ဓမ္မဝိဟာရီဆရာတော်ဦးဥာဏ - LGBTQ++ နှင့် ရဟန်းဖြစ်ခွင့်

Sdílet
Vložit
  • čas přidán 20. 05. 2024
  • ကျွန်တော် ဟိန်းထက်ကျော်မှ LGBTQ++ တို့၏ ရဟန်းဖြစ်ခွင့်အပေါ် ဆရာတော်၏ အမြင်နှင့် ပတ်သတ်ပြီး ပန်ကြားမေးမြန်းပါသော မေးခွန်းအား ဓမ္မဝိဟာရီဆရာတော်ဦးဥာဏမှပြန်လည်ဖြေကြားခြင်း
    ကျွန်တော်၏ မှတ်ချက်
    ဓမ္မဝိဟာရီဆရာတော် ဦးဥာဏဆီကို ဓမ္မဝိဟာရီနီ အရှင်မ ဇနဆီကနေ တစ်ဆင့် အကူအညီတောင်းပြီး ဘိက္ခုနီသာသနာနဲ့ LGB တွေရဲ့ ရဟန်းဖြစ်ခွင့်ကိစ္စကိုမေးမြန်းခဲ့တယ်။
    မြန်မာထေရဝါဒဗုဒ္ဓဘာသာသမိုင်းမှာ ဘိက္ခုနီဝတ်မိလို့ထောင်ကျခဲ့ရတဲ့ ဘိက္ခုနီမသစ္စဝါဒီဝိနိစ္ဆယလို Gender Apartheid သာဓကမျိုးရှိဖူးတယ်။
    ဓမ္မဝိဟာရီဆရာတော် ဦးဥာဏပြောတာကတော့ ရှင်းပါတယ်။ ကိုယ့်ကိုယ်ကို ဘိက္ခုနီလို့သတ်မှတ်ပြီး ဘိက္ခုနီတွေရဲ့ သီလတွေကို စောင့်ထိန်းဆောင်နေရင် ဘိက္ခုနီပဲပေါ့တဲ့။ အေးပါရော။
    LGB တွေရဲ့ ရဟန်းဖြစ်ခွင့်ကိစ္စကိုလည်း ကိုယ်က LGB တွေရဲ့ ရဟန်းဖြစ်ခွင့်ကိစ္စသက်သက်ပဲမေးပေမယ့် ဆရာတော်က LGBTQ++ အကုန်လုံးကိုပါ ဆန့်ဖြေပေးသွားတယ်။ Lesbian နဲ့ Gay တွေအတွက်ဆိုရင်လည်း သက်ဆိုင်ရာ သူတို့ကိုမဆွဲဆောင်နိုင်တဲ့လိင်တွေနဲ့ပဲ အတူတူ သတင်းသုံးခိုင်းပြီး Queer နဲ့ Trans တွေဆိုရင်လည်း သက်ဆိုင်ရာကာလအသီးသီးမှာ သူတို့ကိုသူတို့ သတ်မှတ်ထားတဲ့ လိင်ဖြစ်တည်မှုအတိုင်း ရဟန်းဘိက္ခုအမျိုးသားဖြစ်ဖြစ် ဘိက္ခုနီအနေနဲ့ဖြစ်ဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာသီလတွေကို ဆောင်နေရမှာပေါ့ဆိုတာမျိုးကို ဖြေသွားတယ်။
    ဒါဟာ သမိုင်းထဲက မှတ်ကျောက်တစ်ခုပါပဲလို့ပဲ ပြောချင်ပါတယ်။ ဓမ္မဝိဟာရီဆရာတော် ဦးဥာဏရဲ့ အရိယသစ္စာဟာ ခေတ် လူမှုတိုးတက်ရေးစံတွေနဲ့ ညီညွတ်နေမှု သမိုင်းပဲပေါ့။ တခြားသော ဘာသာရေးဂိုဏ်းဂဏတွေမှာ ဒါမျိုး မှတ်ကျောက် တွေ့ရခဲပါလိမ့်မယ်။
  • Krátké a kreslené filmy

Komentáře • 9

  • @Yourteacher382
    @Yourteacher382 Před 2 měsíci +1

    ကျေးဇူးတင်ပါသည်

  • @phonemaung8856
    @phonemaung8856 Před 2 měsíci +3

    ကိုဟိန်းရေ ဘုန်းဘုန်းကြီးကို အခါအခွင့်သင့်သလို မေးခွန်းတွေမေးပြီးပြန်တင်ပေးပါနော်။အခုလိုမျိုး ဗဟုသုတရပြီးအတွေးအမြင်များရစေတဲ့ အသိလေးတွေတင်ပေးတဲ့အတွက်ကျေးဇူးပါဗျ😊

  • @hlahlahlahla616
    @hlahlahlahla616 Před 2 měsíci +1

    သံဃာဒိသေသအာပတ်ဟာ လူထွက်ပြီး နောင်ကာလရဟန်းပြန်၀တ်ခဲ့မူထိုရဟန်း၌အာပတ်သင့်သက်ရောက်ပါသလား ကြားဖူးသည်မှာ အပြစ်အာပတ်မဆေးကြောရသေးပဲ လူထွက်ခဲ့သော်ထိုသူသည် ရဟန်ပြန်၀တ်ပါက ထိုရဟန်းရဟန်းဖြစ်သည့်နေ့မှာပင် ထိုအာပတ်သည် အလိုအလျောက်ပြန်သက်ရောက်သည်ဆိုမှာဟုတ်ပါသလားဘုရား ဒွိဟရှင်းအောင်ဖြေကြားပေးတော်မူပါဘုရား ကိုဘုန်းမှတဆင့်မေးလျှောက်လိုက်ပါသည်ဘုရား

  • @KT24892
    @KT24892 Před 2 měsíci +1

    Artificial intelligence AI တို့ Technology ပိုင်းနဲပတ်သက်ပြီးလဲ မေးပေးပါအုံး

  • @SV.11
    @SV.11 Před 2 měsíci +1

    ကျုပ်က ထေရဝါဒ ရဟန်းပါ
    အရှင်ဉာဏနဲ့ တွေ့ပြီး တရားနာလိုပါတယ်..
    ဘုန်းကြီးနဲ့ တွေ့ခွင်ရလိုပါတယ်..ဘုန်းကြီးရဲ့ လက်ရှိ သီတင်းသုံးနေတဲ့ကျောင်းကို
    ညွှန်ပြပေးပါလားဗျ။

    • @HeinHtetKyaw
      @HeinHtetKyaw  Před 2 měsíci +1

      facebook.com/DhammavihariShinNyarNa မှတစ်ဆင့်ဆက်သွယ်ပေးပါဗျ

    • @SV.11
      @SV.11 Před 2 měsíci

      @@HeinHtetKyaw ကျုပ်မှာ
      ဖေ့စဘုတ် အကောင့်မရှိပါဘူး
      ကျိုးစားပါ့မယ်

    • @user-jp2hf4qk4w
      @user-jp2hf4qk4w Před 2 měsíci

      မေးသူကဘယ်မှာနေလို့လဲ

    • @SV.11
      @SV.11 Před 2 měsíci

      @@user-jp2hf4qk4w လက်ရှိ မန္တလေးမြို့ကိုရောက်နေပါတယ်
      ကျောင်းက ကြာညှပ်ကပါ..
      မန္တလေး နန်းရှေ့မှာ တည်းခိုပါတယ်။