MY Travelogue ကျိုက်ထီးရိုးသို့ ခရီးသွားခြင်း(၄)

Sdílet
Vložit
  • čas přidán 2. 09. 2021
  • #မွန်ပြည်နယ်
    #ကျိုက်ထီးရိုးဘုရား
    ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...ဒီအပိုင်းမှာဆိုရင်တော့ ကျိုက်ထီးရိုးဘုရားကနေ (၂) မိုင်ခွဲလောက်ဝေးတဲ့ ကျောက်ထပ်ကြီးဘုရားကို ခရီးဆက်မှာပါ...ပထမဆုံးအနေနဲ့ ကျောက်ဆီယိုဘုရားကို ဝင်ရောက်ဖူးမြော်မယ်။ ကျောက်ဆီယိုဘုရားလို့ခေါ်ဆိုတာကလည်း ဟိုးအရင်တုန်းက စေတီရဲ့အောက်မှာရှိတဲ့ကျောက်တုန်းကနေ ဆီလိုမျိုးအရည်တွေဆိမ့်ထွက်တဲ့အတွက် ကျောက်ဆီယိုဘုရားလို့ခေါ်ကြတာပဲဖြစ်ပါတယ်။ ဗောဓိတစ်ထောင်ဘုရားမှာလည်း ဘုရားဝင်ဖူးမယ်။ ပြီးရင်တော့ ကျောက်ထပ်တစ်ရာဘုရားကို သွားရောက်ဖူးမြော်မှာဖြစ်ပြီး ကျောက်ထပ်တစ်ရာဘုရားမှာဆိုရင် ကျောက်တုံးကြီး၊ ကျောက်တုံးငယ်တွေပေါ်မှာ စေတီငယ်တွေကိုတင်ထားပြီး ဖူးမြော်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ကျောက်လှုပ်စေတီကို သွားရောက်ဖူးမြော်မယ်။ ကျောက်ထပ်ကြီးဘုရားကိုတော့ ကြီးမားတဲ့ကျောက်တုံးကြီး (၂) တုံးပေါ်မှာ စေတီ (၂) ဆူကို တည်ထားကိုးကွယ်ထားတာပဲဖြစ်ပါတယ်။ ထူးခြားတာတခုက ဘုရားကို အလှူငွေတို့ ရွှေသင်္ကန်းတို့ကပ်လှူမယ်ဆိုရင် ကြိမ်ကြိုးလေးတွေပေါ်ကနေ ကြိုးဝဇ္ဇာတွေက ကပ်လှူပေးတာပဲဖြစ်ပါတယ်။ ကျောက်ထပ်ကြီးဘုရားကို ဖူးပြီးရင်တော့ ညောင်ညိုရိပ်ထမင်းဆိုင်မှာ နေ့လယ်စာကိုသုံးဆောင်မယ်။ ပြီးရင်တော့ ခေါင်းဆေးကန်ကိုသွားမယ်။ ခေါင်းဆေးကန်ကို သွားတဲ့လမ်းတလျှောက်မှာဆိုရင်တော့ စိမ်းလန်းစိုပြေနေပြီး (၃) နာရီလောက်လမ်းလျှောက်ပြီးရင်တော့ ခေါင်းဆေးကန်ကိုရောက်မှာပဲဖြစ်ပါတယ်။ ခေါင်းဆေးကန်ဟာဆိုရင် တကယ်ကိုအေးချမ်းသာယာပြီး ရေတွေကလည်းကြည်လင်အေးမြနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပါဦး...

Komentáře • 2

  • @makhinchowin1793
    @makhinchowin1793 Před rokem +1

    မဂ်လာပါ
    ကျိုက်ထီးရိုးဘုရားဖူးရောက်ခဲ့ဘူးပါတယ်
    ဒါပေမဲ့အဲဒီနေရာတွေမရောက်ဖြစ်ခဲ့ဘူး
    ကြည့်ရတာအလွန်အကျိုးကျေးဇူးများလှပါတယ်

  • @Ggkkjddujejsjskkdsjss75542

    Bya bya nat s taw thar tarzan