ပြည်သူချစ်တဲ့ တပ်ချုပ် (သို့) သူရ ဦးတင်ဦး

Sdílet
Vložit
  • čas přidán 25. 08. 2024
  • ပြည်သူချစ်တဲ့ တပ်ချုပ် (သို့) သူရ ဦးတင်ဦး (ရုပ်/သံ)
    ဧရာဝတီ၊ ဇွန် ၁ ၊ ၂၀၂၄
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက လည်းဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း လည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မနက်ပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
    သူရဦးတင်ဦး ကို ၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက် က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်ပါတယ်။
    သူရဦးတင်ဦးဟာ စစ်ခေါင်းဆောင်တွေရဲ့ လေးစားမှုခံရသူတဦးဖြစ်သလို ပြည်သူတွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားတဲ့ ရှားရှားပါးပါး ကာကွယ်ရေးဦးစီးချုပ်ဟောင်းတဦးဖြစ်ပါတယ်။
    တပ်ကအနားယူပြီးနောက် လူထုအရေးတော်ပုံဖြစ်ပွားခဲ့တဲ့ ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့စည်းခဲ့ချိန်မှာ ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ခဲ့ကာ ဥက္ကဌ ဦးအောင်ကြီး နုတ်ထွက်သွားချိန်မှာ ဥက္ကဌ ရာထူးကို ထမ်းဆောင်ခဲ့ပါတယ်။
    ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် ဒီပဲယင်း အကြမ်းဖက်ခံရမှုမှာ ပါတီဝင်တွေရဲ့ ရှေ့ဆုံးကနေ ကာကွယ်ပြီး အကြမ်းဖက်သမားလူအုပ်ကြီးနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့သလို ပါတီဝင်တွေအဖမ်းခံရချိန်မှာလည်း ရှေ့ဆုံးကနေ ရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။
    စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
    Support The Irrawaddy: bit.ly/3btQYpR

Komentáře • 377

  • @justic-78
    @justic-78 Před 2 měsíci +45

    ညီမအသက်အရွယ်နဲ့ ကောင်းကောင်း မမှီလိုက်, မသိလိုက်ပေမယ့်
    ဦးတင်ဦးကို အမြဲ လေးစားသွားမှာပါ ❤

  • @user-be8lb1vv4v
    @user-be8lb1vv4v Před 2 měsíci +27

    ၊ဦးတင်ဦးသေမယ့်အစား မင်းအောင်လှိုင် သေလိုက် ပါတော့ကွာ

    • @Henrypaing6745
      @Henrypaing6745 Před 2 měsíci +2

      ငါတို့တွေကျိန်ဆဲနေလို့များဒင်းအသက်ရှည်နေလေသလား မိအောင်လှိုင်ရယ်

  • @maytapaung1559
    @maytapaung1559 Před 2 měsíci +27

    ပြည်သူ့ဘက်က အထမ်းသမားတဲ့လား ဘဘရယ်😢လေးစားရပါတယ် ကောင်းရာသုဂတိလားပါစေ ဘဘရေ😢

  • @shwemanyin8762
    @shwemanyin8762 Před 2 měsíci +146

    သူ့လို ရိုးသားတဲ့ကာချုပ် မျိုး မြန်မာပြည်အတွက် ထပ်ပေါ်ဖို့ ခဲရင်းနိုင်ပေမဲ့ နောင်လာမဲ့ပြည်ထောင်စုတပ်တော်မှာလည်း သူ့လိုပုဂ္ဂိုလ်မျိုးပေါ်ထွန်းနိုင်ပါစေလို့ဆုတောင်းပြီး ဘဘဦးတင်ဦး(တပ်မတော်ကာချုပ်ဟောင်း )ကို နောက်ဆုံးအနေနဲ့ကန်တော့အပ်ပါတယ် ဘဘဦးတင်ဦး ကောင်းသုဂတိ ရောက်ပါစေဗျာ

    • @TinMinAung-pm6iv
      @TinMinAung-pm6iv Před 2 měsíci +2

      l

    • @Redmi9a-rj1de
      @Redmi9a-rj1de Před 2 měsíci

      😊😊😊😊😊😊😊p😊😊😊p😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊

    • @myolay2591
      @myolay2591 Před 2 měsíci +1

      မှားတော့ မှားနေကြပြီ

    • @myolay2591
      @myolay2591 Před 2 měsíci

      မှားနေကြပြီနော်

  • @MMH2703
    @MMH2703 Před 2 měsíci +47

    ပြည်သူချစ်တဲ့ဂုဏ်ဆိုတာ
    နေဝင်းသန်းရွှေခင်ညွှန့်မင်းအောင်လှိုင်တို့မရနိုင်တဲ့ဘဝပေါ့ဗျာ

  • @leoleo5704
    @leoleo5704 Před 2 měsíci +68

    အသက်ရွယ် ၉၈ နှစ်ဆိုပေမယ့် တကယ်ကို နှမြောမိတယ်။ပြည်သူတွေဘက်က အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးခဲ့အတွက် တကယ်ကို လေးစားအားကျရပါတယ်။
    ဘဘ သူရ ဦးတင်ဦး ကောင်းရာဘုံဘဝရောက်ရှိမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်ဗျာ။
    😢😢😢❤❤❤🙏🙏🙏🙏🙏

  • @HtarKo-vf1ze
    @HtarKo-vf1ze Před 2 měsíci +20

    အဘိုးရေ နောက်ဘ၀မှာ ဒီမိုကရေစီရတဲ့နိုင်ငံမှာပဲ လူပြန်ဖြစ်ပါနော် ကောင်းမွန်ရာ ဘုံဘ၀ရောက်ပါစေ

  • @user-uj3te9zy6l
    @user-uj3te9zy6l Před 2 měsíci +12

    ဦးတင်ဦးအား လေးစား ကတော့ပါ၏🥰♥️လူ့ပြည်သာမက နတ်ပြည်ထိ သာဓု သာဓု သာဓု မုချ ခေါ်နေပေမည်🥰😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪😪

  • @loyalty4878
    @loyalty4878 Před 2 měsíci +61

    ဘဘ သူရဦးတင်ဦး (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း)
    (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက)
    ကွယ်လွန်သွားတဲ့အကြောင်း ကြားရတာ အရမ်းဝမ်းနည်းပါတယ်။
    Dear ဘဘ ...
    လူသေပေမယ့် ဘဘနာမည်နဲ့ သမိုင်းကောင်းက ဘယ်တော့မှ မသေဘူး။
    ဘဘကို ဘယ်တော့မှ မမေ့ဘူး။
    ဘဘသည် ကောင်းကင်ဘုံသို့ သွားပြီဟု ကျွန်ုပ်တို့အားလုံး ယုံကြည်ကြပါတယ်။
    ဘဘဦးတင်ဦးကို လေးစားစွာ ဂါရဝပြုပါတယ်။

  • @user-mn7ws3ud3s
    @user-mn7ws3ud3s Před 2 měsíci +10

    ကောင်းရာသုဂတိလားပါစေ ထာဝရငြိမ်းချမ်းပါစေ အဘ တင်ဦးရေ ရှာပါးသော ကွာကွယ်ရေးဦးစီးချုပ် သူရ တင်ဦးပါ နှမြောမိပါတယ် ဦရယ် ရှိခိုးကန်တော့ပါတယ်

  • @gsbbsaxn3234
    @gsbbsaxn3234 Před 2 měsíci +25

    တိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းတယောက်ဆုံးရှုံးရတဲ့အတွက်ဝမ်းနည်းရပါသည်။

  • @user-hm7cc7qn6n
    @user-hm7cc7qn6n Před 2 měsíci +11

    ဘဘ ကောင်းရာ ဘုံဘဝမှာ အေးချမ်းစွာအနားယူပါနော်။ ဘဘလို သူတော်ကောင်းဟာ မြင့်မြတ်ရာဘုံဘဝမှာ ရောက်မယ်ဆိုတာသိပါတယ်။ 🙏🙏🙏

    • @Henrypaing6745
      @Henrypaing6745 Před 2 měsíci

      ‌သိပ်သေချာတာပေါ့ဗျာ

  • @zinminoo4760
    @zinminoo4760 Před 2 měsíci +21

    ဘဘဦးတင်ဦး ကောင်းရာဘုံဘဝကိုရောက်နေမှာပါ သားအမြဲသတိရ လွမ်းဆွတ်နေမှာပါ ဘဘရေ

  • @mgmg-gb1ni
    @mgmg-gb1ni Před 2 měsíci +9

    အရမ်းကိုလေးစားချစ်ခင်ရပါတယ် အဘ ကောင်းရာသုဂတိလားပါစေ🙏🙏🙏💐💐💐

  • @user-gu5wo6mc7t
    @user-gu5wo6mc7t Před 2 měsíci +12

    လူကောင်းသူမြတ်ကွယ်လွန်တာကို ကြားသိသော တနိုင်ငံလုံးက ပြည်သူများ ဝမ်းနဲပူဆွေးဖြစ်နေပါသည်။

  • @SuMyat-lf8th
    @SuMyat-lf8th Před 2 měsíci +5

    တိုင်းပြည်အတွက် တကယ့်အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါ ဘဘ ဦးတင်ဦး ကောင်းရာဘုံဘဝသို့ရောက်ပါစေ.....🙏🙏🙏😢😢😢

  • @MinKyaw-of6mo
    @MinKyaw-of6mo Před 2 měsíci +38

    ဂါရ၀ပြာပါတယ် ဘဘ ကောင်းရာသုဂတိလားပါစေ🙏🙏🙏 အခုခေတ်စစ်ဗိုလ်ချုပ်တွေနဲ့ နံသာဆီ နဲ့ အီးလိုပဲ

    • @user-pu8yl7xy2w
      @user-pu8yl7xy2w Před 2 měsíci +2

      နှိုင့်းစရာမဟုတ်တာနှိုင်းနေပြန်ပြီ

    • @user-pu8yl7xy2w
      @user-pu8yl7xy2w Před 2 měsíci +2

      နှိုင့်းစရာမဟုတ်တာနှိုင်းနေပြန်ပြီ

    • @yeyewin2375
      @yeyewin2375 Před 2 měsíci +1

      🙏🙏🙏

  • @user-fe6ly1om5m
    @user-fe6ly1om5m Před 2 měsíci +11

    ဪ..နေဝင်းရယ် ဒီလိုလူကျတော့ ဒင်းစိတ်ကြိုက်လူမဟုတ်တော့ အနားမှာမထားဘူး..နှမြောပါ့ကွာ😢

  • @rubyjunrose6522
    @rubyjunrose6522 Před 2 měsíci +9

    ဘဘဦးတင်ဦးရဲ့တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ် ရဲ့ရင့်တဲ့စိတ်ဓာတ်တွေကိုသိတ်ကိုလေးစားကြည်ညိုပါတယ်🫡
    ဘဘကွန်လွန်သွားတဲ့အတွက်ဝမ်းနည်းကြေကွဲမိပါတယ်😢ဘဘကိုအဝေးကနေကန်တော့လိုက်ပါတယ် 🙏

  • @waigyi2982
    @waigyi2982 Před 2 měsíci +6

    ဦးတင်ဦး အကြောင်းပြောရင် မှတ်ထားပါဗျာ... အာဏာရူးတဏှာရူးနေဝင်းရဲ့ကောက်ကျစ်ယုတ်မာမူ့တွေ ( သူ့အပေါ်နဲ့တိုင်းပြည်အပေါ်) ထဲ့မပြောရင် ဘယ်တော့မှာ့မပြည့်စုံဘူးဆိုတာ သတိထားပါ...

  • @myowin3377
    @myowin3377 Před 2 měsíci +11

    ကာကွယ်ရေးဦးစီးချုပ်ကြီး ဘဝအလုံလမ်း ၁၉၇၀ ခုနှစ်က ဗိုလ်မှုးကြီးစိုးတင့်ရဲ့နှင်းဆီခြံ​
    ခြင်းလုံးကွင်းလက်ပန်ပင်ကြီးအောက်မှာလုံခြုံရေးတယောက်မှမပါဘဲခြင်ကစားခဲ့ဒါထိုင်ကြည့်ခွင့်ရဒါမြင်ရောင်နေတုန်းပါ

  • @user-of9bu9ky2k
    @user-of9bu9ky2k Před 2 měsíci +7

    ဪ ကာချူပ်တကာ ကာချူပ်တွေထဲမှာ ပြည်သူ့ဘက်တော်သားကာချူပ် ဓမ္မဘက်တော်သား စစ်သားကြီးကာချူပ် ပြန်မရနိုင်တော့တဲ့ကာချူပ် တန်ဖိုးမဖြတ်နိုင်တဲ့ကာချူပ် ကောင်းရာသုဂတိ လားပါစေသတည်း

  • @user-vd4ro2yr4k
    @user-vd4ro2yr4k Před 2 měsíci +8

    ရာထူးအာဏာမက်မောချင်းမရှိတဲ့ပြည်သူချစ်ရတဲ့တပ်ချုပ်ကြတော့အသက်
    ၄၅နဲ့ရာထူးအနားယူအခုရာဇပလင်ပေါ်
    တတ်ထိုင်နေတဲ့ခွေးကောင်ကြီးကတော့
    သေမှအာဏာကိုစွန့်လွှတ်မယ်သဘော
    ဆွဲချနေတာတောင်မရမကအတင်းကို
    သွယ်ကပ်ပေသေနေတဲ့ကောင်ကြီးပါဗျာ

  • @user-mc7vh7yj4b
    @user-mc7vh7yj4b Před 2 měsíci +11

    စိတ်နှလုံးထိခိုက် ဝမ်းနည်းရပါတယ်
    ဘဘဦးတင်ဦး ကောင်ရာဘုံ ဘဝရောက်ပါစေ ဆုတောင်ပါတယ်

  • @kowin3295
    @kowin3295 Před 2 měsíci +10

    ၁၉၈၅တုန်းက ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်ရှိ့ ခြင်းရုံမှာ ဉီးတင်ဉီး ခြင်းခတ်ကစားတာကိုမြင်ဘူးခဲ့ပါတယ်။ သူရဉီးတင်ဉီးသည် ခြင်းခတ်ကောင်းသည့်သူဖြစ်ပါတယ်။

  • @shwemanyin8762
    @shwemanyin8762 Před 2 měsíci +16

    နောက်ဆုံးဂါရဝ ပြုပါရစေဘဘ
    ဘဘ တကယ်ကိုတာဝန်ကျေပါတယ်

  • @KhantZayaKyaw
    @KhantZayaKyaw Před 2 měsíci +29

    စိတ်နှလုံးထိခိုက်ရပါတယါဗျ မိသားစုနဲအတူထပ်တူဝမ်းနည်းရပါတယ်ဗျ 😢

  • @shwemanyin8762
    @shwemanyin8762 Před 2 měsíci +14

    🙏🙏🙏 ဘဘဦးတင်ဦးကို ကန်တော့ပါတယ်

  • @harkkay62
    @harkkay62 Před 2 měsíci +8

    အဖိုးတင်ဦးကောင်းရာသုခဘုံဘဝကိုသေချာပေါက်ရောက်ရှိမှာဆိုတာကျနော်တိုုအရေးထားတန်ဖိုးမဖြတ်နိုင်တဲဓမ္မတရားဘက်မှလူတန်ဖိုးအရှိဆုံးဘဝနဲဓမ္မဘက်တော်သားများပြည်သူများနဲထပ်တူတရားသောအလုပ်ကိုအမှန်တကယ်ကျင့်ကျန်လုပ်ဆောင်လမ်းပြသောလူသားစစ်စစ်လေးစားတန်ဖိုးထားရတဲမြင့်မြတ်တဲ့လူကိုကျတော်တိုပြည်သူတွေရင်ထဲအသဲထဲမှာကဗ္ဗည်းတင်လျက်ပါလို့အဖိုးတင်ဦးကိုကတိပြုဦးညွန်ကန်တော့်ပါသည်.......!!!!

  • @A.T342
    @A.T342 Před 2 měsíci +13

    ဘဘကောင်းရာဘဝကောင်းသောဘုံသုဂတိသို့ရောက်ရှိပါစေ
    စိတ်အေးချမ်းစွာစိတ်ချစွာဖြင့်၊အနားယူလိုက်ပါတော့၊ရေ။😢😢😢😢😢😢😢😢😢😢😢😢😢😂😂😂

  • @user-wl3pv6lh4s
    @user-wl3pv6lh4s Před 2 měsíci +7

    နှ​မြောလိုက်တာ ဘဘရယ်😢 မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်ရှင်😢ဘဘ​ကောင်းရာဘုံဘဝ​ရောက်ရှိမယ်ဆိုတာ အကျွင်းမဲ့ယုံကြည်ပါတယ်🙏

  • @mgphyoezawhein5390
    @mgphyoezawhein5390 Před 2 měsíci +10

    ဘဘဦးတင်ဦး ကောင်းရာသုဂတိလားပါစေ
    သူ့လိုကာကွယ်ရေးဦးစီးချုပ်မျိုး မြန်မာ့သမိုင်းမှာလက်ချိုးရေလို့ရပါတယ်ဗျာ နှမျောမိပါတယ်ဗျာ

  • @Ruj7
    @Ruj7 Před 2 měsíci +6

    ဟိုအရင်စစ်သားတွေးဟာအရမ်းစစ်သားကောင်ပိသပါပေတယ်။သန်းရွေလိုခေါတဲ့မအေလိုခွေးဘီလူးလက်ထက်မြှန်မာတပ်မတော်ဟာယခုခွေးသူခိုးမင်းအောင်လှိုင်လက်ထက်လုံဝပျက်စည်းသွားပါပြိး။

  • @user-jm6lu7fk2v
    @user-jm6lu7fk2v Před 2 měsíci +5

    လေးစားတယ် ဆိုတာထက်
    ပို၍ လေးစားပါတယ် ဘဘ ရေ
    ကောင်းရာသုဂတိလားပါစေ။🙏

  • @user-go9xe2tk8p
    @user-go9xe2tk8p Před 2 měsíci +6

    ❤❤❤ဘဘ ဉီးတင်ဉီးကမှ ဘဘ အစစ်ပါ❤❤❤

  • @kyawwana-if2zy
    @kyawwana-if2zy Před 2 měsíci +2

    အမြဲတမ်းရန်သူ
    အမြဲတမ်းမိတ်ဆွေဆိုတာ မရှိ
    မိတ်ဆွေယေင်ဆောင်သူသည်သာ
    ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်၏
    {သူရ ဘဘ ဥိးတင်ဦး}

  • @komingthiha9462
    @komingthiha9462 Před 2 měsíci +9

    ပြည်သူ့ချစ်သူ ထာဝရငြိမ်းချမ်းမှုရပါစေ၊ကောင်းရာသုဂတိလားပါစေ၊မြန်မာနိုင်ငံငြိမ်းချမ်းရင်လူပြန်လာနိုင်ပါစေ

  • @user-tv8pq3qb6o
    @user-tv8pq3qb6o Před 2 měsíci +2

    တို့နဲ့အဘသူရဗိုလ်ချုပ်ကြီးကတပ်မ77မှာအဘက
    အလယ်ပိုင်စစ်ဌါနချုပ်
    ကာကွယ်ရေးဦးစီးချုပ်မှာ

  • @user-vg2ec5zf8k
    @user-vg2ec5zf8k Před 2 měsíci +7

    သတိရမိသည်...၁၉၇၇ ခုနှစ်မိုင်းပါလျှီုး ကျိုင်းလပ်စစ်ဆင်ရေး၊ကျိုင်းလပ်သိမ်းပြီ ပြီးချင်း ကျိုင်းလပ်စခမ်းပေါ်မှာတပ်ဖွဲ့ဂင်တွေကိုလာတွေ့တော့၊ရိက္ခာမှာကုလားပဲအစား ပဲဇင်းငိုပေးခြင်းနဲ့ လ္ဘက်ရည်ဖြတ်ထားသည့်ကိစ္စ၊ရဲဘော်တွေတင်ပြတာကို..ချက်ချင်းပြန်ခွင့်ပြုပေးခဲ့တယ်။

    • @user-dl9yj3mr1y
      @user-dl9yj3mr1y Před 2 měsíci +1

      မှားနေပြီ၇၇မှာမရှိတော့ဘူးလေဦးသန့်ကိစ်စမှာပြစ်မိန့်မပေးလို့အဖြုတ်ခံလိုက်ရတာ

  • @Zinyaw169
    @Zinyaw169 Před 2 měsíci +7

    ကျွန်တော်တို့ရင်ထဲမှာ
    ဘဘ ဘယ်တော့မှ
    မ သေဆုံး ပါဘူးဗျာ😭😭😭

  • @yichyoaungaung4535
    @yichyoaungaung4535 Před 2 měsíci +7

    စစ်သား စစ်စစ်ကြီးအတွက် Ripပါ

  • @KoThetKa298
    @KoThetKa298 Před 2 měsíci +3

    ကောင်းရာဘုံလားပါစေ ဘဘသူရဦးတင်ဦး။ အစဉ်လေးစားရသော ပြည်သူ့အချစ်တော် စစ်သားကောင်းတစ်ယောက်ပါ။

  • @user-cy9gu7rz8s
    @user-cy9gu7rz8s Před 2 měsíci +5

    ဂါရဝပြုပါတယ်ဘဘကောင်း
    ရာသုကတိရောက်ပါစေ😢😢😢

  • @MaKhu-ed3ms
    @MaKhu-ed3ms Před 2 měsíci +4

    ဘဘရေ ကောင်းရာသုဂတိရောက်ပါစေ နှမျှာ်လိုက်တာလူတောင်လူကောင်းအစားထိုးလို့အရတောပါ။
    😢

  • @karyan4035
    @karyan4035 Před 2 měsíci +4

    ဒုတိယသမိုင်းဝင်မော်ခွန်းတင်ဗိုလ်ချုပ်တင်ဦးပါဦးညှတ်ပါတယ်အာဇာနည်ကောင်းရာသုဂရိလားစေ​ေဝေ်

  • @pearlmgmg479
    @pearlmgmg479 Před 2 měsíci +4

    မြင့်မြတ်တဲ့ဘုံဘဝမှကျန်သူများအားအား​ပေးနိုင်ပါ​စေ

  • @KhayLay-iz5fp
    @KhayLay-iz5fp Před 2 měsíci +5

    သေမင်းက အကောင်းကြိုတ်တယ်ဗျ တန်ဖိုးရှိတဲ့ လူသားတွေပဲ ရွေးပီးခေါ်တယ်😢

  • @phyumgphyu
    @phyumgphyu Před 2 měsíci +4

    စစ်သားကောင်းတစ်ဦး သစ္စာတရားတို့ရဲ့ဖခင်
    ကောင်မြင့်ဘဝရောက်သွားပီ

  • @tkyi-oi9ww
    @tkyi-oi9ww Před 2 měsíci +4

    အဘကောင်းရာမွန်ရာရောက်ပါစေဗျာ။အမေသိရင်အတော်၀မ်းနည်းနေမှာပဲဗျာ

  • @oomya5097
    @oomya5097 Před 2 měsíci +3

    ဘဘဦးတင်ဦးလေးစားရှိခိုးပါ၏🙏🙏🙏

  • @ACE12098
    @ACE12098 Před 2 měsíci +5

    တကယ့်ရတနာတပါးပါပဲ နှမျောမိတယ် ဘဘရေ🙏🙏🙏

  • @golf-kn2lw
    @golf-kn2lw Před 2 měsíci +13

    အမေသိရင်အရန်စိတ်ထိခိုက်မှာ

    • @khinmg8731
      @khinmg8731 Před 2 měsíci

      ဒါပေါ့ဗျာအမေသာသိရင်အရမ်းကြေကွဲမှာဘဲလပ်ဖေါ်ကိုင်ဘက်အရမ်းလေးစားရတဲ့ဘဘဦးတင်ဦးကိုအြမဲတမ်းအမှတ်ရနေမှာဘဲ

    • @user-dl9yj3mr1y
      @user-dl9yj3mr1y Před 2 měsíci

      သိတယ်လေပန်းခြင်းပိာ့ထားတယ်

  • @nwenwesanchaung
    @nwenwesanchaung Před 2 měsíci +2

    အမြဲတမ်း ဘဘရဲ့တပ်ထဲကအတွေ့ကြုံတွေပြောပြတယ် တောထဲမှာဘဟ်လိုနေရတယ် ငယ်ငယ်ကဆိုလူချောပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုတဲ့အရွှန်းလေးတွေပါပြောပြတတ်တဲ့,ဘဘ သမီးတို့အမြဲလွမ်းနေမှာပါ ကောင်းရာသုဂတိလားပါစေ

  • @user-bw2mb7xx5x
    @user-bw2mb7xx5x Před 2 měsíci +3

    ဘဘသူရဦးတင်ဦး
    ကောင်းရာဘုံဘဝ၊ဘုံဌာနမှာ ခံစားစံစားနိုင်ပါစေဗျ❤

  • @AungThin-nx7ws
    @AungThin-nx7ws Před 2 měsíci +2

    မဂ်လာပါ

  • @ChitHtoo-im6bp
    @ChitHtoo-im6bp Před 2 měsíci +4

    ခွေးအောင်လှိုင်နဲ့မတူဘူး
    လေးစားရတဲ့ပုဂ္ဂိုတစ်ဦးပါ

  • @user-nl7rh6yv1i
    @user-nl7rh6yv1i Před 2 měsíci

    ❤❤❤ငါတို့ရဲ့ ရင်ထဲကကာချုပ်ကြီး သူရဲကောင်းဘဘ ဦးတင်ဦး အရမ်းနှက်မျောတယ်ပြည်သုရဲ့သူရဲကောင်းကြီးပါ.....

  • @user-hk3fp7go6c
    @user-hk3fp7go6c Před 2 měsíci +7

    လူသာသေပေမယ့် ဘယ်တော့မှ သမိုင်းမသေတဲ့ ပြည်သူချစ် ဘဘပါ ဗျာ

  • @user-lj2wb1jp4w
    @user-lj2wb1jp4w Před 2 měsíci +2

    လူသာသေသွားတယ် နာမည်ကတော့ ကောင်းသတင်းများနဲ့ ထာဝရရှင်သန်နေဦးမှာပါ။

  • @mgkhin2938
    @mgkhin2938 Před 2 měsíci +1

    ပြည်သူရဲ့အချစ်စစ်မေတ္တာစစ်ကိုရရှိတဲ့စစ်ဗိုလ်ချုပ်တွေအားလုံးထဲမှာမှဗိုလ်ချုပ်အောင်ဆန်းပြီးရင် ရှားရှားပါးပါးဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ဗိုလ်ချုပ်သူရဦးတင်ဦး ကောင်းရာသုဂတိလားပါစေ။မြန်မာ့သမိုင်းမှာလည်း ကောင်းတဲ့ဂုဏ်သတင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သူပါ။

  • @BurmaFighter2024
    @BurmaFighter2024 Před 2 měsíci +2

    ပြည်သူ့ကာချုပ် တာဝန်ကျေလွန်းခဲ့ပါတယ် အေးချမ်းစွာအနားယူပါ

  • @Thomas-ni2ji
    @Thomas-ni2ji Před 2 měsíci +2

    There were many of General passed away in Burma, amongs them U Tin Oo is only one becoming the best history written by the people, I think he will be the one another best history maker in Burma !!!

  • @yulwin2827
    @yulwin2827 Před 2 měsíci +3

    လူသေသော်လည်း နာမည်မသေတဲ့ နာယကကြီး ။ကောင်းတဲ့ဘုံဘဝ ရရှိပါစေ 😢

  • @Loveyou2017-lt7vp
    @Loveyou2017-lt7vp Před 2 měsíci +4

    တန်ဖိုးရှိတဲ့သူတွေတော့ ဆုံးရှုံးလိုက်ရပြီး ဘာမှသုံးစားလို့မရတဲ့သူတွေတော့ အသက်ရှည်နေတယ် ကက်ဘာကြီးကမတရားဘူး

  • @parchit7316
    @parchit7316 Před 2 měsíci +8

    ကြယ်ပွင့်ကြီးကြွေပြန်ပြီ

  • @DawKhin-mz6mp
    @DawKhin-mz6mp Před 2 měsíci +1

    စိတ်ထားဖြူစင်တဲ့..ဘဘတင်ဦးကောင်းရာသုဂတိလားပါစေ..စိတ်ရင်းစေတနာမှန်ရင်
    ပြည်သူကိုစည်းရုံးသိမ်းသွင်း.ကြော်ငြာရိုက်စရာမလိုပါ..ပြည်သူတွေကချစ်ခင်လေးစားတန်ဖိုးထားပြီးသားပါ..ပြည်သူအားလုံး.ပူပင်သောကအမြန်ဆုံးကင်းဝေးနိုင်ပါစေ

  • @user-hh8ht6um5c
    @user-hh8ht6um5c Před 2 měsíci +2

    ဘဘသူရဦးတင်ဦးကို လေးစာစွာဂုဏ်ပြုပါတယ်။နှမြောဝမ်းနဲမိပါတယ်😢😢

  • @Ah-qiKhun
    @Ah-qiKhun Před 2 měsíci +5

    So sad, Ba Ba U Tin Oo

  • @user-gt2gf2yy2y
    @user-gt2gf2yy2y Před 2 měsíci +2

    ဘဘကိုလေးစားစွာကန်တော့ပါတယ်၊ဘဘကောင်းရာသုဂတိရောက်ပါစေ

  • @user-cc6ox9gu3g
    @user-cc6ox9gu3g Před 2 měsíci +1

    ပြည်သူ့ဘက်က အထမ်းသမား
    စစ်သား စစ်စစ်ကြီး ဘဘဦးတင်ဦး 😭

  • @zawmyo8422
    @zawmyo8422 Před 2 měsíci +2

    ဘဘဦးတင်ဦး ကောင်းရာဘုံဘဝရောက်ပါစေခင်ဗျာ

  • @phyuphyuthein5929
    @phyuphyuthein5929 Před 2 měsíci +2

    ဘဘရေစိတ်ထားသဘောထားကြုံဘူးသူတိုင်းချစ်ရလေးစားရတဲ့ဘဘကောင်းရာသုခဘုံသို့ရောက်ရှိမှာပါရှင်။မိသားစုနဲ့ထပ်မျှဝမ်းနည်းခံစားရပါတယ်ရှင်😢😢😢😢😢

  • @user-jx6ns4rg2i
    @user-jx6ns4rg2i Před 2 měsíci +2

    လေးစားရသောဘဘဦးတင်ဦးကွယ်လွန်သွားတဲ့အတွက်လွန်စွာနှမျှောဝမ်းနည်းကြေကွဲရပါတယ် ကောင်းရာဘုံဘဝမှာအေးချမ်းစွာအနားယူပါတော့ ဘဘ😢😢😢

  • @kongejupjup7236
    @kongejupjup7236 Před 2 měsíci +2

    လေးစားပါတယ်အဘဦးတင်ဦး...

  • @Henrypaing6745
    @Henrypaing6745 Před 2 měsíci

    ပုသိမ်သားဖြစ်ရတာဝမ်းသာလိုက်တာ ကိုယ်လေးစားချစ်ခင်သူတွေ များစွာမွေးဖွားခဲ့တာဘဲ🙏🙏🙏ဘဘက ကောင်းရာဘုံဘဝကိုရောက်မှာပါ🙏

  • @tds6175
    @tds6175 Před 2 měsíci

    များစွာနှမြောတသ ဖြစ်ရပါတယ် ဘဘရေ...ကောင်းရာသုဂတိလားမှာ မလွှဲဧကန်ပဲမို့ ဘဝဆက်တိုင်း ဒီလိုတိုင်းပြည်ကိုတော့ ပြန်မလာပါနဲ့တော့လို့ ဆုတောင်းပေးပါတယ်...

  • @WinNaing-cn3vl
    @WinNaing-cn3vl Před 2 měsíci +3

    😢😢😢😢အနာဂတ်ကို သူမမြင်သွာရှာဘူး

  • @kyikyi8224
    @kyikyi8224 Před 2 měsíci +1

    ကာကွယ်ရေးဉီးစီးချုပ်ဟောင်း
    ဘဘဉီးတင်ဉီးကောင်းရာဘုံဘဝ
    ရောက်ရှိပါစေ 🙏🙏🙏
    မိသားစုနဲ့ထပ်တူပါရှင် 😭😭😭

  • @ThetOo-nt9vc
    @ThetOo-nt9vc Před 2 měsíci +3

    ဘဘ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်အတွက် ဘဘလေးစားလျှက်ပါ

  • @Shwemyanmar296
    @Shwemyanmar296 Před 2 měsíci +2


  • @haing8838
    @haing8838 Před 2 měsíci

    😢😢😢😢😢 ကောင်းရာသုဂတိရောက်ပါစေ ဘဘ
    အမြဲတမ်းအလေးပြုလျှက်ပါ။

  • @sawkolinn836
    @sawkolinn836 Před 2 měsíci +1

    ဘဘဦးတင်ဦးရေ နှမြောလိုက်တာဗျာ
    ဘဘ နိုင်ငံအပေါ်မှာ တာဝန်ကျေခဲ့ပါပြီ 😢
    ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းပြီး အနာမဲ့တဲ့ ကောင်းရာဘုံဘဝမှာ အနားယူပါတော့ဗျာ
    ဘဘဖြစ်ချင်တဲ့ ဒီမိုကရေစီဆန္ဒတွေကိုလည်း ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေ အကောင်အထည်ပေါ်အောင်
    လုပ်နေတာကိုဘဲ ဘဘမဆုံးခင်
    သိခွင့်ရသွားရင်ဘဲ ကျေနပ်ပါပြီ 😢

  • @user-dg5iw3ri1q
    @user-dg5iw3ri1q Před 2 měsíci +5

    ပြည်သူချစ်တဲ့ နှစ်ယောက်မရှိနိုင်သော ခေါင်းဆောင်ကောင်း
    ကောင်းရာသုဂတိရောက်မှာ မလွဲပါ။

  • @MyoMin-nc5mb
    @MyoMin-nc5mb Před 2 měsíci +3

    ထပ်တူဝမ်းနည်းရပါတယ် 😢😢😢

  • @MyoMgMg-lc8xe
    @MyoMgMg-lc8xe Před 2 měsíci +3

    ပြည်သူ့ကာချုပ် ဆုံးရံှုးခဲ့ရပြီဗျာ😢

  • @tayzar4975
    @tayzar4975 Před 2 měsíci

    အရမ်းလေးစားပါတယ် ဦးရေ
    စိတ်မကောင်းလိုက်တာ

  • @user-pv8rb1pd9o
    @user-pv8rb1pd9o Před 2 měsíci +1

    ဘဘရဲ့နောက်ဆုံးအချိန်မှာအမေစုနဲ့ မတွေ့လိုက်ရဘူး အမေစုသာသိရင်😢

  • @user-tv8pq3qb6o
    @user-tv8pq3qb6o Před 2 měsíci

    အဘသူရဗိုလ်ချုပ်ကြီး
    ဘယ်တော့မှမသေပါ
    🙏🙏🙏🙏🙏

  • @uayemyint1125
    @uayemyint1125 Před 2 měsíci

    ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း ဘဘဦးတင်ဦး ပြည့်သူ့မေတ္တာကြောင့် ကောင်းရာသုဂတိ ရောက်မှာပါ 🎉ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ပါစေ ကာကွယ်ရေး ဦးစီးချုပ်🎉

  • @royalkanaungmin
    @royalkanaungmin Před 2 měsíci +1

    Democracy ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး အား ရိုသေစွာ အလေးပြုပါ၏

  • @HappyDinosaurFossils-xi4cq
    @HappyDinosaurFossils-xi4cq Před 2 měsíci

    ကောင်းရာသုဂတိရောက်ပါစေ😢😢😢

  • @mgmg-hn3tt
    @mgmg-hn3tt Před 2 měsíci

    အော် လူတွေ လူတွေ
    တပ်မတော်မှာရှိနေပြီးဘယ်ပါတီ
    မှမပါခဲ့ရင် ဦးတင်ဦး ရေ
    ခင်များလဲ အာဏာရှင်ဆိုပြီး
    အပြောခံရမှာဘဲ
    ဗိုလ်ချုပ်အောင်ဆန်း တောင်
    အသေစောလို့အာဇာနည်ဖြစ်သွား
    တာ သက်ရှိရှိရင်သူလဲအာဏာရှင်လို့ပြောကြအုံးမယ်
    တခုတော့ပြောမယ်ဦးတင်ဦး
    တပ်မတော်ကဘာကြောင့်အနား
    ပေးခဲ့လဲရှာဖွေလေ့လာကြည့်ကြ
    ပါ

  • @Htinlinthu1991
    @Htinlinthu1991 Před 2 měsíci +2

    မိသာစုနဲ့ထပ်တူဝမ်းနည်းရတယ်😞😞

  • @HanSoe198
    @HanSoe198 Před 2 měsíci +1

    ပြည်သူ့ဘက်ကအထမ်းသမားကြီး ဘဘကောင်းရာဘုံဘဝမှာအမြဲရှိပါစေ

  • @kyawkyaw-vh6ow
    @kyawkyaw-vh6ow Před 2 měsíci

    ကောင်းရာသုဂတိလားပါစေ ဘဘသူရဦးတင်ဦး 🙏🙏🙏

  • @TarPuue-ry5px
    @TarPuue-ry5px Před 2 měsíci

    ကောင်းရာသုဂတိရောက်ပါစေဘဘ

  • @vivosato7144
    @vivosato7144 Před 2 měsíci

    လေးစားပါတယ် ဗိုလ်ချူပ်မှူးကြီးသူရဦးတင်ဦး

  • @IPhone-vi4jj
    @IPhone-vi4jj Před 2 měsíci

    ဓမ္မခေါင်းဆောင်ပီပီ မြင့်မြတ်သောဘဝဆီ ရောက်ရှိနေပြီမို့ ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း။

  • @kothetoo2095
    @kothetoo2095 Před 2 měsíci

    ​ကောင်းမွန်ရာ ဘုံဘဝတစ်ခုမှာ ​ပျော်ရွှင်စွာ​နေရပါ​စေ။

  • @risnation2194
    @risnation2194 Před 13 dny

    RIP ဘဘ ငြိမ်းချမ်းစွာအနားယူပါ