“မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုတွေကို အရေးယူဖို့ လုံခြုံရေးကောင်စီမှာ တင်ပြခဲ့”

Sdílet
Vložit
  • čas přidán 4. 03. 2021
  • “မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုတွေကို အရေးယူဖို့ လုံခြုံရေးကောင်စီမှာ တင်ပြခဲ့”
    ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ်က သောကြာနေ့မနက်ပိုင်းမှာ တံခါးပိတ်ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာက “နိုင်ငံ့ဝန်ထမ်းတွေအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးဟာ တိုင်းပြည် ဒီမိုကရေစီတိုးတက်မှုကို ကာကွယ်နေကြတဲ့ တကယ့်သူရဲကောင်းတွေ”ပါလို့ ပြောဆိုခဲ့ပြီး ကုလသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံတွေအပေါ်ထားတဲ့ မြန်မာတို့ရဲ့ ယုံကြည်ကိုးစားမှုက ကျဆင်းလာနေပြီလို့ ပြောခဲ့တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောဆိုခဲ့ပါတယ်။
    “သူမ (ခရစ္စတင်း ဘာဂနာ)က မြန်မာပြည်ကိစ္စ ကောင်စီအဖွဲ့ဝင်တွေကြားထဲ ညီညွတ်မှုက အရင်တုန်းကထက် ပိုပြီဂလိုအပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။ အထူးကိုယ်စားလှယ် အလေးပေးပြောခဲ့တာက မြန်မာပြည်မှာ ဒီမိုကရေစီပြန်လည်အသက်ဝင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့ လုံခြုံရေးကောင်စီအနေနဲ့ အချိန်နဲ့တပြေးညီ မြန်မြန်နဲ့အားကောင်းကောင်း လုပ်ရမယ်လို့ ဆိုခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့စည်းကမ်းတွေကို အကြိမ်ကြိမ် တန်ဖိုးမထားတဲ့အပြင် လျစ်လျူရှုနေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို ရှုတ်ချရမယ်၊ အရင်တုန်းကရော အခုရော မြန်မာစစ်တပ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အပြစ်မပေးဘဲနေလို့မဖြစ်ဘူးဆိုတာ ရှင်းလင်းအောင်လုပ်ရမယ်၊ အတိတ်တုန်းကရော အခုရော လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေတဲ့ လူသတ်သမားတွေကို နိုင်ငံတကာယန္တရားတွေကနေတစ်ဆင် တာဝန်ခံမှုရှိစေရမယ်လို့ သူမက တင်ပြသွားခဲ့ပါတယ်”
    ===
    လွတ်လပ်သောသတင်းမီဒီယာအဖြစ် ရပ်တည်နေရမှုသည် မြန်မာပြည်သူသန်းပေါင်းများစွာ အသိအမှတ်ပြုထောက်ခံအားပေးမှုအပေါ်တွင်သာ လုံးဝမူတည်နေပါသည်။ ကူညီပံ့ပိုးလိုပါက အောက်ပါလင့်ကိုနှိပ်ပြီး ကူညီလှူဒါန်းနိုင်ပါသည်။
    www.gofundme.c...

Komentáře •