Myanmar Thaing Bando Basic (63)

Sdílet
Vložit
  • čas přidán 17. 08. 2017
  • (၆၃) မောင်းအား လေ့ကျင့်ရေး
    +++++++++++++++++++
    ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အသုံးချတတ်စေဖို့၊ သိရှိနားလည်စေဖို့၊ အားသွင်း အားထုတ်မှန်ကန်စေဖို့၊ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး သက်လုံကောင်းစေဖို့အတွက် ရည်ရွယ်ပြီး လေ့ကျင့်ရတဲ့ အခြေခံ လေ့ကျင့်ခနး်တွေဖြစ်ပါတယ်။
    မြန်မာ့သိုင်းမှာတော့ လက်သိုင်းခေါ်တဲ့ ဗန်တိုပညာကို စတင်လေ့ကျင့်တော့မယ်ဆိုရင် ဒီ (၆၃) မောင်းအား ကျင့်စဉ်ကို ပထမဦးစွာ ဟန်၊ မာန်၊ ဌာန်၊ အသံ ပြည့်ပြည့်ဝဝနဲ့ အားမာန်အပြည့် လေ့ကျင့်ရပါတယ်။
    "ယို့ကာ၊ ညွှတ်ကာ ကိုယ်ခန္ဓာ
    ကိုးဖြာ တိုက်ချက်မောင်း၊
    ညှို့သကျည်း၊ ပေါင်တန် မောင်းလေးတန်နှင့်
    လက်ဖျန်လက်မောင်း မောင်းလေးမောင်းကို
    ကျော်မောင်းနှင့်ပေါင်း မောင်းကိုးမောင်းတည့်"
    ဆိုပြီး ငယ်ငယ်က အလွတ်ကျက်မှတ်ခဲ့ရပါတယ်။
    အစကောင်းမှ အနှောင်းသေချာ မှာမို့ အခြေခံလေ့ကျင့်ရေးတွေမှာ ရပ်တည်ဟန်ချက်၊ လှုပ်ရှားဟန်ချက် အားထိန်း အားသွင်း အားထုတ် မှန်စေဖို့ စနစ်တကျလေ့ကျင့်သားပြည့်ဝဖို့လိုအပ်ပါတယ်။
    (မကစားတာ ကြာတော့ လိုအပ်ချက်တွေရှိနိုင်ပါတယ်၊ ခွင့်လွှတ်နားလည်ပေးဖို့ မိမိရဲ့ သင်ဆရာ၊မြင်ဆရာများကို လေးစားစွာ ဦးညွှတ်တောင်းပန်ပါတယ်)
  • Jak na to + styl

Komentáře • 8

  • @snowlay1017
    @snowlay1017 Před 5 lety

    Nice forms. It’s great to see what my grandfather used to taught. Please post more videos. There’s need to be more of these online so younger generations can learn more about Myanmar Thaing.

  • @user-bw5zl7rf3z
    @user-bw5zl7rf3z Před 4 měsíci

    လှတယ်ဗျာ❤

  • @Wikumranabahukaratemuaythai193
    @Wikumranabahukaratemuaythai193 Před 12 hodinami +1

    මට ඉගෙනගන්න ඕන

  • @KoKoKoKo-hs2jj
    @KoKoKoKo-hs2jj Před rokem

    Well done ur same as I learn

  • @KoThae-my3rk
    @KoThae-my3rk Před 11 měsíci +1

    အစအဆုံး ကစားတာ တင်ပေးပါခင်ဗျ

  • @lwinlwinphyo679
    @lwinlwinphyo679 Před 3 lety +1

    ဆရာကအသက်ဘယ်လောက်ကစပြီးလေ့ကျင့်ခဲ့တာလဲ

    • @Dr.MyoMinThant
      @Dr.MyoMinThant  Před 3 lety +1

      ၁၄ နှစ်သားကတည်းကပါ

    • @KoThae-my3rk
      @KoThae-my3rk Před 11 měsíci

      ​@@Dr.MyoMinThantဆရာ ၁၀၈ကွက်လက်သိုင်းက ခြောက်ကွက် ကစားနည်းလား ဆရာ မသိလို့ပါ ကျနော်က ဆရာကစားရင် ခြေကွက်ကိုဦးစားပေးကြည့်တာမလို့ပါ ရှင်းပြပေးပါခင်ဗျ