ဆရာဖြစ်သူ တေးရေး မောင်ကျော်ဇော မျက်ရည်ကျရတဲ့ ဖျော်ဖြေပွဲကို ပုံဖော်လိုက်သူ ခက်ခက်မိုးဦး

Sdílet
Vložit
  • čas přidán 19. 07. 2023
  • ဆရာဖြစ်သူ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော မျက်ရည်ကျတဲ့အထိ ဖြစ်သွားခဲ့ရတဲ့ ဖျော်ဖြေပွဲကို ပုံဖော်ဖန်တီးလိုက်သူ မြန်မာသံ အဆိုရှင် ခက်ခက်မိုးဦး
    -------------------------
    “ဆရာ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော ကို ဦးတည်ပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ဆရာ အရမ်းဝမ်းသာသွားတယ်။ သူ့မိသားစုလည်း အရမ်းဝမ်းသာပြီးတော့ ဆရာဆို ငိုတောင် ငိုတာ။ တေးရေးဆရာတွေအတွက် တွေးတဲ့အဆိုတော်ဆိုတာ မရှိခဲ့ဘူးပေါ့။ တေးစီးရီးတွေထဲမှာ ဒီတစ်ခွေစာ မောင်ကျော်ဇောအတွက်ဆိုပြီး မောင်ကျော်ဇောသီချင်းတွေချည်းစုပြီးတော့ ထုတ်တဲ့အခွေတို့ ဘာတို့ပဲ ရှိခဲ့တယ်လေ။ အဲ့ဒီလို ဖျော်ဖြေပွဲတွေက မရှိခဲ့တော့ သူ့ဘဝမှာရော တေးရေးလောကမှာရော ပထမဦးဆုံးအတွေ့အကြုံနဲ့ ပထမဦးဆုံးပွဲဖြစ်တဲ့အတွက် သူ အရမ်းဝမ်းသာပြီးတော့ ဆရာ ငိုတယ်။ ငိုပြီးတော့ လှိုက်လှိုက်လှဲလှဲနဲ့ကို လက်ခံတယ်ပေါ့နော်။ အဲ့ဒီပွဲ လုပ်ခွင့်ကိုရော သူကိုယ်တိုင် ပါဝင်ဖို့ကိုရောပေါ့နော်။ ရိုက်ကူးရေးတွေ လုပ်တဲ့အချိန်မှာလည်း နေမကောင်းဘူး၊ လေဖြတ်ထားတဲ့ကြားကနေ ဆရာက စိတ်အားထက်သန်လာတယ်၊ ပိုပြီးတော့ သန်သန်မာမာ ဖြစ်လာတယ်။ သူ့ပုံစံက ချက်ချင်း မျက်နှာတွေဝင်းပြီးတော့ ပျော်လာတယ်” - ခက်ခက်မိုးဦး (မြန်မာသံ အဆိုရှင်)
    #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #KhetKhetMoeOo #ခက်ခက်မိုးဦး #Celebrity #မြန်မာသံ #တေးသံရှင် #အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော #တေးရေး #ဖျော်ဖြေပွဲ #Singer #Song #Lyrics #Yangon #Myanmar

Komentáře • 17

  • @thuyaaung715
    @thuyaaung715 Před 20 dny +2

    ရည်မှန်းချက်တွေအောင်မြင်ပါစေလိုဆုတောင်းပေးပါတယ်
    ဒီထက်မက အောင်မြင်ပါစေ လိုဆုတောင်းပေးပါတယ်

  • @winmyint-lo9th
    @winmyint-lo9th Před 10 měsíci +5

    ရည်ရွယ်ချက်ကိုသဘောကျတယ်၊အသံကိုလည်းနှစ်သက်ပါတယ်၊အားပေးပါတယ်။

  • @kyawhtay9404
    @kyawhtay9404 Před 4 měsíci +2

    A brave and bright very Burmese style Lady singer in Burma. Congratulations, Thank you.

  • @theinhlaing-ft3qv
    @theinhlaing-ft3qv Před 3 měsíci +1

    သီချင်းတော်တော်များနားထောင်
    ကြည့်တယ်အားလုံးကောင်းတယ်
    ကြိုးစားပါအားပေးနေပါတယ်

  • @minnlwin007
    @minnlwin007 Před měsícem +1

    ဆန်းသစ်တဲ့စိတ်ကူးနဲ့ရဲရဲဝံ့ဝံ့ထိုးဖောက်နိုင်ပါပေတယ်။ ‌နောင်ကိုနိုင်ငံတကာအဆင့်မီသံစုံတီးဝိုင်းကြီးနဲ့ ကောင်းသထက်ပိုကောင်းတင်ဆက်နိုင်ပါစေ။

  • @user-ol5ub7tu6n
    @user-ol5ub7tu6n Před 6 měsíci +4

    စိတ်ကူးလေးရော စိတ်စေတနာလေးရော အသံလေးရောအရမ်းကြိုက်နှစ်သက်တယ်

  • @user-hw9qr6iu2y
    @user-hw9qr6iu2y Před 9 dny

    စွန့်ဦးတီထွင်သူလေးပါ စိတ်ဓါတ်လေးရောအသံလေးရောကောင်းကောင်းကောင်း ပြန်လည်ဆုံစည်းကြမယ်အချစ်ရယ် နဲ့ အကြွေးရတောင်မလွမ်းတော့ဘူး ကိုခက်ခက်ကိုယ်တိုင်ဆိုစေချင်ပါတယ်

  • @NyiNyi-kl9hl
    @NyiNyi-kl9hl Před 4 měsíci +2

    အဲပွဲမှာသမီးဆိုခဲ့တဲ့မောင်ကျောဇောသီချင်းတွေနားထောင်ခွင့်ရချင်ပါတယ်

  • @RedmiNote-jr4or
    @RedmiNote-jr4or Před 10 měsíci +1

    ❤❤❤❤

  • @ukyaw-wy5dd
    @ukyaw-wy5dd Před 4 dny

    ခက်ခက်မိုးဦး
    အေါင်မြင်မှာပါ
    မလွဲမသွေပါ

  • @KoKhinWin-sk3ye
    @KoKhinWin-sk3ye Před 9 měsíci

    🎉🎉🎉

  • @umyint2601
    @umyint2601 Před 2 měsíci

    အာပေတယ်သမီး

  • @aungkahtay3824
    @aungkahtay3824 Před 8 měsíci +1

    စိတ်ကူးအရမ်းကောင်းပါတယ်အားပေးပါတယ်

  • @thantzinkhant1604
    @thantzinkhant1604 Před 4 měsíci +2

    အထူးပွဲ။ သိချင်းတွေပြန်လွင့်ပေးပါလာ

  • @user-wz4ur7hd8h
    @user-wz4ur7hd8h Před 6 měsíci +3

    ရည်မှန်းချက်အအတိုင်းအောင်မြင်ပါစေ❤❤❤❤❤❤❤

  • @user-wg6to1yk2f
    @user-wg6to1yk2f Před 5 dny

    သမီးကမလွဲမသွေအောင်မြင်မှူတွေနဲ့တွေ့ရပါလိမ့်မယ်