A (6) စင်ကြယ်သော မနော နှင့် ဉာဏ်ဖြစ်စေသော အမေးအဖြေ

Sdílet
Vložit
  • čas přidán 25. 07. 2024
  • ဆရာ ဦးမောင်မောင် (ပျဉ်းမနား) ၏ စင်ကြယ်သောမနော နှင့်ဉာဏ်ဖြစ်စေသော အမေးအဖြေ
    A - စင်‌ကြယ်သော မနော အစ
    B - စင်‌ကြယ်သော မနော အလယ်
    C - စင်‌ကြယ်သော မနော အ‌ဆုံး
    D - ဝိမုတ္တိရသ ဖြင့် နေထိုင်နည်း
    စွန်းလွန်း ဆရာတော်ဘုရားကြီး
    ====================
    ပညတ် ပရမတ် ကွဲသည်မှတ်
    သူမြတ် မဆိုသာ။
    ပညတ် ပရမတ် တွဲသည်မှတ်
    သူမြတ် မဆိုသာ။
    ပညတ် ပရမတ် နှစ်ခုစပ်
    ဆက်စပ် သိမှ မြတ်သူသာ။
    မိုးကုတ် ဆရာတော်ဘုရားကြီး
    ===================
    လာပါ ရှုပါလို့ ရုပ်၊နာမ် ကလည်း ခေါ်တယ်။
    နိဗ္ဗာန် ကလည်းခေါ်တယ်။ ရုပ်၊နာမ်နှင့်နိဗ္ဗာန်ကို
    အာရုံလို့သိမယ်ဆိုရင်။ အာရမ္မဏိကသည်
    မဂ်ဥာဏ်ဖြစ်ပါတယ်။နိဗ္ဗာန်သွားတဲ့ရထား‌
    ပေါ်ရောက်ပါတယ်။
    (အဖုံးနှစ်ချပ်ဖွင့်မှ နိဗ္ဗာန်မြင်)
    ဗုဒ္ဓဝါဒ
    =====
    ဗုဒ္ဓဝါဒသည် အတ္တဝါဒတွေ ကြားထဲတွင် အနတ္တဝါဒပါ ဟုလက်ညှိုးတစ်ချောင်း တည်းထောင်ပြိး ဘုရားဝါဒကိုကြေညာလျက် ဘုရားပွင့်လာခဲ့ပါတယ်။
    အနတ္တဟု မှတ်ရုံ၊ ပွားရုံ မျှဖြင့် အဓိပ္ပါယ် ကိုယ်ပိုင်ဉာဏ် မဖြစ်က ဘာလွတ်မြောက်မှုမှ ရမည်မဟုတ်ပါ။ အနတ္တလက္ခဏာကို ကိုယ်ပိုင်ဉာဏ်ဖြစ်ပါက ဒုက္ခသစ္စ့ာကို ပိုင်းခြား ပြီးသား ဖြစ်ပါလိမ့်မည်။အာရုံ ဉပါဒါန်နက္ခန္ဓာ ကိုတွေ့မြင်လျက် သက္ကာယကိုသိပြီး ဒိဌိပြုတ်ခွင့် ရပါလိမ့်မည်။
    အနတ္တလက္ခဏာ ၅ ချက်
    ================
    ၁။ပရတော
    အရှုဉာဏ်သည် အတွင်းခန္ဓာငါးပါး တကယ်ဖြစ်ပျက်နေ သောတရား။ အရှုခံရုပ်နာမ်တို့သည် ဖြစ်ပြီးပျက်ပြီးသောတရား အာရုံရုပ်နာမ်တို့ ဖြစ်ကြပါသည်။
    ၂။ရိတ္တတော
    နှိပ်စက်သောတရားများ ဖြစ်ကြပါသည်။ အလံမ္မါယ်
    ဆရာရ့လဲက် နှစ်ဖက်တွင်တဖက်၌ ဖါးပုံနငှ့်
    ကျန်တဖက်၌ ပင့်ကူပုံတူ ရေးဆွဲထားပါသည်။ မြွေသည်ဖါးမြင်ရသော အခါ တကယ်ဖါးထင်၍ စားရတော့ မည်ဟုထင်ပြီးပျော်ပါသည်။ ပင့်ကူပြသောအခါတွင်မူ တကယ်ပင့်ကူထင်ပြီးကြောက်လန့်မှုဖြစ်ပါသည်။ ကြာကြာပြသော အခါကြောက်လန့် မှု လွန်ကဲပြီး မြွေသေပါသည်။ တကယ်တော့ ပင့်ကူအရိပ်ကို အကောင်ထင်ပြီး မြွေသေရှာခြင်း ဖြစ်ပါသည်။
    ကျွန်တော်တို့နှင့် မြွေဘယ်သူက ပိုပြီးမိုက်မဲ ပါသလဲ?
    လူတယောက်ကို ကြည့်မည်ဆိုလျှင် ထိုလူကိုမမြင်နိုင်ပါ။ မှန်ဘီလှုးနှင့်ကြည့်မည်ဆို လျှင်ထိုလူသည် ကြီးလာပါလိမ့်မည်။ လူကတော့မကြီးပါ။ မျက်လုံးပေါ်ကျသော အရိပ်ကသာ ကြီးလာခြင်းဖြစ်သည်။ ထို့ကြောင့်အရိပ်ကိုသာ မြင်ရခြင်း ဖြစ်သည်။ မျက်စိမှိတ်ပြီး ထိုလူကိုအာရုံပြု ကြည့်လျင်လဲအရိပ် ကိုသာမြင်ရပါလိမ့်မည်။ ထို့ကြောင့်မသေ ခင်မြင်ရသည့်တရားတို့ သည်အရိပ်သာ ဖြစ်ပါသည် သေလျှင်လာမည့် ကံကမ္မနမိတ် ကတိနမိတ် တရားတို့သည်လည်း အရိပ်သာဖြစ်ပါသည်။ ထိုအရိပ်တို့သည် အသက်မပါ။ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ကြပါ။ အရင်ကမြင်ရသည် ကလည်းအရိပ်။ ယခုမြင်ရသည် ကလည်းအရိပ်။ သေခါနီးလာမည် ကလည်းအရိပ်ဟု နားလည်နိုင်မည်ဆိုလျှင် ပုဂ္ဂိုလ်သတ္တဝါ အ စဉ်မဟုတ်သည် ကိုသိလျက် အပါယ်သံသရာမှ အစဉ်လွတ်မြောက် ပါလိမ့်မည်။ နိသတ္တနဇီ၀ နပုဂ္ဂလအဓိပ္ပါယ် မှာအရိပ်မှတပါးအခြား အဓိပ္ပါယ်မရပါ။ တကယ်ဖြစ်ပျက် နေသောခန္ဓာသည် ဓာတ်၄ပါး၊ အာကာသ၊ ဝိဉာဏ၊ စေတနာ ပါသည့်အတွက် သတ္တရပါသည်။ အသက်ပါသည့် အတွက်ဇီဝ ရပါသည်။ ထိုရုပ်နာမ်တို့ အစုအပေါင်းကိုပုဂ္ဂိုလ်ဟုခေါ်နိုင်ပါသည်။ အရှုခံရုပ်နာမ် တို့သည် ဖြစ်ပြီး၊ ပျက်ပြီး တရားများ ဖြစ်ကြသဖြင့် ဓာတ်၄ပါးမပါ၊ နိသတ္တတရား၊ နဇီဝတရား၊ နပုဂ္ဂလ တရားများ ဖြစ်ကြပါသည်။ အာရုံရုပ်နာမ် များကို အရှိယူ လျှင် သဿတဒိဌိ။ အရိပ်ကို အကောင်ယူလျှင် သက္ကာယဒိဌိ။ ပါယ်လျှင် တွယ်လျှင် ဉစ္ဆေဒဒိဌိ ဖြစ်ပြီး။ အာရုံတွင် ဉပါဒါနက္ခန္ဓာ၅ပါးပေါ်လာ မည်ဖြစ်သည်။ ထိုခန္ဓာ၅ပါးသည် အန္တဘဝများစွာ မိမိကိုသတ်ခဲ့သူ ဖြစ်သည်။ သူ့ကိုမသိက နောက်ထပ် အဖန်ဖန် အသတ်ခံ ရဦးမည်။ သူ့ကိုသိလျှင် အပါယ်မှအစဉ်ထာဝရ လွတ်မြောက်ပါလိမ့်မည်။
    ၃။အာ ရုံခန္ဓာတို့သည်အချီးနှီး။
    ၄။အာ ရုံခန္ဓာတို့သည် အနှစ်သာရမရှိ။
    ၅။အာ ရုံခန္ဓာတို့သည် ဖြစ်ဆဲလည်းမရှိ၊ ပျက်ဆဲလည်းမရှိ၊
    အစဉ်မရှိကြပေ။
    ထိုကြောင့် တကယ်ဖြစ်ပျက်သည့်ခန္ဓာသည် အတွင်း၊
    အာရုံခန္ဓာသည်အပြင်၊ တကယ်ခန္ဓာသည် အနှိပ်စက်ခံတရား၊ အာရုံခန္ဓာသည် နှိပ်စက်သောတရား၊ အာရုံခန္ဓာသည်အချီးနှီး၊ အနှစ်သာရမရှိသောတရား။ အာရုံခန္ဓာသည်သုည၊ တကယ် ခန္ဓာသည် သုညမဟုတ်ပါ။
    အကြင်သာသနာတော် တွင်မပျက်စီးသော စိတ်ရဲ့လွတ်မြောက် ရာသည် အတ္ထိရှိပါသည်။
    26.8.2015 at 10:58 am (Facebook ပေါ်မှ ဓမ္မမှတ်စုများ)
    မြတ်သောဆရာ.....ဆရာဦးမောင်မောင်

Komentáře • 39

  • @naingnaingmoe6555
    @naingnaingmoe6555 Před 14 dny

    သာဓု သာဓု သာဓု 🙏

  • @wimotetitayarchannel4094
    @wimotetitayarchannel4094  Před 3 lety +14

    ဝိဇ္ဇာ စရဏ
    ========
    သပ္ပူရိသကောင်းနှင့် ဆုံတွေ့၍ သစ္စာတရားကို နားလည်
    ခွင့်ရ မည်ဆိုလျှင် ကိစ္စအားလုံးပြီးပါသည် ဟုဘုရားရှင်
    ဆုံးဖြတ်ခဲ့ပါဲသည်။ ထို့ကြောင့် ဝိဇ္ဇာစရဏ နှစ်ခုစလုံး ပြီးမြောက်နိုင်ပါသည်။
    ဓမ္မစကြာ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သစ္စာတရား ကို သပ္ပူရိသ နှင့်ဆုံတွေ့၍ နားလည်သဘောပေါက် ခွင့်ရမည်ဆိုလျှင် ဝိဇ္ဇာကိစ္စ စရဏ ကိစ္စပြီးဆုံး နိုင်ပါသည်။
    အာရုံဥပါဒါန်နက္ခန္ဓာ ကိုအစဉ်သုညဟု နားလည်ခွင့်ရမည် ဆိုလျှင် ဒုက္ခသစ္စာကို ပိုင်းခြားစရာ စရဏကိစ္စ ပြီးဆုံးပြီဟုသိသော ဉာဏ်သည် ကတဉာဏ်ဖြစ် ပါသည်။။
    လောဘ၊ ဒေါသ၊ မောဟ (သမုဒယသစ္စာ) ထိုက်သောစိတ် တို့သည် ဖြစ်ပြီး ပျက်ပြီး အရှုခံ အာရုံတရားဟု သဘောပေါက်မည်။ အရင်က ရှုလည်း ဖြစ်ပြီး၊ ပျက်ပြီး။ ယခု ရှုလည်း ဖြစ်ပြီး၊ ပျက်ပြီး။ နောင် ရှုလည်း ဖြစ်ပြီး၊ ပျက်ပြီး အစဉ် သုညဟု သိနိုင်လျှင်။ ဖြစ်ဆဲ မရှိ ဟုသိနိုင်လျှင်။ သမုဒယ သစ္စာကို ပါယ်စရာ စရဏကိစ္စ ပြီး ဆုံးတဲ့က တဉာဏ် ကိုရရှိပါလိမ့်မည်။
    ဒုက္ခသစ္စာ၊ သမုဒယသစ္စာ ပါယ်စရာကိစ္စ ပြီးဆုံးလျှင် မဂ္ဂင်ဖေါင်သည် နိဗ္ဗာန်သောင်ကမ်းကို ကပ်သဖြင့် မဂ္ဂင်ဖေါင်ကိုလှော်စရာ စရဏကိစ္စ ပြီးဆုံးပါမည်။
    မဂ်ကို ပွားရမည့် ကိစ္စဉာဏ်နှင့် (စရဏ)သည် ခရီးသွား
    တို့အတွေး ခရီးမဆုံးသေးပါ။ ပွားစရာကိစ္စ ကုန်ဆုံးပြီဟု
    တွေးနိုင်လျှင် ခရီးနားတို့၏ အတွေးဖြစ်ပါသည်။
    ဓမ္မစကြာတွင် ပွားစရာကိစ္စ ကုန်ဆုံးရာသည် ကတံကရဏီယံ ဝေဒနာမဟုတ် ဉာဏ်ဖြင့်သာလျှင် သိနိုင်သော သန္တိလက္ခဏာနိဗ္ဗာန်ချမ်းသာ ဖြစ်ပါသည်။
    ထိုနိဗ္ဗာန်ချမ်းသာကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ခြင်းကို ဖယ်လိုက်လျှင် မည်သည့်ပုဂ္ဂိုလ်မှ သံသရာထဲက နောက်ဆုံး ဇာတိဖြင့် ထွက်ခွင့် မရနိုင်ပါ။
    သောတာပန်၊ သကဒါ၈ါမ်၊ အနာဂါမ် ဘာကြောင့် ဘဝ
    ကျန်နေသေးသလဲ ------?
    သစ္စာလေးပါး အပေါ်တွင် ပိုင်းခြားစရာ ပါယ်စရာ ပွားစရာ
    (စရဏ) ကိစ္စမပြီး ဆုံးသေးလို့ပါ။ ဖေါင်စိးသူတွေဟာ ကမ်းမကပ်ခင် ကမ်းကိုမျှော်ကြပါသည်။ ကမ်းကပ်လျှင်တေ ာ့မျှော်စရာကိစ္စမလိုတော့ပါ။ ပွားစရာကိစ္စ ပြီးဆုံးလျှင် နိဗ္ဗာန်ဆိုသော သောင်ကမ်းပေါ် ရောက်ပြီး မျက်မှောက်ပြုစရာ ကိစ္စပြီးဆုံးပါသည်။ ပွားစရာ၊ ပါယ်စရာ၊ ပိုင်းခြားစရာ၊ မျက်မှောက်ပြုစရာ ကိစ္စ ကုန်ဆုံးပြီဟုသိလျှင် နောက်ဆုံးဇာတိ ဆိုတာ ဘုရားရှင်တိုင်း အာမခံသော ဓမ္မစကြာ တရား ဖြစ်ပါတယ်။
    ကတဉာဏ်ကို ရဟန္တာမှ ရတယ်လို့ မပြောပါနဲ့။ ဘုရားပွင့်သည် ဖြစ်စေ။ မပွင့်သည် ဖြစ်စေ။ လောက(ဥပါဒါန်နက္ခန္ဓာ)သည် အစဉ်သုည ဖြစ်နေလို့ပါဘဲ။
    23.9.2015 at 1025 am (Facebook ပေါ်မှ ဓမ္မမှတ်စုများ)
    မြတ်သောဆရာ.....ဆရာဦးမောင်မောင်

    • @htoohtoo931
      @htoohtoo931 Před 2 lety

      🙏🙏🙏သာဓု သာဓု သာဓု။

    • @kpnamemyanmar6255
      @kpnamemyanmar6255 Před rokem

      🙏🙏🙏

    • @kpnamemyanmar6255
      @kpnamemyanmar6255 Před rokem +2

      ၁၄.၈. ၂၀၂၂တွင်သိရှိ၍ဥာဏ္်ပွင့်ရန်ကြိုးစားနာယူနေပါသည်
      လေ့လာနာယူနေပါတယ်

  • @khinsannwe9152
    @khinsannwe9152 Před 17 dny

    ဓမ္မပါလ စာအုပ်မှ" ငါးသည် စာအုပ်ထဲက ဖတ်ရတဲ့ ရေ ကို ရှာရင်း သေသည် ရေမတွေ့ " ဟု ဖတ်ရစဥ်က နားမလည်ခဲ့။ ခုတော့ ရိပ်မိပါ၏

  • @minchantharlaylay198
    @minchantharlaylay198 Před rokem +4

    🙏🙏🙏သာဓုသာဓုသာဓု

  • @user-km8id7en8k
    @user-km8id7en8k Před 5 měsíci +1

    သာဓုသာဓုသာဓုပါဆရာ

  • @stuartlittlesym1910
    @stuartlittlesym1910 Před 3 lety +2

    Sadhu Sadhu Sadhu.

  • @khinmyintyee4040
    @khinmyintyee4040 Před 2 lety +1

    သာဓုသာဓုသာဓုပါဆရာ
    အစားထိုးစရာမရှိပါ။

  • @Laylay44-jb6mv
    @Laylay44-jb6mv Před měsícem

    သာဓုသာဓုသာဓုပါဘုရား🙏🙏🙏🙏🙏

  • @grackle8950
    @grackle8950 Před 3 lety +3

    ကျေးဇူးကြီးမားလှပါသည်ဆရာ 🙏🙏🙏

  • @pwintphyuhlaing6002
    @pwintphyuhlaing6002 Před 2 lety +1

    ကျေးဇူးကြီးမားလှပါတယ် ဆရာ 🙏🙏🙏

  • @grackle8950
    @grackle8950 Před 3 lety +4

    🙏🙏🙏

  • @kyipyaraung2312
    @kyipyaraung2312 Před 3 lety +2

    သာဓု သာဓု သာဓုပါ

  • @myintsan9271
    @myintsan9271 Před 2 lety +1

    သာဓု သာဓု သာဓုပါ။

  • @ritaling3632
    @ritaling3632 Před 3 lety +1

    သာဓု သာဓု သာဓု

  • @dawwinmyint2615
    @dawwinmyint2615 Před rokem

    .ကျေးဇူးတင်ပါသည်

  • @kpnamemyanmar6255
    @kpnamemyanmar6255 Před 5 měsíci +1

    ❤❤❤

  • @user-qx7fk2qn4c
    @user-qx7fk2qn4c Před 10 měsíci

    သာဓုသာဓုသာဓုပါ🙏🙏🙏

  • @user-zo8me8ih2p
    @user-zo8me8ih2p Před 3 měsíci

    ကျေးဇူးပါဆရာ

  • @myamya485
    @myamya485 Před 3 lety

    သာဓု သာဓု သာဓု ။
    ပညတ်၊ပရမတ်ဆက်စပ်တတ်ရန်ကြိုးစား
    လိုက်နာရပါမည်။

  • @kpnamemyanmar6255
    @kpnamemyanmar6255 Před rokem +1

    🙏

  • @juliepham1555
    @juliepham1555 Před 3 lety

    Therdu Therdu Therdu
    🙏🙏🙏

  • @user-hn5dd1vs3c
    @user-hn5dd1vs3c Před 10 měsíci +3

    အဖွားကြီးတိုင်ပတ်နေပြီ အရိပ်ပါဆိုတာသိပြီးရင်ဘယ်လိုမှမပြောင်းတော့ဘူးအိမ်မက်ထဲတောင်ဥာဏ်ကဖျက်သွားတယ်

  • @utinhlautinhla427
    @utinhlautinhla427 Před 2 měsíci

    သတိသုညမဟုတ် အစဉ်သုည ပညာသုည ဗုဒ္ဓဝါဒ ။ ခဏသုညမဟုတ် ထာဝရသုည ။

  • @utinhlautinhla427
    @utinhlautinhla427 Před 2 měsíci

    အာရုံသုည ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာသိဖို့ ဗုဒ္ဓဝါဒ ။ မရှိတာအရှိထား ဥပါဒါနက္ခန္ဓာ အရိပ်ကို အကောင်ထင် သက္ကာယဒိဋ္ဌိ ။ မြင်ရပြီးသုည ။ သတိရှိရှိ မရှိရှိ သုည ။ ဘုရားဟောတာ ပကတိသုည ။ သဘာဝသုည ။

  • @kyawkolin757
    @kyawkolin757 Před 28 dny

    ဆရာဟောတဲ့အသိကသေခါနီးဓာတ်ကြီးလေးဖောက်ပြန်တဲ့အချိန်ခိုင်မြဲပါ့မလားဆရာ

  • @ashinnyarnadaza6229
    @ashinnyarnadaza6229 Před 5 měsíci

    အပြင်မှာစင်ကြယ်မှ
    ခန္ဓာမှာစင်ကြယ်
    ခန္ဓာစင်ကြယ်မှ
    ညဏ်မှာစင်ကြယ်တယ်
    သီလ သမာဓိ ပညာ
    ရရာရကြောင်းတည်း
    မြောင့်းမြ ဝါးကျောင်း
    ဆရာတော်ကြီး

  • @utinhlautinhla427

    အာရုံတရားတွေပါ ပုဂ္ဂိုလ်သတ္တဝါမဟုတ် သိဖို့သာ
    ဗုဒ္ဓဘာသာ ။ အာရုံ ဥပါဒါနက္ခန္ဓာ မသိဖူး ။ ကမ္မဿ ကာရကော နတ္ထိ ဝိပါကဿစ ဝေဒကော သုဒ္ဓဒမ္မာ ပဝတ္တန္တိ ဧဝေသာ သမ္မာဒဿနာ ။

  • @uminsoe6655
    @uminsoe6655 Před měsícem

    ဆရာပြောလို့ အရိပ်ကိုတွေ့ရပါသည်။ ထာဝရ အရိပ် ပျက်နေတာလို့သိရပါသည်။

  • @utinhlautinhla427
    @utinhlautinhla427 Před 2 měsíci

    အရိပ်ရုပ်နာမ် သတ္တဝါလို့ယူတယ် မသေခင် အပါယ်ကျတယ် ။

  • @dawayemyanu9723
    @dawayemyanu9723 Před rokem +1

    သာဓုသာဓုသာဓုပါဆရာ

  • @sunee7879
    @sunee7879 Před rokem +1

    🙏🙏🙏

  • @khinlinlinoo342
    @khinlinlinoo342 Před 2 lety

    သာဓုသာဓုသာဓုပါရှင်

  • @sunee7879
    @sunee7879 Před 3 měsíci

    🙏🙏🙏

  • @sunee7879
    @sunee7879 Před 11 měsíci

    🙏🙏🙏

  • @Bodhisattva171
    @Bodhisattva171 Před 10 měsíci

    🙏🙏🙏

  • @kpnamemyanmar6255
    @kpnamemyanmar6255 Před rokem

    🙏🙏🙏