ဒေါ်အောင်ဆန်းစုကြည်ဘက်က တောက်လျောက်ရပ်တည်ခဲ့တဲ့ ကိုမြအေး

Sdílet
Vložit
  • čas přidán 19. 03. 2022
  • (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲမှာ နိုင်ငံရေးခံယူချက်နဲ့ သဘောတရား အခိုင်မာဆုံးတယောက်ကိုပြပါဆိုရင် ကိုမြအေးလို့ပြောရင် မှားမယ်မထင်ပါဘူး။
    သူဟာ မွတ်စလင်တဦးဖြစ်ပေသော်လည်းပဲ အင်မတန် ထိလွယ်ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေးကိစ္စတွေကို ဘေးဖယ်ဘေးချိတ်ထားနိုင်တဲ့ ချီးကျူးဖွယ်ရာ နိုင်ငံရေးသမားတယောက်ဖြစ်ပါတယ်။
    ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေပေါ်လာရင် ကြားဝင်စေ့စပ်ပေးနိုင်သော၊ ထိန်းသိမ်းဆောင်ရွက်ပေးနိုင်သောသူတဦးလည်းဖြစ်ပါတယ်။
    ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ မသီတာထွေး သေဆုံးမှုက အစပြုခဲ့တဲ့ လူမျိုးရေးပြဿနာ ရန်ကုန်ကိုရောက်လာတော့ ဆူးလေစေတီအနီးက ဗလီမှာ မ ွတ်စလင်တွေစုဝေးဆန္ဒပြခဲ့ကြပါတယ်။ အဲဒီမှာ ကိုမြအေးကိုယ်တိုင်ရောက်လာပြီး အခြေအနေတွေ ပိုမိုရှုပ်ထွေးမသွားစေရေးအတွက် မွတ်စလင်တွေကို ဖျောင်းဖြပြောဆိုနိုင်ခဲ့ပါတယ်။
    သူဟာ ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီမျှရေးကို ဦးထိပ်ထားသူဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတပ်ဦးဖြစ်တဲ့ NLD ပါတီနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က တောက်လျောက် တသားတည်းရပ်တ်ခဲ့သူဖြစ်တာကို တွေ့ရပါတယ်။
    ၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ်က လူမျိုးရေးပြဿနာကို NLD အစိုးရကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဝေဖန်ခံရချိန်တွေမှာတောင် သူဟာ အဓိကနဲ့ သာမညကို ရှင်းရှင်းလင်း ခွဲခြားသိမြင်ပြီး ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာ ဒီအင်တာဗျူးမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
    လက်ရှိမှာတော့ ကိုမြအေးဟာ ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးသမားဘဝကို ဖြတ်သန်းနေရလေပြန်တယ်။
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရွေးကောက်ခံ NLD အစိုးရကို စစ်တပ်ကဖြုတ်ချပြီး အာဏာရယူခဲ့တဲ့ဖြစ်စဉ်နဲ့တဆက်တည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရသူတွေအနက် ကိုမြအေးလည်းပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လ (၁၀) ရက်နေ့ သူရဲ့ ၅၆ နှစ်မြောက်မွေးနေ့မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။
    သူ့ရဲ့ ထောင်တွင်းစကားကတော့ "ကျနော်ဟာ တိုင်းပြည်အတွက်အလုပ်လုပ်လာတယ်။ ပြည်သူလူထုဆန္ဒကို ကျနော်တို့ဦးထိပ်ထားတယ်။တိုင်းပြည်ကောင်းစေချင်လို့ အလုပ်လုပ်တယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက်ကြမ်းတမ်းတဲ့လမ်းတွေ လျှောက်ရတာ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်လိုပဲစီရင်စီရင် ခံယူချက် ရပ်တည်ချက်ယိမ်းယိုင်နေမှာ မဟုတ်ဘူး။ မြန်မာပြည်ငြိမ်းချမ်းမှု ဒီမိုကရေစီရှင်သန်ဖို့ ပြည်သူ့ဘဝအမောတွေကြားထဲက လွတ်မြောက်ဖို့ ၈၈ အားလုံးရဲ့တာဝန်ဖြစ်တယ်။
    ဒါကြောင့် အမိန့်ချခြင်းဟာ မွေးနေ့လည်းဖြစ်တဲ့အတွက် မွေးနေ့လက်ဆောင်လို့ပဲသဘောထားတယ်။"
    (19-Mar-2018 က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးဖြစ်သည်။)

Komentáře • 14

  • @zmmh9035
    @zmmh9035 Před rokem +1

    ကိုမြ​အေး ​ဘေးကင်းပါ​စေ ကျန်းမာပါ​စေအမြန်ဆုံး လွတ်​မြောက်ပါ​စေ

  • @phyuhninthet-xd3wv
    @phyuhninthet-xd3wv Před 2 měsíci

    မြအေး..ဗိုင်းရပ်ကောင်

  • @wintwarwarhtunwarwar9830

    အမေအောင်ဆန်းမရှိလို့မရပါနိုင်ငံတကာနဲ့ဆက်ဆံပြီးနိုင်ငံပြန်လည်ထူ​ေထောင်ပြီးအကောင်းဆုံးနိုင်ငံကိုပြန်လည်ပတ်နိုင်မှာပါ

  • @user-du5gb8ht6u
    @user-du5gb8ht6u Před 5 měsíci

    အောင်ဆန်းစုကြည်မကောင်းလို.ဒိလိုဖြစ်တာ

  • @tknyunt1844
    @tknyunt1844 Před rokem

    ဖန်ခင်လေ😂

  • @mgkyaw7105
    @mgkyaw7105 Před rokem +1

    ဒေါ်စုကောင်းခဲ့တာဘာရှိခဲ့လဲ..

    • @moewai1236
      @moewai1236 Před 4 měsíci

      ဘာကောင်းခဲ့မင်းမသိဘူးလား။ထမင်းတော့စားနေတယ်မလား

  • @user-iy7jx8tb4b
    @user-iy7jx8tb4b Před 3 měsíci

    မြန်မာနိုင်ငံ မှာ ခေါင်းဆောင်ကောင်း မပေါ် သေးပါ ။

  • @ngelay7128
    @ngelay7128 Před 11 měsíci

    ခင်ဗျားထောက်ခံတာ၊မထောက်ခံတာ ခင်ဗျားလွတ်လပ်ခွင့်ပါ။ နိုင်ငံကိုတစ်ကယ်ချစ်တယ်ဆိုရင် စေတနာမှန်ဖို့လိုတယ်လိုထင်တယ်။

  • @dawzinmar14
    @dawzinmar14 Před rokem

    ကို့လူတွေမလုပ်သင့်တာလုပ်တာတွေလမ်းမှန်ပြပါ

  • @sailwin3561
    @sailwin3561 Před rokem

    စုကြည်နဲ့မြအေးကအမျိူးတူ ဘာသာတူတွေဘဲလေ..ဝက်မစား
    တွေမူဆလင်..တွေ..ပေါင်းဖက်တွေ့ကြမှာဘဲ..အံဩစရာမဟာတ်ပါဘူး

    • @thetmaung3068
      @thetmaung3068 Před rokem +1

      မင်းဘာမှလည်း အခြေခံမရှိပါလားစိုင်းလွင်ရာ

    • @sailwin3561
      @sailwin3561 Před rokem

      @@thetmaung3068ဒီမှာ ထက်အောင်.. မူဆလင်ချင်းဗူးတူပုလင်းဆို့သည့်အကြောင်းပြောတာ..ဘာ အခြေခံ တွေရှိရသလဲ လင်းစမ်းပါဦး အာပြဲလေကျယ်ဖင်ပွရ
      ဖုန်းထဲမှာ မတောက်တခေါက်အာလူးပေးနေသည့်ကောင်မင်းက..ဘာအမြင်တွေများကြီးကြီးကျယ်ကျယ်ရှိနေလို့လဲကွ...😆😅😂😄 တွေ့နေပြီ😂😆😄