အကြွင်းမဲ့ချစ်ခြင်းမှာ မနစ်မျောစေနဲ့။သူ့ကိုတကယ်ချစ်ရင် ဒါတွေလုပ်ပါ။

Sdílet
Vložit
  • čas přidán 7. 09. 2024
  • ဒီနေ့ပြောပြပေးသွားမှာကတော့ အကြွင်းမဲ့ချစ်ခြင်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။
    အကြွင်းမဲ့ချစ်ခြင်းဆိုတာတစ်ဖက်လူကဘာကြီးပဲဖြစ်နေဖြစ်နေ၊ကိုယ့်အပေါ်ဘယ်လိုပဲဆက်ဆံနေပါစေ၊
    ကိုယ့်ဘက်ကအချစ်မလျော့ဘဲ အမြဲတမ်းချစ်ပေးနေတဲ့အရာမျိုးဖြစ်ပါတယ်။အကြွင်းမဲ့ချစ်ခြင်းက ကိုယ့်ကိုပစ်သွားတဲ့ချစ်သူဟောင်းကို နှစ်တွေချီပြီးအချိန်ကြာအောင်စိတ်ထဲမှာစွဲလမ်းနေတတ်ကြပါတယ်။ချစ်သူရည်းစားဘဝတွေပဲမကပါဘူး၊အိမ်ထောင်ကျတဲ့သူတွေမှာလည်း တစ်ဖက်ကဒီRelationshipကိုပျင်းနေပြီးစိတ်မပါတော့ဘဲ ဒီအိမ်ထောင်ကိုလုံးဝစိတ်ထဲမရှိတော့တာမျိုးတွေ့ကိုလည်းတွေ့ဖူးပါတယ်။
    စတွေ့တွေ့ချင်းမှာ သူကိုလက်ထပ်မယ်ဆိုပြီး တော်တော်များများမဖြစ်ကြပါဘူး။95%ရာခိုင်နှုန်းကတော့ တွေ့တွေ့ချင်းမှာလက်ထပ်မယ်၊တစ်သက်လုံးလက်တွဲမယ်ဆိုတဲ့စိတ်မျိူးမတွေ့တဲ့သူမျိူးတွေပဲဖြစ်ပါတယ်။
    Relationshipတစ်ခုမှာတစ်ယောက်နဲ့တစ်ယောက်အကြောင်းတွေသိလာမယ်၊တစ်ယောက်ရဲ့တန်ဖိုးတစ်ယောက်နားလည်လာမယ်ဆိုမှရေရှည်လက်တွဲဖို့ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။
    ကိုယ့်ရဲ့အိမ်ထောင်ဖက်က တစ်နေ့ပြီးတစ်နေ့ဒုက္ခတွေပဲပေးနေတယ်၊အချိန်မပေးနိုင်တော့တဲ့အခါမှာ အကြွင်းမဲ့ချစ်ခြင်းနဲ့ဆက်ချစ်နိုင်ဦးမလားဆိုတာ စဉ်းစားကြည့်ပါတယ်။လူနှစ်ယောက်နဲ့ချစ်တဲ့အချိန်မှာ Balanceမညီမျှရင်
    အရမ်းအန္တရာယ်များပါတယ်။အကြွင်းမဲ့ချစ်ခြင်းမှာ အမျိုးသားဘက်ကရော အမျိုးသမီးဘက်ကရော နှစ်ဖက်Balanceညီညီနဲ့ သွားဖို့အရေးကြီးပါတယ်။အမျိုးသားဘက်ကလည်းကိုယ့်အိမ်ထောင်ရေးကိုပိုကောင်းအောင်ကြိုးစားတယ်၊အမျိုးသမီးဘက်ကလည်း လေးလေးနက်နက်နဲ့ရေရှည်အတွက်စဉ်းစားထားပြီး ကောင်းမွန်စွာဖြတ်သန်းမယ်ဆိုရင်တော့ အကြွင်းမဲ့ချစ်ခြင်းကသင့်အတွက်ပဲဖြစ်ပါတယ်။
    အကြွင်းမဲ့ချစ်ခြင်းအကြောင်းကိုအသေးစိတ်သိချင်ရင်တော့ Videoမှာအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
    Life & Relationshipစတဲ့အကြောင်းအရာတွေကို ပိုပြီးလေ့လာချင်ရင်
    ယောက်ျားတွေနဲ့ မိန်းမတွေမှာ ဘယ်သူတွေက ပိုပြီး ချစ်ကြိုက်တာမြန်တယ်ထင်လဲ။
    • ယောက်ျားတွေနဲ့ မိန်းမတ...
    Exနဲပတ်သတ်ရင် မဖြစ်မနေသိရမယ့် ၅ချက်
    • Exနဲပတ်သတ်ရင် မဖြစ်မနေ...
    ကိုယ့်ကိုကိုယ် ချစ်ခြင်းဆိုတာ Relationship တွေရဲ့ အခြေခံအစပဲ၊
    • ကိုယ့်ကိုကိုယ် ချစ်ခြင...
    Aung Htet Khant-Relationship Coach Channelကို Subscribeလုပ်ထားပေးဖို့
    လိုအပ်ပါတယ်။
    / @aunghtetkhant-relatio...
    Aung Htet Khant-Facebook Pageကိုလည်း Like & Follow လုပ်ထားပေးဖို့မျှော်လင့်ပါတယ်။
    / aunghtetkhantcoach
    Relationship ပြဿနာတွေကို တစ်ဦးချင်းဆွေးနွေးနိုင်ဖို့အတွက်
    Messengerတွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
    / aunghtetkhantcoach
    #Relationship #Relationshipcoaching #Psychology

Komentáře • 45