစေ...
    သီဟလုလင် (Thiha, the Traveller)

Komentáře • 27

  • @laymarkhin7069
    @laymarkhin7069 Před 7 měsíci +3

    ကောင်းလိုက်တာသန့်ပြန့်နေတာဘဲ ကိုယ့်နိုင်ငံမှာလည်းဖြစ်စေချင်တယ်

    • @ThihaLuLin
      @ThihaLuLin  Před 7 měsíci

      ရထားတော်တော်မိုက်ပဲ ☺️

  • @sapal9364
    @sapal9364 Před 11 měsíci +2

    မဂ်လာပါမောင်လေး
    အိပ်စင်နဲ့ဇိမ်ကျတာပေါ့
    ကျေးဇူးပါရထားလဲစီးရပြီ

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      ရထားနဲ့သွားရတာတော့ အတော် လူသက်သာတာပါ အစ်မရယ် ☺️

  • @thasui9798
    @thasui9798 Před 6 měsíci

    Thank you ပါ

  • @KhinhninSi-gx9gx
    @KhinhninSi-gx9gx Před 8 měsíci +2

    ကားစီးရင်ကြာချိန်ဘယ်နှစ်နာရီကြာမလဲ၊ရထားကြာချိန်က၁၃နာရီနော်၊အဲ့မှာဘာတွေထူးခြားဝယ်လို့ကောင်းတဲ့အသုံးအဆောင်တွေသိပါရစေ။ကျေးဇူးပါ

    • @ThihaLuLin
      @ThihaLuLin  Před 7 měsíci

      ကားစီးရင်လည်း ၁၁ နာရီလောက်ပါပဲ
      ချင်းမိုင်ကနေ ဘန်ကောက်အပြန် ကားနဲ့ပြန်ဖြစ်တာ

  • @khinmgohn6867
    @khinmgohn6867 Před 11 měsíci +1

    ကျေးဇူးတင်ပါတယ်

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဗျ

  • @saikaungkaung5834
    @saikaungkaung5834 Před 11 měsíci +1

    ကျေးဇူးတင်ပါတယ် အမြဲအားပေးနေပါတယ်ခင်ဗျာ့

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      အမြဲချစ်ခင်အားပေးလို့ ကျေးဇူးအထူးပါဗျား ☺️

  • @user-ei7vb2uw5p
    @user-ei7vb2uw5p Před 6 měsíci

    👍

  • @poseidon.156
    @poseidon.156 Před 5 měsíci

    ရန်ကုန် to ဘန်ကောက် လေယာဥ်စရိတ်
    ထိုင်းမှာ နေတဲ့
    ဟိုတယ်စရိတ် ကား,ရထား,လေယာဥ် စရိတ်စုစုပေါင်း ဘယ်လောက်ကုန်လဲဗျ

  • @myotun3015
    @myotun3015 Před 10 měsíci

    တစ်ခန်းလုံးဝယ်ပြီး သုံးယောက်စီးလို့ရလားဗျ။

  • @tinoomyatkyithar3769
    @tinoomyatkyithar3769 Před 11 měsíci +1

    အားလုံးရှင်းပြတဲ့အတွက်ကျေးဇူးတင်ပါတယ်လိုရာခရီးကိုဘေးကင်းဖြောင့်ဖြူးစွာရောက်ရှိပါစေ။

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      ကျေးဇူးအထူးပါဗျား
      အဆင်ပြေပါစေဗျား ☺️

  • @datamind2993
    @datamind2993 Před 11 měsíci +1

    အစ်ကိုနဲ့အတူတူ ခရီးသွားခွင့် ရချင်ပါတယ်

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci +1

      လာခဲ့လေ သွားကြမယ် ☺️

    • @datamind2993
      @datamind2993 Před 11 měsíci

      @@ThihaLuLin Radio နားထောင်တည်းက အစ်ကိုကြောင့် worldwide သီချင်းတွေနဲ့ ရင်းနှီးလာရတာ အမြဲတမ်းအားပေးနေပါတယ် အစ်ကို u are the best👍

  • @khinmgohn6867

    သူတို့ရထားတွေနဲ့ဘူတာတွေကသပ်ယပ်သန့်ရှင်းတယ်

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      အတော်လေး သပ်ရပ်အဆင့်ရှိတာပါ ☺️

  • @pwintthetchoo
    @pwintthetchoo Před 11 měsíci +1

    တစ်ယောက်ထဲလား

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      ကိုယ်ဒေကတော့ တစ်ယောက်တည်း လိမ့်တာပဲ

  • @ashinpannalinkara1468
    @ashinpannalinkara1468 Před 6 měsíci

    လက်မှတ်က ဘယ်လောက်လဲ

  • @swamyee5198
    @swamyee5198 Před 11 měsíci +1

    ဒီဇင်ဘာမှာငါတို့လာပီ

    • @ThihaLuLin
      @ThihaLuLin  Před 11 měsíci

      ဒီဇင်ဘာကတော့ လည်လို့ အလှဆုံးချိန်ပါပဲ ☺️

  • @user-PsychoAlpha9900
    @user-PsychoAlpha9900 Před 4 měsíci

    Booking တင်ပြီးရင် ဖုန်းနဲ့ပဲ ပြရတာလား
    ငွေရှင်းတော့ ဘူတာမှာပဲ ရှင်းရတာလားခင်ဗျာ။