ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဉ်းထောင်မှာပြောင်းရွှေ့ထား

Sdílet
Vložit
  • čas přidán 7. 03. 2021
  • ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဉ်းထောင်မှာပြောင်းရွှေ့ထား
    မတ် − ၈ ၊၂၀၂၁
    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဉ်းထောင်မှာ ပြောင်းထားတယ်လို့ စုံစမ်းသိရှိရပြီး မိသားစုနဲ့အဆက်အသွယ်မရဘူးလို့ သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က ပြောပါတယ်။
    ဦးထွန်းထွန်းဟိန်ကို နောင်ချိုကနေ ဖေဖော်ဝါရီ ၁၀ရက်နေ့က လာခေါ်သွားပြီး လားရှိုး ရမခ တပ်ထဲမှာ ထားရာကနေ ပြီးခဲ့တဲ့ မတ်လ၅ရက်နေ့မှာတော့ လားရှိုးအကျဉ်းထောင်ကို ပို့လိုက်ကာရမန်ယူထားကြောင်း သတင်းရတယ်လို့လည်း သမီးဖြစ်သူက ပြောပါတယ်။
    ဦးထွန်းထွန်ဟိန်လိုပဲ လားရှိုးအကျဉ်းထောင်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၆၀ကျော်လောက်ရှိနေတယ်လို့သိရပြီး သူတို့လည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့သိရပါတယ်။
    ဖေဖော်ဝါရီ ၁ရက် မနက်အစောပိုင်းမှာ အာဏာသိမ်းချိန်က ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ထားခဲ့တာပါ။
    အဲဒီနောက် ဖေဖော်ဝါရီလ ၇ရက်နေ့မှာတော့ ဇာတိဖြစ်တဲ့ နောင်ချိုမှာ နေဖို့ပြောခဲ့တာကြောင့် နောင်ချိုမှာ နေခဲ့ပြီး ၃ ရက်အကြာမှာ ထပ်မံခေါ်ဆောင်သွားခဲ့ကာ အခုချိန်ထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။
    Subscribe to our channel at bit.ly/2CVSP6d
    Check out our website: www.7daydaily.com/
    Connect with us at our social media handles:
    Facebook: / 7dayonlinetv
    Twitter: / 7day_tv
  • Zábava

Komentáře • 11

  • @idreeskhanrqq7128
    @idreeskhanrqq7128 Před 3 lety +1

    We are love and support Myanmar malitry THANKS for min AUNG hling

  • @dafa791
    @dafa791 Před 3 lety +1

    ဝတ္လည္ပါေစ

  • @powerwindows.6165
    @powerwindows.6165 Před 3 lety +1

    မတရားတာမှန်သမျှတော်လှန်ကြ... 8️⃣8️⃣8️⃣8️⃣

  • @sanaylinn6547
    @sanaylinn6547 Před 3 lety

    7Day ဝိုင်းတော်သားများလည်းဘေးကင်းကြပါစေ။ အရေးတော်ပုံအောင်ရမည်။

  • @okokok287
    @okokok287 Před 3 lety +1

    1. တို့ Gxyz တွေ ဒီအာဏာရှင်တော်လှန်ရေးပွဲမှာအနိုင်ရချင်ရင် မစ်တာ နဲ့ အ နိုင်ယူရပါမယ်။
    2. ဆန်ဒပြမထွက်ခင် ကိုယ့်ကိုးကွယ်တဲ့ဘာသာအလိုက် ဘုရားရှိခိုးပြီးအိမ်မှထွက်ကြပါ။
    3. ရဲစစ်သားတွေကိုကျန်းမာပါစေ။ချမ်းသာပါစေ။ လောကပါလ နတ်ကောင်းနတ်မြတ်တွေ လာပြီး ဝန်းရံ စောင့်ရှောက်ကြပါ ဆိုပြီး များများမစ်တာပို့ပေးကြပါ။
    4. ဆန်ဒပြတဲ့အခါမဆဲဆိုကြပါနဲ့။နတ်ကောင်းနတ်မြတ်တွေကလာပြီးရန်သူမမြင်နိုင်အောင်ကာကွယ်ပြီးကူညီစောင့်ရှောက်ပေးကြပါတယ်။ (တို့တွေ ၁၀ တန်း စာမေးပွဲ မဖြေခင်ဆုတောင်းသလိုပေါ့ အတန်းစောင့်ဆရာမတွေ စာမေးပွဲအမှတ်ခြစ်တဲ့ဆရာမတွေကျန်းမာချမ်းသာပါစေ နတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်ပါစေဆုတောင်းသလိုမျိုးပေါ့များများလေးမစ်တာပို့ပေးပါ။
    5.မစ်တာကအရမ်းစူး ပါတယ်။လုပ်ကြည့်ကြပါ။အမှန်တကယ်အရမ်းထိရောက်ပါတယ်။

  • @powerwindows.6165
    @powerwindows.6165 Před 3 lety +1

    ဆက်လက်အရှိန်အဟုန်းမြင့်ကြ။ စစ်ကွန်မြူနစ်ကိုယ်တော်လှန်ကြ...
    စည်းလုံး ညီညွတ်စွာသွေးစည်းကြ အကြမ်းဖက်မူရှောင်ကြ ''. .''8888'''''''''

  • @Nyein-ms7hn
    @Nyein-ms7hn Před 11 měsíci

    ဒီ​ကောင်​တွေကို​ပေးလွတ်မရဘူးသူပုန်​ကောင်​တွေလွတ်​တော်ထဲမာသူပုန်အလုပ်ဘဲလုပ်​နေတာ​တွေ

  • @sanaylinn6547
    @sanaylinn6547 Před 3 lety

    ဖမ်းဆီးခံထားရတဲ့ခေါင်းဆောင်တွေ ပြည်သူတွေအားလုံးလည်း ဘေးကင်းပြီး ပို၍ပို၍ ကျန်းမာကြံ့ခိုင်ကြပါစေ။ အရေးတော်ပုံအောင်ရမည်။

  • @kyawnaing2225
    @kyawnaing2225 Před 3 lety +1

    nldပါတီကတော့ဖွဲ့စည်းပုံကိုပျက်ရော
    ဒါတောင်အစိုးရဖွဲ့ချင်သေးတယ်