နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ပဋ္ဌနာတော်ဖြင့် ဘုရားသခင်ရှေ့တော်မှောက်သိုတိုးဝင်ချဉ်းကပ်ခြင်း၊(၁၂) ရက်နေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “အပြစ်သွေးဆောင်ရာသိုမလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်းကယ်နုတ်တော်မူပါ။”
    And lead us not into temptation, But deliver us from evil
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သိုတိုးဝင်ချဉ်းကပ်ခြင်း၊ (၁၂) ရက်မြောက်နေ့
    ဖတ်ရန်ကျမ်းချက် - ရှင်ယာကုပ်သြဝါဒစာ၊ ၁း၂-၄
    “စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတိုအား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။” (ယာကုပ်၊ ၁း၁၂)
    အထက်ကဆုတောင်းချက် “သူတစ်ပါးသည်ကျွန်ုပ်တိုကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တိုသည်လွတ်သကဲ့သို အကျွန်ုပ်တို၏ အပြစ်များကိုလည်း လွှတ်တော်မူပါ” ၏ နောက်ဆက်တွဲ ဆုတောင်းချက်ဖြစ်သည်။ အပြစ်လွှတ်ခြင်း ခံရသူသည် အပြစ်တရားလက်မှ လွတ်မြောက်ပြီး နောက်ထပ်အပြစ်မလုပ်လိုတော့ပါ . အပြစ်နှင့်မပတ်သက်လိုတော့ပါ။ ကျွန်ုပ်တိုအပြစ်ကိုကိုယ်တော် လွတ်ပြီဖြစ်သည့်အတွက် လာမည့်အသက်တာတွင် အပြစ်၏ သွေးဆောင်ခြင်းကို မလိုက်လိုတော့ပါ၊ ကိုယ်တော်ခွန်အားပေးပါ။
    သွေးဆောင်ခြင်းများသည် ကျွန်ုပ်အတွင်းအပြင်တွင်ရှိနေသည်။ သွေးဆောင်ခြင်းများသည် တစ်ခါတစ်ရံ ကျွန်ုပ်တို၏ ချစ်သူများထံမှ လာတတ်သည်၊ ကျွန်ုပ်တိုစွဲလမ်းသော အရာများမှထံမှလာတတ်သည်၊ ကျွန်ုပ်တိုအသွေးအသားထဲမှ လာတတ်သည်၊ ကျွန်ုပ်တိုကြောက်သော အရာများမှလာတတ်သည် သိုသော်လည်းထိုအရာများနောက်သို မလိုက်လို တော့ပါ။ သိုရာတွင်ကိုယ့်ခွန်ကိုယ့်အားဖြင့် မတတ်နိုင်ကြောင်းဝန်ခံလျှက် အပြစ်၏ သွေးဆောင်ခြင်းကို ကျော်လွှား အောင်မြင်ခဲ့သော ခရစ်တော်ဘုရား . ကျွန်ုပ်တိုနှလုံးသား အသက်တာတွင်ကိန်းဝပ်လျှက် ကိုယ်တော်နှင့်အတူ အောင်မြင်ခြင်းအခွင့်ကို ရယူပိုင်ဆိုင်နိုင်စေပါဟုဆုတောင်းပါ။ ကျွန်ုပ်အလိုအတိုင်းမဖြစ်စေပဲ၊ ကိုယ်တော်အလိုတော် အတိုင်းသာဖြစ်စေမှုပါဟု ဆုတောင်းရမည်ဖြစ်သည်။
    သွေးဆောင်ခြင်းများခံရသည့်အခါ ဝမ်းမြောက်စရာအကြောင်း နှင့်အသက်တာကို ပိုမိုရင့်ကျက် စုံလင်မည့်အကြောင်း သက်သေထူနိုင်ရန် သည်းခံခြင်းပါရမီနှင့် ကိုယ်တော့်ထံမှ လာသောပညာကို ပေးသနားတော်မူပါဟု ဆုတောင်းပါ။ (ယာကုပ် ၁း၂-၃) အဆိုးအားဖြင့်အရှုးမခံပဲ၊ အကောင်းအားဖြင့်အဆိုးကိုနိုင်သော အသက်တာကို ဘုရားသခင် ပေးပါလိမ့်မည်။
    မကောင်းသောအမှုအရာမှလည်းကယ်နုတ်တော်မူပါ။ deliver us from evil ကဆိုလိုသည်မှာ။ ကျွန်ုပ်တို၏ စိတ်စွဲလန်းမှု သက်သက်ကြောင့်မဟုတ်ပဲ ပြင်ပမှာရှိနေသော မကောင်းသောအမှုအရာများ၊ မှောင်မိုက်တန်ခိုး များမှ လည်းကယ်နုတ် တော်မူပါ။ ကျွန်ုပ်တိုတစ်ဦးခြင်း၏ အသက်တာတွင်၄င်း၊ မိသားစု၊ အသိုင်းအဝိုင်းတစ်ခုလုံးကို ၄င်းထိုမကောင်းသော အရာများမှ ကိုယ်တော်ကိုယ်တိုင်ကယ်နုတ်တော်မူပါ။ ကိုယ့်အစွမ်းအစ၊ ကိုယ့်ကြိုးစားအားထုတ်မှု နှင့် မှောင်မိုက်တန်ခိုး များကိုမနိုင် ကြောင်းသိမှတ်ဝန်ခံလျှက် ဘုရားသခင်၏ ကယ်မမှုကို တောင်းခံခြင်းဖြင့် ယနေ့အချိန် နှင့် အနာဂတ်ကာလ တွင် ကျွန်ုပ်တိုအားလုံးကို ဘုရားသခင်ကွယ်ကာမှုစတင်ရရှိလာမည်ဖြစ်သည်။
    ဆင်ခြင်ရန် - စုံစမ်းနှောင့်ယှက်ခြင်းများ မိမိအတွင်းအပြင်ရှိ မှောင်မိုက်တန်ခိုးများကိုရှောင်ကျဥ်ရန် ဘုရားသခင်ကို ကျွန်ုပ်တို လိုအပ်ပါသည်။
    ဆုတောင်းရန် - သခင်ဘုရားကျွန်ုပ်တို ရှောင်ကျဥ်ရမည့်အရာများကို ဖော်ပြလျှက် ရှောင်ကျဥ်နိုင်သော ဆုံးဖြတ်ချက် နှင့်ခွန်အားများကိုပေးသနားတော်မူပါ။ မကောင်းသော မှောင်မိုက်တန်ခိုးများမှ လည်းကယ်နုတ်တော်မူပါ။ အာမင်။

Komentáře • 1