ကြည်ဖြူမေတ္တာ တွံတေးသိန်းတန် ချိုပြုံး New Music

Sdílet
Vložit
  • čas přidán 22. 05. 2023
  • ကြည်ဖြူမေတ္တာ New Music
    • ကြည်ဖြူမေတ္တာ တွံတေးသိ...
    တေးရေး တွံတေးသိန်းတန်
    တေးဆို တွံတေးသိန်းတန် ချိုပြုံး
    တွံတေးသိန်းတန် New Music Collection
    Credit to Ko Sein Mya for his Title & Music
    တွံတေးသိန်းတန် ၏ ကြည်ဖြူမေတ္တာ
    ကျား။ အသည်းအသက်နှင့်ယှဥ်၍ ချစ်ရလေသူ သူဇာနှမ လှနွယ်ပျိုဖြူ ရွှေဂဟေဆက် သွေမပျက်မေတ္တာ မြဲခိုင်တူ ကြည်ဖြူချစ်ရေး တွေးကြစိတ်ရည်တူ
    မ။ ရှေးပရံပရ မနှေးအမြန်ပ တွေ့ရန်ဖန်ကြ ဘ၀ရေစက်တစ်မူ မောင့်အလိုမေလည်းကြည်ဖြူ မောင့်အကြိုက်သဘောကို လိုက်လျောပါ့မယ်ချစ်သူ
    သံပြိုင်။ နှစ်ဖြာကြည်ဖြူ ချစ်ကြခင်ကြ မြတ်နိုးကြတဲ့ အသည်းနှစ်မြွှာပေါင်းယှက် အကြောင်းဆက်သွယ်ယူ
    ကျား။ မောင်ကမေ့ကိုမငြူစူ
    မ။ မေကမောင့်ကိုကြည်ဖြူ
    သံပြိုင်။ ချစ်စိတ်ရည် ရည်တူအမြဲ အသည်းအသက် နှင်းကြမယ်တစ်မူ …….
    ကျား။ ဘဝဆိုသည်မှာ မြစ်နှင့်အတူမခြား ကောက်လို့ကွေ့ငြား အမှားနှင့်အမှန် အပြန်နှင့်အသွား အတက်နှင့်အဆင်းကြုံ ဖြောင့်တန်းခြင်းကင်းတဲ့အခါလည်း ရှိမယ်ချစ်သူ
    မ။ မုန်တိုင်းထန် ရေဆန်ကိုတွေ့ မွေ့မွေ့ကြည်အေး လေနုအေးသွေးတဲ့အခါလည်း ဆုံကြုံသည့် ရှိလေမယ်တစ်မူ
    ကျား။ ပန်းလှလှလေးတွေ ပွင့်လန်းရာမြေကိုလည်း ဖြတ်သန်းရ၍ ကြွေရွက်ဝါ မြေမှာခတဲ့လမ်း လှမ်းရတဲ့အခါလည်း စိတ်ချင်းအတူတူ
    မ။ သဘောချင်းကြည်ဖြူ မငြူစူအမြဲ မသွေတမ်းချစ်မယ်ချစ်သူ
    သံပြိုင်။ ကြင်နာမှုချင်းပြိုင် အနိုင်ရမယ့် မေနှင့်မောင့်ဘ၀ အဆတစ်ရာကဲလွန် မွန်မြတ်သန့်စင်သော ချစ်ခြင်းအတူတူ
    ကျား။ မောင်ကမေ့ကိုမငြူစူ
    မ။ မေကမောင့်ကိုကြည်ဖြူ
    သံပြိုင်။ ချစ်စိတ်ရည် ရည်တူအမြဲ အသည်းအသက် နှင်းကြမယ်တစ်မူ ……

Komentáře • 65

  • @hlahtay1386
    @hlahtay1386 Před 17 dny +2

    မြန်မာနိုင်ငံတည်နေသ၍ ကိုသိန်တန်ကြီး သီချင်တွေ ရှင်သန်နေမှာပါ.. ကျေးဇူးတင်ပါတယ်..

  • @user-my1sh7qp9u
    @user-my1sh7qp9u Před 8 dny

    ကြည်နူးစရာတေးသံလေးပါ❤❤❤🎉🎉🎉

  • @DawMyintKyi-yq3ck
    @DawMyintKyi-yq3ck Před 2 měsíci +4

    ကောင်းလိုက်တာ

  • @ayetun3534
    @ayetun3534 Před 5 měsíci +5

    ငယ်ဘဝသတိရတိုင်း'ဝမ်းနည်းမိသလိုလိုကြီးပါလားကွယ်'''

  • @NewStar-lp4rc
    @NewStar-lp4rc Před 4 měsíci +5

    နားအရသာရှိသောစုံတွဲတေးလေးပါတန်ဘိုးထားထိန်းသိမ်းပေးကြစေလိုပါသည်❤❤❤❤❤

  • @ThiDarAye-d9z
    @ThiDarAye-d9z Před 3 dny

    ဖြ်စ်ပါစေ

  • @uchit7218
    @uchit7218 Před 2 měsíci +3

    သီချင်းနားထောင်ရတာ အသက်၄၀လောက် ငယ်သွားတယ်ဗျာ

  • @grahambell-rj9dv
    @grahambell-rj9dv Před 3 měsíci +5

    ရွာကို သတိရလိုက်တာ

  • @HtweHtwe-eh2mi
    @HtweHtwe-eh2mi Před 18 dny

    ကောင်းလိုက်တဲ့သီချင်း

  • @user-uw8ol6xn1e
    @user-uw8ol6xn1e Před 15 dny

    ❤❤❤❤❤

  • @uthanwin9388
    @uthanwin9388 Před 3 měsíci +2

    မြန်မာသံစဥ်ခံစားချက်

  • @umyo1519
    @umyo1519 Před 6 měsíci +1

    ကျနော်ညီမ တော်သူတယောက် ဆရာတွံ မချိုပြုဲး ဒီတေး သူအလွန်ကြိုက် လေ သည်

  • @user-vc1zq4it5q
    @user-vc1zq4it5q Před 8 měsíci +3

    အသည်းစွဲပေါ့ဗျာ

  • @ThaiDarAye-px5vm
    @ThaiDarAye-px5vm Před 3 měsíci +1

    ဆရာကုိခင္တယ္

  • @ayeayehlaing6558
    @ayeayehlaing6558 Před 5 měsíci +1

    အကြိုက်ဆုံးပါ

  • @chawsu3158
    @chawsu3158 Před 20 hodinami

    တွန်တေးသိန်းတန် သီချင်းးတွေ အားလုံး လိုလို ကြိုက်ပါ၏

  • @aungkyi8393
    @aungkyi8393 Před 8 měsíci +3

    များများတင်ပေးပါကျေးဇူးအထူးတင်ပါသည်

  • @user-bs6ky1lb1f
    @user-bs6ky1lb1f Před 6 měsíci +2

    ကျေးဇူးပါ။ ရှင်

  • @MlbbMyanmar-us6pz
    @MlbbMyanmar-us6pz Před 13 dny

    အမြဲတင်ပေးပါနော်ကျေးဇူးတင်ပါတယ်❤❤❤❤❤

  • @YinYin-sx8gc
    @YinYin-sx8gc Před 7 dny

    မူရင်းတေးသံရှင်ကြီးများကိုလေးစားလျက်ပါ။

  • @khainglone8139
    @khainglone8139 Před 7 měsíci +3

    GooD

  • @ThiDarAye-d9z
    @ThiDarAye-d9z Před dnem

    😃

  • @kogyi3644
    @kogyi3644 Před 7 měsíci +3

    အရမ်းနဲကြိုက်တယ်ဗျာ

  • @ThaiDarAye-px5vm
    @ThaiDarAye-px5vm Před měsícem

    ဆရယဒုက္ခမေပးနဲ႔

  • @mmmm-rv5gl
    @mmmm-rv5gl Před 6 měsíci +1

    သိပ်ကောင်းအရမ်းကောင်းပေါဗျာ

  • @user-dv9hj9lu5n
    @user-dv9hj9lu5n Před 5 dny

    ချစ်စပယ်အသံအရမ်းပြီးထင်ပေါ်အောင်မနေဘူးအသံကကောင်းလိုက်တာ

  • @myamyaaye9434
    @myamyaaye9434 Před 7 měsíci +2

    ❤❤

  • @uaunghtay4965
    @uaunghtay4965 Před 23 dny

    ဘယ်သူမှလိုက်မဆိုသင့်တာ
    ဒီသီချင်းဘဲ

  • @ThaiDarAye-px5vm
    @ThaiDarAye-px5vm Před 3 měsíci +1

    စောင့်ပြသာနာတက်အောင်လုပ်တာအောက်တန်စားတွေ

  • @user-lu8py7kj4u
    @user-lu8py7kj4u Před 9 měsíci +9

    ဒေါင်းပေးပါရန်

  • @StarlayQulizzz-hu9nd
    @StarlayQulizzz-hu9nd Před 6 měsíci +1

    Thanks.

  • @ThaiDarAye-px5vm
    @ThaiDarAye-px5vm Před 3 měsíci

    စိတ်ထဲမှာအာဂါတမရှိအောင်နေတယ်

  • @LwinMoe-nl4bs
    @LwinMoe-nl4bs Před 15 dny

    ငယ်ငယ်ကထဲကနှစ်သက်ခဲ့ရတဲ့သီချင်းတွေပေါ့၊ခုအသက်60ရှိပြီနောင်လည်းမရိုးတမ်းနားထောင်နေမှာဘဲ

  • @umyo1519
    @umyo1519 Před 8 měsíci +3

    ဆရာတွံ လက်ယာ သန့် တေး

  • @ThaiDarAye-px5vm
    @ThaiDarAye-px5vm Před 3 měsíci +1

    😃😃

  • @user-wz4ur7hd8h
    @user-wz4ur7hd8h Před 6 měsíci +1

    ငယ်ငယ်ကတည်းက ကြိုက့ခဲ့ရတယ်❤❤❤❤❤🎉🎉🎉🎉🎉

  • @user-tc4en1yc8c
    @user-tc4en1yc8c Před 8 měsíci +1

    လွမ်းမောတသ

  • @user-ey4lu8bl2f
    @user-ey4lu8bl2f Před 6 měsíci +1

    🎉

  • @umyo1519
    @umyo1519 Před 8 měsíci +7

    တကယ်ဘဲ ရှားလှတဲ့ အတွဲ ပါဗျ ဒီအဆိုတော်ကြီးများကိုတန်ဘိုးလဲထား ချစ်ခင်မြတ်နိုးဘွယ်ကောင်းပြီး လေးစားလျှက်

    • @waimon4114
      @waimon4114 Před 8 měsíci +1

      ခေတ်ဟောင်းအသံ၊သာလေစွ

  • @KAUNGMyat-vp4ex
    @KAUNGMyat-vp4ex Před měsícem

    😊

  • @MaYu-vz3gz
    @MaYu-vz3gz Před měsícem

    ကိုလေးရယ်ဒိသချင်းလေးကြာကျာဝမ်းန ်းဝမ်းသ ာဖြစ်မိတယ်ဒို့နဇစ်ယောက်ငယ်ဘဝလေးပြန်လို့ရရင်ဘယ်လောက်ကောင်းမလည်းနော်❤❤❤❤❤🎉🎉🎉🎉🎉😂😂😂😂😂

  • @abcd-tg5ml
    @abcd-tg5ml Před 6 měsíci +2

    ငယ်ငယ် ကတည်းက ကြိုက်ခုလည်းကြိုက်

  • @jokerjoker-3110
    @jokerjoker-3110 Před 6 měsíci +1

    မင်္ဂလာပါအရမ်းကောင်း

  • @umyo1519
    @umyo1519 Před 8 měsíci +17

    အရမ်း လိုက်ဘက်လှတဲ့ အဆိုတော်ကြီး များ ဘယ်ချိန်နားဆင်ရပစေ မငြီးတမ်း နားဆင်လျှက် ရှိပါကြောင်း လို့ ကျေးဇူးပါ တင်ပေးဆရာ

    • @lapyae769
      @lapyae769 Před měsícem +3

      😮😮

    • @MgMgYee-qp8zt
      @MgMgYee-qp8zt Před 15 dny

      တကယ်ကောင်းတဲ့သီချင်းလေးပါ

  • @joycewin1753
    @joycewin1753 Před 7 měsíci

    Miss. two

  • @umyo1519
    @umyo1519 Před 8 měsíci +4

    ကျနော် လေ ဆရာ တွံ သချင်း ကလွဲလို့ ကျန်တေးများကို နားထောင် ဖြစ်ခဲပါတယ် အခြားတေးဆိုတေလဲတော်ကြကောင်းကြပါတယ် ဒါပေသည့်

  • @user-hd1pe8sh1d
    @user-hd1pe8sh1d Před měsícem

    ချိုပြုံး မဟုတ်ပါ ချစ်စံပယ်ဆိုထားတာ

    • @user-fb2mc7sp8f
      @user-fb2mc7sp8f Před 21 dnem

      ချိုပြုံးအစစ်ပါ

    • @UZawWin-xv5bx
      @UZawWin-xv5bx Před 10 dny

      ချုိပြုံးပါခင်ဗျာ။

  • @UHlaSaung-zq2gk
    @UHlaSaung-zq2gk Před měsícem +1

    ပြောစရာမရှိအောင်ကောင်းသောသီချင်းပါ

  • @MoeMoe-dt2hj
    @MoeMoe-dt2hj Před 5 dny

    ဦးသိန်းတန်နဲ့အန်တီချိုပြုံးတို့ရဲ့အဆိုပညာနဲ့အသံတွေကိုအရမ်းကြိုက်နှစ်သက်ပါတယ်။

  • @ThiDarAye-d9z
    @ThiDarAye-d9z Před 6 dny

    😄

  • @Koko-vi7fj
    @Koko-vi7fj Před 7 měsíci +1

    🎉

  • @ayeayehlaing6558
    @ayeayehlaing6558 Před 5 měsíci +1

    ကောင်းမှကောင်း

  • @SanMay-eq1cu
    @SanMay-eq1cu Před 15 dny

    ဦးသိန်းတန်အမေချိုတို့အသံတွေကိုအရမ်းသဘောကျ❤❤

  • @chochooo213
    @chochooo213 Před 20 dny

    ဉီသိန်တန်နဲအမချိုအားပေးနေတယ်

  • @user-yl7jx3rl4d
    @user-yl7jx3rl4d Před 4 měsíci +1

    ကောင်းလိုက်တာဗျာဒီသီချင်းတွေနားထောင်ရရင်ရင်ထဲမှာပြောမပြတတ်အောင်ကြည်နူးရတယ်ဗျာတင်ပေးသူကိုအရမ်းကျေးဇူတင်လိုက်တာသက်ရှည်ကျန်းမာချမ်သာပါစေ

  • @user-gj4jp2jk5y
    @user-gj4jp2jk5y Před 6 měsíci +1

    ငယ်စဉ်ကတည်းကကြိုက်ခဲ့တာခုလည်းကြိုက်တုန်းပါ

  • @KyawShwe-ue2hc
    @KyawShwe-ue2hc Před 2 měsíci

    ဒီဆရာနှစ်ဦးရဲ့လေယူလေသိမ်းကိုပြန်ဆိသူတေဘယ်သူမှမမှီကြဖူး