ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ အပိုင်း (၉)

Sdílet
Vložit
  • čas přidán 28. 10. 2020
  • အပိုင်း(၉)၏မေးခွန်းများ -
    (၄၆) ဘာသာမတူတဲ့သူနှစ်ယောက် ဥပမာ သူနှင့်သူ့အမျိုးသမီး ယောကျာ်းဖြစ်သူက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လို့ သေဆုံးရင် ၃၁ဘုံမှာကျင်လည်ရမယ်လို့ ယုံကြည်ထားပြီး မိန်းမဖြစ်သူ ခရစ်ယာန်ဘာသာဝင်က သေဆုံးရင် ခရစ်တော်မှာ ထာဝရအိပ်စက်ရမယ်လို့ သူတို့အနေနဲ့ အပေါ်ယံ နားလည်ထားပါတယ်။
    (က) ဘာသာမတူတဲ့သူနှစ်ယောက်အတွက် နောက်ဘဝမှာ ပြန်ဆုံနိုင်ခွင့်ရှိပါမလား။
    (ခ) နှစ်ဘာသာလုံးကိုယုံကြည်တဲ့သူဆိုရင်ရော သေရင်ဘယ်သွားရပါမလဲ။
    (၄၇) မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်အချိူးအစားကို အနီးစပ်ဆုံးသိလိုပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းပြုသူတိုင်းကို ဆံပင်၊ မုတ်ဆိတ်၊ ကျင်စွယ် စသည်တို့ကို ပယ်ခိုင်းပြီးတော့ ဘုရားရှင်ကိုယ်တော်တိုင်က ဘာကြောင့်ဆံပင်များထားရှိတာပါလဲ။
    (၄၈) ဆေးရုံတွေမှာလူနာတစ်ချို့ ပြန်ကောင်းဖို့အခြေအနေလုံးဝမရှိတော့ရင် မော်ဖင်းကဲ့သို့ မှိန်းဆေးမျိုးပေးပြီး အသက်ထွက်စေလျှက်ရှိပါတယ်။ သေမယ့်ဆဲဆဲ စုတိစိတ်ကို မိန်းမောမေ့မူးစေတဲ့ဆေးနဲ့ဆိုရင် သေသူဟာ မောဟစိတ်နဲ့အပ္ပါယ်ဘုံကို သွားရမလိုဖြစ်နေပါတယ်။ အဲ့ဒါမှန်ပါသလားအရှင်ဘုရား။
    (၄၉) သေခါနီးစိတ်မှာဖြစ်တဲ့ ကုသိုလ်စိတ်အကုသိုလ်စိတ်တွေဟာ နောက်ဘဝအတွက် ဘယ်လောက်ထိအရေးပါပါသလဲ အရှင်ဘုရား။
    (၅၀) လူတစ်ယောက်ရဲ့ နောက်ဘဝ ကောင်းခြင်း ၊ ဆိုးခြင်းဆိုတာကို နောက်ဆုံးသေခါနီး အချိန်လေးနှင့် တိုင်းတာ တာဟာ မှန်ကန်မူရှိပါသလား။ ဥပမာ တစ်သက်လုံးဆိုးလာပြီး နောက်ဆုံးသေခါနီး အချိန်မှာ စိတ်ထားတတ်လိုက်တာနဲ့ ကောင်းတဲ့ဘုံကို ရောက်နိုင်ပါသလား။
    (၅၁) ဒါနပြုလျှင်ချမ်းသာမည်ဟုအယူရှိပါသည်။ ကမ္ဘာ့မှတ်တမ်းများကိုကြည့်လျှင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ထိပ်တန်းအလှူရှင် စာရင်းဝင်နိုင်ငံဖြစ်ပါသည်။ မြန်မာလူမျိုးများအနေဖြင့် ဒါနပြုကြသော်လည်း အများစုက ရုပ်ဝတ္ထုအားဖြင့်ဆင်းရဲကြပါသည်။ အလှူတန်းလုပ်ပါလျှက်နှင့် မြန်မာလူမျိုးများဆင်းရဲနေရခြင်းမှာ အဘယ်ကြောင့်ပါနည်း။
    (၅၂) အနောက်နိုင်ငံသားတွေဟာ ဘုရားလောင်းဖြစ်နိုင်ပါသလား။ ဗုဒ္ဓဘာသာမထွန်းကားတဲ့ အနောက်နိုင်ငံတွေဟာ ဘာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်နေရသလဲ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေဟာဟာ လောကီရေးမှာ ထိပ်တန်းမဖြစ်တာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာအစစ်အမှန်ကို ကိုးကွယ်ရင် နိုင်ငံတိုးတက်ရေးအတွက် အခက်အခဲ အတားအဆီး ဖြစ်နေပါသလား ။

Komentáře • 1

  • @hantharkyaw1433
    @hantharkyaw1433 Před 9 měsíci

    စာအုပ်ဝယ်ချင်တယ် ဘယ်မှာရနိုင်မလဲ