မလေးရှား ပီနန်းစတိုင် ပင်လယ်စာကင်တွေ ကောင်းတဲ့ ချောင်းသာ က ပီနန်းငါးကင်ဆိုင်

Sdílet
Vložit
  • čas přidán 2. 03. 2022
  • ချောင်းသာကမ်းခြေက ချောင်းသာလမ်းမကြီးပေါ်မှာ ရှိနေတဲ့ ပီနန်းငါးကင်ဆိုင် ဟာ စားဖိုမှူး ကိုစိုးပိုင် ရဲ့ စားသုံးသူတွေရှေ့တင် ပင်လယ်စာတွေကို လက်တွေ့ချက်ပြလို့ သဘောကျနေကြတဲ့ဆိုင်လေးပါ။ ချောင်းသာမှာ စားဖူးနေကျ ပုံစံတွေနဲ့ တမျိုးတဘာသာကွဲထွက်နေတဲ့ အစားအသောက်ကောင်းလို့ ကမ္ဘာကျော်တဲ့ မလေးရှားနိုင်ငံ ပီနန်းမြို့က ချက်ပြုတ်မှုပုံစံအတိုင်း ပြင်ဆင်ချက်လုပ်ပေးတာဖြစ်လို့ အရသာထူးခြားမှုလေးကို ခံစားကြရပါတယ်။ ဒီ ပီနန်းငါးကင်ဆိုင် ‌က စားဖိုမှူး ကိုစိုးပိုင် ရဲ့ လက်တွေ့ပြင်ဆင်နေပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။
    အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေ
    သီဟလုလင် (Thiha, the Traveller)

Komentáře • 15

  • @ngenge5711
    @ngenge5711 Před 2 lety +1

    😍😍😍

  • @sannylwin1190
    @sannylwin1190 Před rokem +1

    good

  • @ngenge5711
    @ngenge5711 Před 2 lety +1

    👍🏾

  • @KoZaw-ob3sz
    @KoZaw-ob3sz Před 6 měsíci

    စျေးကြီးလား

  • @aungkhinemin1499
    @aungkhinemin1499 Před rokem +1

    ကမ်းခြေမှာ ပင်လယ်စာအရမ်းရှားလို့ထင်တယ် ရန်ကုန်ထက်တောင် ဈေးနှစ်ဆလောက်ကြီးတယ်
    ကမ်းခြေကဆိုင်တွေအားလုံး ဂျင်းတွေ

    • @ThihaLuLin
      @ThihaLuLin  Před rokem

      သူ့လက်ရာလေးက တစ်မျိုးတော့ စားကောင်းတယ်။ ဈေးကတော့ နည်းနည်းများတယ်။ ပင်လယ်နဲ့နီးတိုင်းလည်း ပင်လယ်စာ မလွယ်ဘူးဆိုတာတော့ ကမ်းခြေမြို့တွေ ရောက်တာများလာလေလေ သတိထားမိလာလေပါပဲ။ စက်ရုံတွေရှိတဲ့ မြိတ်လိုမျိုးမှာတော့ ဈေးပေါတယ်။

  • @sawdanial8231
    @sawdanial8231 Před 10 měsíci

    မလေး တရုတ် ချက်ဆို
    စားကောင်းတယ်
    မလေးချက်က မြန်မာ ပါးစပ်နဲ့
    အဆင်မပြေလောက်ဘူး

  • @soemgmgaung3731
    @soemgmgaung3731 Před rokem +1

    အရသာ ဘယ်လိုရှိ

    • @ThihaLuLin
      @ThihaLuLin  Před rokem

      အုန်းနို့လို နို့စိမ်းလို အရသာမျိုးလေးနဲ့
      ရောက်ရင်စားကြည့်ကြည့်လိုက်
      ကိုယ်တွေတော့ သဘောကျတယ်

  • @moethar2132
    @moethar2132 Před měsícem

    ကြော်တာပါပဲ

  • @waigyi5252
    @waigyi5252 Před 10 měsíci

    အဲ့ဆိုင်သိပါတယ် ချောင်းသာရောက်တာ 10ခါမကဘူး သေချာစားကြည့်ပါ ပေးရတဲ့စျေးနဲ့မတန်ပါလို့ပဲ လိုရင်းတိုရှင်းပြောချင်ပါတယ် Review တွေလုပ်ပေးတိုင်း စားရမယ်ဆိုရင်တော့ဖြစ်😂😂

    • @kyawminthu8047
      @kyawminthu8047 Před 3 dny

      အေးလေ ဂဏန်း တစ်ကီလို နှစ်သောင်းခွဲဆိုတော့ သေလိုက်ပါတော့ 😂😂😂
      ရန်ကုန် မန္တလေးလိုမြို့ကြီးတွေမှာတောင်တစ်ပိဿာအဲ့လောက်မပေးရဘူး လွန်တာပေါ့လို့