ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့SSPP/SSA နယ်မြေ အငြင်းပွားမှု ဖြစ်ပွား

Sdílet
Vložit
  • čas přidán 2. 06. 2024
  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ FPNCC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ တအောန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်း ပြည်တပ်မတော် SSPP/SSA တို့ နယ်မြေ အငြင်းပွားမှုများဖြစ်ပေါ်နေကြောင်း သိရပါတယ်။
    လတ်တလောအခြေအနေမှာ TNLA နဲ့ SSPP တို့အကြား နယ်မြေအငြင်းပွားမှုများကြောင့် နှစ်ဖက်တင်းမာမှုများဖြစ်ပေါ် နေကြောင်း SSPP/SSA အဖွဲ့က မေ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA၊ TNLA၊ AA တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကွတ်ခိုင်မြို့အပါအဝင် မြို့ပေါင်း (၁၀)ခုထက်မနည်းကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
    လောလောဆယ် ၂၀၂၃ ခု ဒီဇင်ဘာက TNLA က သိမ်းယူလိုက်တဲ့ နမ့်ခမ်းမြို့ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်တွေ အကြားမှာ မပြေလည်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က နမ့်ခမ်းမြို့နယ်ရှိ SSPP/SSA မြောက်ပိုင်းတပ်တွေကို TNLA က မူဆယ်ဘက်ကို ပြောင်းရွှေ့စေခဲ့ပါတယ်။
    ဒီလိုပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီးမှ ပြောင်းရွှေ့တာဖြစ်တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်တဲ့အပေါ် SSPP / SSA မြောက်ပိုင်းကတော့ မဟုတ်မှန်ကြောင်း ပြောကြားထားပါတယ်။
    မဟာမိတ် ကျင့်ဝတ်မဲ့စွာ နိုင်ငံရေးအသားစီးရလိုမှု၊ လူမျိုး‌ရေးခွဲခြားဆက်ဆံလိုမှု အခြေခံဖြင့် ခွင့်လွှတ် သည်းခံနိုင်စွမ်းထက် ဘောင်ကျော်ပြီး ပြုမှုပြောဆိုတဲ့ လုပ်ရပ် မှန်သမျှကို မလိုလားအပ်တဲ့ စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်တဲ့ အတွက် SSPP/SSA မှ လုံးဝ ကန့်ကွက်ရှုချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    အလားတူ ဇန်နဝါရီလ အတွင်းကလည်း TNLA သိမ်းပိုက်ထားတဲ့ နမ့်ခမ်းမြို့နယ်ထဲသို့ ညီနောင်မဟာမိတ်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) အနေနဲ့ တပ်သားစုဆောင်းရေး ကိစ္စအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေး စတဲ့ ကိစ္စများကို ဆက်လက်မလုပ် ဆောင်ရန် TNLA မှ အထူး မေတ္တာရပ်ခံကြောင်း ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် စာပေးပို့ခဲ့တယ်လို့သိရပါတယ်။
    လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်အတွင်း စစ်ကောင်စီတပ်နဲ့ MNDAA၊ TNLA၊ AA တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲထားပြီး ၎င်းလက်နက်ကိုင်အဖွဲ့တွေဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေကြောင်းသိရပါတယ်။
    TNLA နဲ့ SSPP တို့ဟာ စစ်ရေးမဟာမိတ်များဖြစ်ကြပြီး လက်နက်ကိုင်တပ်များ စုပေါင်းထားတဲ့ ပြည်ထောင်စု နိုင်ငံ ရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ FPNCC အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။
    FPNCC ကို “ဝ”လက်နက်ကိုင်အဖွဲ့ UWSA က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မဟာမိတ်လက်နက်ကိုင်တွေဖြစ်တဲ့ UWSA၊ MNDAA၊ TNLA၊ AA၊ KIA၊ SSPP၊ NDAA တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
    ရှမ်းမြောက်ဒေသအတွင်းမှာ KIA ကချင်၊ MNDAA ကိုးကန့်၊ TNLA တအာန်း(ပလောင်)နဲ့ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့တွေ အဓိက လှုပ်ရှားနေတာဖြစ်ပါတယ်။
    #PoliticalNews
    #Mizzima
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 28

  • @user-fz9nl8yg8k
    @user-fz9nl8yg8k Před měsícem +5

    Ssppကရှမ်းပြည်မှာအရှက်ကင်းမဲ့ဆုံးလက်နက်ကိုင်အဖွဲဘဲ

  • @user-sj9zl4uu6r
    @user-sj9zl4uu6r Před měsícem +2

    ရှမ်းပြည်ကျေးဇူးကန်းပ​လောင်လေ
    ရှမ်းပြည်လာလာတောင်းတဲ့
    သူတောင်းစား ဝ လေ

  • @user-oh9bu2ej5g
    @user-oh9bu2ej5g Před měsícem +1

    ကြာတယ်
    ဗျင်းပစ်လိုက်
    ဆော်ဟေ့

  • @naingkitt9630
    @naingkitt9630 Před měsícem +2

    RCSSလိုပဲ မောင်းထုတ်ပစ်လိုက်မယ် အသက်တွေ ပေးဆပ်ပီး သိမ်းထားတာ မင်းတို့ပေးဆပ်ပီးတိုက်ယူလေ သီပေါပဲ အရင်ရအောင် ယူကြည့်ပါဦး

  • @kjiebbo990
    @kjiebbo990 Před měsícem +6

    Sspp/ssaကဘာသွားရူပ်နေတာလဲသူများတိုက်ထားတာကိုအချောင်လိုချင်နေတာ

    • @user-bl3us5zk8n
      @user-bl3us5zk8n Před měsícem

      မင်းကို ဘယ်သူတိုက်ခိုင်းလဲ နယ်ပြည်တော် ပုဂံ ကိုသွားတိုက်ပြီး ပလောင်မြေပါလို့ သွားပြောကြည့်လေ

    • @alexcylin5678
      @alexcylin5678 Před měsícem

      ငါလိုးမသား ပလောင်က ရှမ်းမြောက်မှာနေတာကွ တိုက်တုန်းကမပါဘဲ ခုမှအချောင်လိုချင်လို့လီးပဲရမယ် စောက်ဦးနှောက်ကမပြည့်ဘူး ရန်ကုန်သွားရအောင်က က်ုနေတဲ့နေရာမဟုတ်ဘူး ရှမ်းမြောက်က ပလောင်တွေနေတာ တိုက်ခွင့်သိမ်းခွင့်ရှိတယ်

    • @alexcylin5678
      @alexcylin5678 Před měsícem

      ပုဂံနေပြည်တော်တွေပြောမနေနဲ့ ပလောင်က ရှမ်းမြောက်မှာနေတာ ကိုတိုက်ပြီးကိုယ်သိမ်းတာ ကိုယ်ပိုင်တယ် အချောင်နေအချောင်စားရှမ်းတွေသာ စောက်ရှက်မရှိတာ စောက်ဦးနှောက်ကပြောတာလည်းနားလည်ရဲ့လားမသိဘူး

    • @user-bh1yv2gf6l
      @user-bh1yv2gf6l Před měsícem

      မတိုက်ခင်ကတဲ့ နယ်မြေရပီးသား ရှမ်းတွေက

    • @kjiebbo990
      @kjiebbo990 Před měsícem

      @@user-bh1yv2gf6l သူများတိုက်ပြီးနယ်ကိုလိုက်မလုနဲ့လေမအလပေးတဲ့နေရာလေးမှာပဲနေလေပေးတာယူကျွေးတာစားပေါ့

  • @CcTt-fo7qt
    @CcTt-fo7qt Před měsícem

    ❤❤❤❤❤

  • @user-cg8mn3br1w
    @user-cg8mn3br1w Před měsícem

    Sspp မွေး‌တဲ့ မီး sspp မွေးတဲ့ sspp ပြန်ခံရပီ တရားပါတယ်လေ

  • @yulayy2708
    @yulayy2708 Před měsícem +4

    အသက်ပေးပီးတိုက်ယူထားတဲ့သူတွေကသာ ဦးစားပေးလို့မြင်မိပါတယ်

  • @bxjdhfjfjbcjfbfirnf
    @bxjdhfjfjbcjfbfirnf Před 21 dnem

    ငါတိုနိင်ပီဆို့တ့ဲပဒတ်တွေနေခွင့်ကော့ရမလားဟ

  • @bxjdhfjfjbcjfbfirnf
    @bxjdhfjfjbcjfbfirnf Před 21 dnem

    ဖရယ်စစ်ဦးစီးချုပ်ရီမွန်ကမတားဘူးလား

  • @user-ne3rt6jh8g
    @user-ne3rt6jh8g Před měsícem +6

    မင်းကမီးပူခံပီးအသားကင်နေတဲ.အချိန်ငါကတော.အရိပ်ထဲမှာမိန်းမလိုအချောင်နေလိုက်မယ်ပီးရင်မင်းအသားကင်ကိုငါကကောက်ကျစ်ပီးယူစားလိုက်မယ်ပေါ.အချောင်သမားတွေရဲ.အကျင်.

  • @user-xk1gp1ql7s
    @user-xk1gp1ql7s Před měsícem

    ပိုင်ဆိုင်မှုဆိုတာ သမိုင်းကြောင်းအရသာ ဖြစ်ပေါ်လာရတာပါ။
    အခုက သမိုင်းအသစ်ရေးချင်သူတွေကြောင့် ၊ စကားပြောလာရပြီ မဟုတ်လား။Land Lord က ရှမ်းတွေနဲ့ ကချင် တွေပါ။

    • @linhtikesan3608
      @linhtikesan3608 Před měsícem +1

      စစ်ခွေးတွေသိမ်းပိုက်ထားတုန်းကရော ရှမ်းအဖွဲကဘာလုပ်နေတာလဲ😅

    • @user-xk1gp1ql7s
      @user-xk1gp1ql7s Před měsícem

      @@linhtikesan3608 အချိန်တန်ရင် ပိုင်ရှင်ကို ပြန်ပေးရစမြဲပါ၊ အဂ်လိပ် ၊ ဂျပန်တွေလည်း လွန်သွားကြပြီ၊ အလားတူ စကစလည်း တစ်နေ့ကြရင်ပြန်ပေးရမှာသိလို့ ရသလောက်နှိုက်စား ခိုးစား လုယူနေကြတာပေါ့။ တယုတ်တပည့်ခံတဲ့
      ဘယ်နိုင်ငံမှ မကောင်းစားဘူးဆိုတာ မျက်မြင်ဖြစ်သလို ၊ ကွန်မြူနစ်တွေလည်း အစပိုင်းက ဟုတ်မလိုလိုနဲ့ ရှမ်းပြည်ကို အခြေပြု ထင်သလိုလုပ်ခဲ့ကြတယ် ၊ ဒီနေ့ ဘယ်ရောက်သွားပြီလဲ။ဒီလောက်အင်အားကြီးပါတယ်ဆိုတဲ့ ကွန်မြူနစ်၊ အစအနတောင် မရှိကြတော့ပါဘူး။ ဒီလိုပါဘဲ အငှားဟာ
      အငှားလိုဘဲ ပျောက်သွားကြတယ်၊ ခုလည်း
      အငှားတွေ ဘဝမဲ့နေကြပြန်ပါပြီ။

  • @Yairmin-rh9ku
    @Yairmin-rh9ku Před měsícem +2

    ရှမ်းကအခေိာင်လိုချင်တာပဲ
    နယ်မြေတွေအများကြီးရှမ်းပြည့်မှာ
    စခလက်ထဲကတိုက်ယူလေ
    လိခီုမိန်ပန်လုံဆို
    ပင်လုံစာချုပ်ကြီးမင်းတို့လက်တကမ်းမှာလေ
    တိုက်ယူလေ
    ရှမ်းလက်နက်ကိုင်တွေဟာဘိန်းဓါးမြအဆင့်ပါလေ

  • @MgOo-dz3zf
    @MgOo-dz3zf Před měsícem +4

    Tnlaသိမ်းထားတယ်ဆိုတော့ssppဘာလို့အချောင်လိုချင်တာလဲစဉ်းစားပါအုံး

  • @MgOo-dz3zf
    @MgOo-dz3zf Před měsícem +3

    Tnlaသိမ်းထားတယ်ဆိုတော့ssppဘာလို့အချောင်လိုချင်တာလဲစဉ်းစားပါအုံး

    • @RealmeCy-th3yp
      @RealmeCy-th3yp Před měsícem

      တိုက်တုန်းကssppမပါဘူးလို့ပြောနိုင်ဘူးလေ

  • @MgOo-dz3zf
    @MgOo-dz3zf Před měsícem +1

    Tnlaသိမ်းထားတယ်ဆိုတော့ssppဘာလို့အချောင်လိုချင်တာလဲစဉ်းစားပါအုံး

  • @user-sg1le2ye9j
    @user-sg1le2ye9j Před měsícem +1

    ပြည်နယ်ကိုအစိပ်စိပ်အမွှာမွှာပုံဖေါ်ခြင်းဟာနိူင်ငံပြိုကွဲခြင်းရဲ့လမ်းစလို့မြင်တယ်

  • @ulaygyi3652
    @ulaygyi3652 Před měsícem

    ပြေလည်အောင်အမြန်လုပ်ကြပါတော်လှန်ရေးကာလအချိန်ကြာပါတယ်